Cosmos

587 POSTS
0 COMMENTS

ကြုံခဲ့တဲ့ ဆီးကျောက်လူနာ

ညက တစ်ညလုံး မအိပ်လိုက်ရတဲ့ ဆီးကျောက် အကြောင်းလေး ပြောပြချင်လို့။ ဆရာ Surgeon (ခွဲစိတ်ဆရာဝန်) တို့ ကျွန်တော်မှားနေရင်လည်း ပြင်ပေးကြပါဦးနော။ ဆီးလမ်းကြောင်းက ကျောက်ကပ်နှစ်ခုက စတယ်ဗျ။ သူတို့နှစ်ခု ဘယ်မှာနေလဲတော့ သိကြတယ်ဟုတ်။ အောက်ဆုံးနံရိုးနဲ့ ဗိုက်နဲ့အဆက် ခါး‌ဘေးတစ်ဖက်တစ်ချက်မှာ နေကြတယ်။ ကျောက်ကပ်တွေထဲကို ဝင်လာပြီး သွေးတွေလာပို့တဲ့ သွေးကြောတစ်ခုစီရှိတယ်။...

မိုးရာသီနှင့် မှိုပိုးများအကြောင်း

"တစ်နှစ်တစ်ခါပေါ်လို့လာ၊ ငါသာမင်းလောင်း ထီးဖြူဆောင်း" ဆိုသလို ခုလို မိုးရာသီအချိန်အခါဟာ မှိုပွင့်လေးတွေ ပေါ်ပေါက်ချိန်ပါပဲ။ မိုးရာသီဟာ ဒီလိုမျိုး လူသားတွေကို အာဟာရအကျိုးပြုတဲ့ မှိုတွေပေါ်ထွက်ရုံသာမက သာမာန်လူမျက်စိနဲ့မမြင်နိုင်တဲ့ အဏုကြည့်မှန်ပြောင်းအောက်မှာသာ မြင်နိုင်တဲ့ မှိုပိုးတွေ အမြောက်အများပေါ်ထွန်းရာ၊ မှိုပိုးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားလေ့ရှိရာ ရာသီတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ ပူနွေးစွတ်စိုတဲ့ ရာသီဥတု​က မှိုပိုးတွေပေါက်ဖွားစေဖို့ အားပေးတဲ့နေရာ...

လိင်နှင့်မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေး Sexual and Reproductive Health

“ရှောင်မလွှဲနိုင်တဲ့၊ တစ်ချိန်ချိန်မှာ ကြုံလာနိုင်ခြေရှိတဲ့ သဘာ၀တရားကြီးနဲ့ ကြုံလာတဲ့အခါ ကိုယ့်အတွက် အန္တရာယ်ဆိုးကျိုးတွေ မဖြစ်စေဖို့နဲ့ နောင်တရတာတွေ၊ ပူပန်ရတာတွေ မရှိစေဖို့ ဘယ်လိုပြင်ဆင် ကာကွယ်ကြမလဲ” ခေါင်းစဉ်ကြည့်ပြီး ဘာပါလိမ့်ပေါ့။ သဘာ၀တရားတဲ့။ ရေကြီးတာလား၊‌ မြေပြိုတာလား။ ငလျင်လှုပ်တာလား။ ဘာလားညာလား မထင်ပါနဲ့။ တို့ပြောမှာ အဲဒီထက်နက်နဲတယ် (အယ်လယ်)။ သိုင်းလောက...

စိုးရိမ်စိတ်လွန်ကဲမှုရောဂါအကြောင်း ၄ ချက်

၁။ လူတိုင်းသည် အခါအားလျော်စွာ စိုးရိမ်ကြောင့်ကြမှု ခံစားရတတ်သည်။ သို့သော် စိုးရိမ်စိတ်လွန်ကဲမှုရောဂါရှိသူများသည် ကြောက်ရွံ့စိုးရိမ်မှုကို ပြင်းထန်လွန်ကဲစွာ ခံစားရသည်။ ၂။ စိုးရိမ်စိတ်လွန်ကဲမှုရောဂါသည် အဖြစ်အများဆုံး စိတ်ရောဂါများထဲတွင် ပါဝင်သည်။ ၃။ စိုးရိမ်စိတ်လွန်ကဲမှု လက္ခဏာများသည် ကလေးဘဝ သို့မဟုတ် ဆယ်ကျော်သက်အရွယ်တွင် စတင်ခံစားရလေ့ရှိသည်။ ၄။ စိုးရိမ်စိတ်လွန်ကဲမှုရောဂါကို ကုသရန် စကားပြောကုထုံးများ၊ ဆေးဝါးများနှင့် လေ့ကျင့်ခန်းများကဲ့သို့...

ပျားဝတ်မှုန်နှင့် ကျန်းမာရေး Bee Pollen and Health

ပျားဝတ်မှုန်မှာ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပြီး လူသားတွေရဲ့ ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးကာ အနာကျက်ခြင်းကိုလည်း ကူညီမြှင့်တင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ပျားဝတ်မှုန်တွေကို အများအပြားစုဆောင်းခြင်းက ပျားတွေရဲ့ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ ပျားဝတ်မှုန်ဆိုတာ ပျားတွေက စစ်ထုတ်တဲ့အရည်၊ ပျားရည်၊ အင်ဇိုင်း၊ ဖယောင်းနဲ့ ပန်းဝတ်မှုန်တို့ ရောနှောပါဝင်ပြီး ပျားတွေအတွက်...

ကိုယ်ဝန်လနုနုမှာ မိခင်လောင်းအသက်ကို အန္တရာယ်ပေးနိုင်သော ပြဿနာများ Early Pregancy Problem

ကိုယ်ဝန်လနုနုမှာဖြစ်တတ်တဲ့ မိခင်လောင်းအသက်ကို အန္တရာယ်ပေးနိုင်တဲ့ ပြဿနာတွေ။ ဘာတွေဖြစ်မလဲ။ အဲဒါတွေက သားဖွားစာအုပ်ကျမ်းကြီးတွေထဲမှာ မရေးထားဘူးနော်။ မီးယပ်ကျမ်း စာအုပ်တွေထဲမှာ ရေးထားတာ။ (၁) သားပျက်၊ သားလျောခြင်း (spontaneous miscarriage) နှင့် ကိုယ်ဝန်ဖျက်ချခြင်း (termination of pregnancy and Illegal abortion) (၂) သားအိမ်ပြင်ပတွင် နေရာလွဲ...

နှလုံးကြွက်သားအားနည်းခြင်း Cardiomyopathy

Cardiomyopathy ဆိုတာ နှလုံးကြွက်သားအားနည်းတဲ့ရောဂါတွေဖြစ်ပြီး ဒီရောဂါတစ်ခုခု ရှိနေသူတွေမှာ နှလုံးကနေ ခန္ဓာကိုယ်အနှံ့ဆီသို့ သွေးတွေကို ညှစ်ထုတ်ပေးဖို့ ခက်ခဲစေပါတယ်။ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (CDC) ရဲ့အဆိုအရ လူ ၅၀၀ မှာ ၁ ယောက်ဟာ cardiomyopathy ဖြစ်ပွားနိုင်ပေမယ့် ရောဂါနေရှိမှန်း မသိတတ်ကြပါဘူး။ Cardiomyopathy ရောဂါတွေဟာ...

အမေရဲ့အနမ်း Mother Kiss

အမေရဲ့အနမ်း ဘယ်လောက် အသုံးဝင်လည်းဆိုတာလေး ပြောပြပေးသွားမှာပါနော် ကလေးငယ်လေးတွေက ဆော့ကစားရင်း နှာခေါင်းထဲကို ပစ္စည်းအသေးတွေ၊ ကစားစရာအသေးတွေ ထည့်တတ်ကြပါတယ်။ ဒါ့အပြင် ဓာတ်ခဲအဝိုင်းပြားအသေးတွေ၊ သံလိုက်တွေဟာ နှာခေါင်းထဲက ဆဲလ်တွေကို ပိုမို ပျက်စီးလွယ်တတ်ပါတယ်။ များသောအားဖြင့် နှာခေါင်းထဲ ပြင်ပပစ္စည်းဝင်တာ ကလေးတွေမှာဖြစ်ကြပေမယ့် လူကြီးစိတ်ရောဂါသမားတွေ၊ အသက်ကြီးပြီး သတိသိပ်မကောင်းတဲ့ လူနာတွေ တချို့လည်း...