Cosmos

587 POSTS
0 COMMENTS

လိပ်ခေါင်းရောဂါ Haemorrhoids (August,2023)

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းမှာ ခွဲစိတ်လူနာတွေကို ကြည့်ရှုပေးတဲ့အခါ လာပြတာအများဆုံးက လိပ်ခေါင်းပါ။ လိပ်ခေါင်းနဲ့အတူ စအိုကွဲနာ၊ ဂရင်ဂျီနာတွေလည်း အပြများပါတယ်။ ခုကတော့ လိပ်ခေါင်းအကြောင်းလေး ဆွေးနွေးပေးချင်လို့ပါ။ .. .. လိပ်ခေါင်းရောဂါက ၀မ်းချုပ်တတ်သူ၊ ၀မ်းမာ ၀မ်းညှစ်တတ်သူတွေမှာ အဖြစ်များပါတယ်။ တချို့လည်း ၀မ်းမချုပ်ဘဲ ဖြစ်တတ်ပါတယ်။ ???? နံပါတ် (၁) အနေနဲ့ကတော့…. လိပ်ခေါင်းလားဆိုတာသေချာဖို့ ဆရာ၀န်နဲ့ပြသဖို့...

တနင်္လာနေ့တွေမှာ နှလုံးရုတ်တရက်ထဖောက်နိုင်ခြေ များသလား Heart Attack Risk (August,2023)

"လူအများစုကြောက်ကြတဲ့ တနင်္လာနေ့တွေမှာ နှလုံးရုတ်တရက်ထဖောက်နိုင်ခြေ များသလား" လူအများစုဟာ တနင်္လာနေ့ရောက်ရင် မပျော်ကြပါဘူး... ဒီလိုမျိုး တနင်္လာနေ့ရောက်တဲ့အခါ စိတ်မပျော်မရွှင်ဖြစ်ခြင်း (Monday blues) ဟာ နှလုံး ရုတ်တရက်ထဖောက်နိုင်ခြေကို များစေတယ်လို့ လေ့လာချက်တစ်ခုက ဆိုပါတယ်။ နှလုံး ရုတ်တရက်ထဖောက်ခြင်း (heart attack) ဟာ သေဆုံးမှုကိုဖြစ်စေတဲ့ အဖြစ်များဆုံး ရောဂါများထဲမှ တစ်ခုလည်း...

သွေးလွန်တုပ်​ကွေး Dengue Fever (August,2023)

မိုးက​လေး​အေး​အေးနဲ့ အိပ်ရာထဲ​ကွေး​ပြီး Revo music ​က​နေ သီချင်း​လေး​တွေ နား​ထောင်​နေရတာ တကယ့်စည်းစိမ်ပဲ... "မိုး....ရွာမယ်ဆိုရင်​လေ...သည်းလိုက်စမ်းပါ့ကွယ် " ငယ်ကတည်းက သ​ဘောကျခဲ့တဲ့ မီမီဝင်း​ဖေသီချင်း​လေး။ ရွာပါ... မိုးတွင်းမှာ သူ့ဟာသူမိုးရွာတာ​က ကောင်း​ပေမယ့် ခြင်​တွေ​ပေါက်ဖွားတတ်ကြတာက​တော့ တကယ့်ပြဿနာပါ။ ​ခြင်​ကြောင့်ဖြစ်တဲ့ ​ရောဂါ​တွေထဲမှာ က​လေး​တွေကို ဒုက္ခအ​ပေးဆုံးက သွေးလွန်တုပ်​ကွေးပါ။ မြန်မာနိုင်ငံဟာ ​သွေးလွန်တုပ်​ကွေး အဖြစ်များတဲ့နိုင်ငံ​တွေထဲ ပါ​ပါတယ်။...

ကိုယ်ဝန်သန္ဓေတားနည်းများအကြောင်း Contraception (August,2023)

"အရွယ်ရောက်ပြီး အမျိုးသမီး/အမျိုးသားတိုင်း သိသင့်သည့် ကိုယ်ဝန်သန္ဓေတားနည်းများအကြောင်း" ကိုယ်ဝန်သန္ဓေတားနည်း အမျိုးအစား အများကြီးရှိသလို အခုဆိုလည်း သန္ဓေတားနည်းအသစ်တွေပေါ်လာတာရှိပါတယ်။ အခု ပိုစ့်လေးမှာတော့ အသုံးအများဆုံး နည်းလမ်းတွေကို တစ်ခုချင်းဖော်ပြသွားပါမယ်နော်... ???? Barrier method (သို့) ကွန်ဒုံအသုံးပြုခြင်း အမျိုးသား၊ အမျိုးသမီး Condom ဆိုပြီး နှစ်မျိုးရှိပါတယ်။ အမျိုးသား Condom က ပိုမိုအသုံးပြုရလွယ်ပြီး...

ရာသီစက်ဝန်းနှင့်ဆိုင်သော ရင်သားနာကျင်ခြင်း Cyclical Mastalgia (Augusta,2023)

ရာသီစက်ဝန်းနှင့်ဆိုင်သော ရင်သားနာကျင်ခြင်း (Cyclical Mastalgia) ရာသီလာခါနီး ဖြစ်လေ့ရှိတဲ့ ဟော်မုန်းအပြောင်းအလဲ ဖြစ်စဉ်ကြောင့် အမျိုးသမီးအများစုဟာ ရာသီစက်ဝန်းနဲ့ဆိုင်တဲ့ ရင်သားနာကျင်မှုကို ခံစားရလေ့ရှိပါတယ်။ ????လက္ခဏာတွေကတော့… - ရင်သားနှစ်ဖက်လုံး လေးလံနေ၍ ဆွဲထားသလို ခံစားရခြင်း - ရင်သားက တင်းပြီး နာကျင်ခြင်း၊ ဆူးစူးနေသကဲ့သို့ တဆစ်ဆစ်ခံစားရခြင်း - လက်မောင်းရင်းနှင့် ချိုင်းဘက်တွေပါ နာကျင်ကိုက်ခဲခြင်း… တို့ဖြစ်ပြီး...

အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းအကြောင်း Respiratory Tract Infection (August,2023)

"အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းအကြောင်း သိကောင်းစရာ" ???? အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းဆိုတာ ဘာလဲ? ရက်တိုအသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းဆိုတာ ပုံမှန်အသက်ရှူခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ ရောဂါပိုးဝင်ခြင်း ဖြစ်ပါတယ်။ ဒီလိုအသက်ရှူလမ်းကြောင်းပိုးဝင်တဲ့အခါ နှာခေါင်းထိပ် (sinus) ကနေ အသံကြိုး (vocal cord) အထိ ပါတတ်ပြီး တစ်ခါတလေ အသံကြိုး (vocal cords) ကစပြီး...

ထမင်းစားတဲ့အခါ အာဟာရမျှတပြီး ကျန်းမာအောင်စားနည်း 50-25-25 Meal

❤️ အစာလည်းဆေး၊ ဆေးလည်းအစာ ❤️ ဆိုတဲ့ စကားလေးအတိုင်း ခုခေတ်မှာ အစားအသောက် ပုံစံမှန်ဖို့ အားပေးလာကြပါတယ်။ အစားအသောက်ပုံမှန် မမှန်ခြင်းကြောင့် အဝလွန်တာ၊ သွေးတိုး၊ ဆီးချို ၊ နှလုံး အစရှိတဲ့ရောဂါတွေလည်း အဖြစ်များလာကြပါတယ်။ ဒါကြောင့် ထမင်းစားတဲ့အခါ အာဟာရမျှတပြီး ကျန်းမာအောင်စားတဲ့ ပုံစံလေးတစ်ခုကို ပြောပြချင်တာပါ... ????️ ဒါကတော့...

ခြေထောက်ကို ပေးတဲ့ သွေးလွှတ်ကြောတွေမှာ ပြဿနာပေးတဲ့ ကြီးမားတဲ့ရောဂါတစ်ခု Critical Limb Ischemia (CLI)

ဆေးခန်းကို လာပြတဲ့ လူနာတစ်ယောက်... ၆၇ နှစ် အမျိုးသမီး...ဘယ်ဖက်ခြေသန်းမှာ အနာဖြစ်တာ ၈ ပတ်ကျော်။ အဲဒီမတိုင်ခင်က အရည်ကြည်ဖုလေးဖြစ်နေတာ။ လမ်းလျှောက်ရင် နာလိုက် ပျောက်လိုက် ဖြစ်နေတာတော့ ကြာ​ပါပြီတဲ့။ ဆီးချိုရှိတာက နှစ် ၂၀... Insulin ထိုးနေတာ ၇ နှစ်... သွေးတိုးနဲ့ သွေးတွင်းအဆီဓာတ်မကောင်းတာတွေအတွက်လည်း ဆေးသောက်နေပါတယ်တဲ့။ . ကဲ ....