Cosmos

587 POSTS
0 COMMENTS

ရပ်ထဲရွာထဲက သွေးတိုး (February, 2024)

ပန်ကာလေခံရင်း အိပ်ပျော်သွားတာလေ... နိုးလာတော့ လေဖြတ်ပါလေရော။ ရာသီဥတုအေးပါတယ်ဆို ရေချိုးမှားတာကိုး... ဆရာဝန်တွေကတော့ ဦးနှောက်သွေးကြောပိတ်တယ် ပြောတာပဲ။ နေပူကြီးထဲ မထွက်ပါနဲ့ ပြောသားပဲ... နည်းတောင်နည်းသေး... အခုတော့ ဦးနှောက်သွေးကြောပေါက်ပြီး ဆုံးတာတဲ့။ ... ... ရပ်ထဲရွာထဲ ပြောနေကျစကားတွေပေါ့။ ငယ်တုန်းကတော့ အဟုတ်မှတ်တာလေ.... ဒါပေမယ့် နောက်ပိုင်းကျ တွေးကြည့်တော့ တစ်မျိုးကြီး။ ဒီလို... ပန်ကာလေခံတဲ့သူတွေ အများကြီးထဲမှာမှ ဘာလို့ ကျန်တဲ့သူတွေကျ လေမဖြတ်သလဲ။ တစ်ကမ္ဘာလုံး...

ကိုယ်ဝန်ဘယ်လိုရသလဲ အပိုင်း (၂)

အမျိုးသားမျိုးပွားအင်္ဂါများ အလုပ်လုပ်ပုံ နည်းနည်းလေး ထပ်အသေးစိတ်မယ်နော်။ ယောင်္ကျားလေးအများစုသည် နေ့စဉ် ကလေးအဖေ ဖြစ်နိုင်စွမ်းရှိပါသည်လို့ ကျွန်တော်ပြောခဲ့တယ်။ ညိုကီတို့ စိတ်ကြီးဝင်သွားမှာစိုးလို့ ကိုယ့်စကားကိုယ် ပြန်ဖြည်ရဦးမယ်။ အများစုသည် နေ့စဉ်လို့ ပြောထားတာဆိုတော့ အနည်းစုသည် နေ့စဉ် သို့မဟုတ် လုံးဝ ကလေးအဖေ မဖြစ်နိုင်ဘူးလို့လည်း ရှိနိုင်ပါတယ်နော်။ ပင်နီဆလင်ဆေးထိုးတာ တွေ့ဖူးကြမှာပါ။ ဆေးအမှုန့်ကို...

Dr Z နှင့် ကြုံရသည့်လူနာများ – အပိုင်း (၂)

ယနေ့လည်း တယ်လီကျန်းမာမှာ အွန်လိုင်းမှတစ်ဆင့် Dr Z တစ်ယောက် လူနာကြည့်ရှုဆွေးနွေးပေးနေတုန်း မမကြီးတစ်ယောက်အလှည့် ရောက်လာသည်။ လူနာ : "ဆရာမရေ... ကျွန်မလေ ကန်တော့ပါရဲ့ မိန်းမကိုယ်က ယားယားနေလို့ပါ။ ကုတ်ကုတ်နေရတယ် တော်တော်အဆင်မပြေဘူး " Dr Z : "ဟုတ်လား အစ်မ... ဖြစ်တာကြာပြီလား " လူနာ...

အားဖြည့်အချိုရည်နှင့် ကျန်းမာ​ရေးဆိုးကျိုးများ (Video) (February, 2024)

ဒီ​နေ့​ခေတ်ကာလမှာ အားဖြည့်အချိုရည်လို့ အလွယ်​ခေါ်ကြတဲ့ အချိုရည်ဘူး​တွေ ​စျေးကွက်မှာ​ပေါများလာတာနဲ့အမျှ အလွယ်တကူ​သောက်​နေကြတာ​ တွေ့ရပါတယ်။ ဒီလိုအချိုရည်​တွေမှာ ဘာ​တွေပါဝင်သလဲ၊ ရေရှည်​သောက်ရင် ဘယ်လိုကျန်းမာ​ရေးဆိုးကျိုး​တွေရှိလဲ၊ အထူးသဖြင့် က​လေး​တွေမှာ ဘယ်လိုသက်​ရောက်မှု​တွေရှိသလဲ စတဲ့ အ​ရေးကြီးတဲ့အချက်​တွေကို ဒေါက်တာဟန်နီက မျှ​ဝေပေးထားပါတယ်။ Ministry of Health, National Unity Government. https://youtu.be/C5yNlglQFso?si=mAv4JHqlvjDL2zsX

ဆယ်ကျော်သက်လူငယ်များအတွက် အိပ်စက်ခြင်းနှင့်ကျန်းမာရေး (February, 2024)

ကိုယ်စိတ်နှစ်ပါး ကျန်းမာစေဖို့ လုံလောက်တဲ့ ကောင်းမွန်စွာအိပ်စက်အနားယူခြင်းဟာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ကလေးငယ်တွေနဲ့ လူငယ်လူရွယ်တွေအတွက်တော့ အိပ်စက်ခြင်းက ဦးနှောက်နဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက်ပါ အရေးကြီးပါတယ်။ လုံလောက်တဲ့အိပ်ချိန်မရတဲ့ ကလေးငယ်တွေနဲ့ လူငယ်တွေမှာ ကျန်းမာရေးပြဿနာမျိုးစုံ ကြုံတွေ့နိုင်ရုံသာမက ကလေးရဲ့ပညာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရောဂါ၊ စိတ်ကျရောဂါလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ စိတ်ထိခိုက်ဒဏ်ရာရတာ‌တွေ၊ စိတ်အာရုံစိုက်မှုဆိုင်ရာ...

Oral medication လို့ခေါ်တဲ့ သောက်ဆေးများအကြောင်း (February, 2024)

နေမကောင်းဖြစ်တဲ့အခါ၊ ရောဂါတစ်ခုခု ခံစားရတဲ့အခါ ဆရာဝန်တွေ၊ သူနာပြုတွေက ပါးစပ်ကနေသောက်ရတဲ့ဆေး (သောက်ဆေး) တွေ ပေးလေ့ရှိပါတယ်။ များသောအားဖြင့် သောက်ဆေးတွေက ပါးစပ်ကနေတစ်ဆင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို ရောက်ရှိပါတယ်။ အဲမှာ စုပ်ယူခံရပြီးမှ သွေးကြောထဲသို့ရောက်ကာ လိုအပ်တဲ့နေရာကို သယ်ဆောင်ခံရပြီး အာနိသင်ပြလေ့ရှိပါတယ်။ တချို့သောဆေးတွေ (ဥပမာ -...

လမ်းလျှောက်ခြင်းရဲ့ ကောင်းကျိုးများ

????️‍♂️ ဆရာရေ... ဆရာရှိလားဗျ။ ????‍⚕️ ကိုသိန်းဆောင်ပါလား။ လာပါဗျာ... မတွေ့တာတောင်ကြာပေါ့။ ဘယ်ကနေ လှည့်လာတာတုန်းဗျ။ ????️‍♂️ ညနေဘက် လမ်းသွားလျှောက်ကြည့်မလို့ ဆရာရဲ့။ ဆရာကလည်း Dry January ဆိုပြီး ဇန်နဝါရီတစ်လလုံး အရက်၊ ဘီယာ ဖြတ်ထားလေတော့ ကျွန်တော်တို့ဆရာတပည့် မတွေ့တာကြာပြီကိုး။ လမ်းလျှောက်ဖို့ကလည်း အချိန်ကစောနေတာနဲ့ ဆရာ့ဆီ...

ခံတွင်းကင်ဆာ မဖြစ်ပွားအောင် ရှောင်ကြဉ်ရမည့် အချက်များ(February, 2024)

ဆေးလိပ်နဲ့ ကွမ်းယာဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံက လူတော်တော်များများ မကင်းနိုင်ကြတဲ့ အရာတွေဖြစ်ပါတယ်။ သူတို့မှာပါတဲ့ ကာစီနိုဂျင် (Carcinogen) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးဟာ ကင်ဆာမျိုးစုံ ဖြစ်စေနိုင်ပါတယ်။ ဒီထဲမှာမှ ခံတွင်းကင်ဆာကလည်း အပါအဝင်ပေါ့။ အထူးသဖြင့် ကွမ်းစားသူတွေ၊ ဆေးလိပ်၊ အရက် သောက်သူတွေမှာ ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် ခုတစ်ပတ်မှာတော့ ခံတွင်းကင်ဆာ...