ANXIETY ( စိုးရိမ်ပူပန်တတ်တဲ့စိတ် )
စိုးရိမ်ပူပန်ခြင်းဆိုတာ
❓
စိုးရိမ်ပူပန်ခြင်းဆိုတာကြောက်စိတ်နှင့်အတူဖြစ်ပေါ်လာတဲ့ စိတ်မသက်မသာဖြစ်စေတဲ့ ခံစားချက်တစ်ခု (သို့မဟုတ်)ဘေးအန္တရာယ်တစ်ခုခုနဲ့ရင်ဆိုင်ရတဲ့အခါ ခန္ဓာကိုယ်ရဲ့သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့နေ့စဉ်ဘဝမှာ စိုးရိမ်ပူပန်မှုက အနည်းနဲ့အများရှိတတ်လေ့ရှိပါတယ်။လူတွေမှာ ဖိအားတွေကြောင့် စိုးရိမ်ပူပန်တတ်တာ ပုံမှန် reaction ဆိုပေမယ့် တစ်ချို့သူတွေမှာ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းနှင့် ရင်ဆိုင်ရပြီး ကိုယ့်ရဲ့တစ်နေ့တာ လုပ်ငန်းဆောင်တာတွေပါ ထိခိုက်လာနိုင်ပါတယ်။
♦️နောက်ဆက်တွဲအနေနဲ့ စိုးရိမ်မှုလွန်ကဲရောဂါ (Anxiety disorder)၊ ကြောက်စိတ်လွှမ်းမိုးခြင်း (panic attack)၊အသက်ရှူမြန်ခြင်း(hyperventilation) တွေပါခံစားရလာနိုင်ပါတယ်။
Anxiety ရဲ့လက္ခဏာတွေက
❓
စိုးရိမ်ပူပန်မှုလွန်ကဲလာတဲ့အခါစိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါရှိလာနိုင်ပါတယ်။
❗ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ
-ပင်ပန်းနွမ်းနယ်ခြင်း (fatigue)
-ခေါင်းကိုက်ခြင်း၊ကြွက်သားများတောင့်တင်းခြင်း
-နှလုံးခုန်မြန်ခြင်း၊အသက်ရှုမြန်ခြင်း
-ခြေ လက်များထုံကျဉ်၍အသားထဲမှ ဆူးစူးသလိုခံစားရခြင်း၊ချွေးထွက်ခြင်း
-အိပ်မပျော်ခြင်း၊အိပ်မက်ဆိုးများမက်ခြင်း
-ခံတွင်းခြောက်၍လည်ပင်း၌တစ်စို့စို့ခံစားရခြင်း
-ရင်ဘတ်အောင့်ခြင်း
❗စိတ်ပိုင်းဆိုင်ရာလက္ခဏာများ
-စိတ်ထိခိုက်လွယ်ခြင်း
-အတွေးလွန်၍ စိုးရိမ်ပူပန်မှုလွန်ကဲလာခြင်း
-စိုးရိမ်ပူပန်ခြင်းမှတစ်ဆင့်
ကြောက်စိတ်လွန်ကဲလာခြင်း
-ဒေါသထွက်လွယ်ခြင်း၊အာရုံစူးစိုက်မှုလျော့နည်းခြင်း
Anxiety ဘာကြောင့်ဖြစ်ရသလဲ
❓
စိုးရိမ်ပူပန်မှု အမျိုးအစား များစွာရှိသလို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေလည်းများစွာရှိပါတယ်။
-မျိုးရိုးလိုက်ခြင်း
-စိတ်ဖိစီးစရာဖြစ်ရပ်များကြုံခြင်း(ဥပမာ.လုပ်ငန်းခွင်ပြောင်းခြင်း၊မိမိချစ်ခင်သူဆုံးရှုံးရခြင်း၊တစ်ဦးနှင့်တစ်ဦးဆက်ဆံရေး အဆင်မပြေခြင်း)
-ကျန်းမာရေးအခြေအနေကြောင့် စိုးရိမ်ပူပန်ခြင်း/နာတာရှည်ရောဂါခံစားရ၍ စိုးရိမ်သောကများနေခြင်း(အထူးသဖြင့် နှလုံးရောဂါသည်များ၊ကင်ဆာဝေဒနာရှင်များ၊ပန်းနာရင်ကြပ်လူနာများ…)
-အရက်၊ဆေးလိပ်၊မူးယစ်ဆေးဝါးအလွန်အကျွံ သုံးစွဲခြင်း…
-သိုင်းရွိုက်ဟော်မုန်းအထုတ်များခြင်း(overactive thyroid) လူနာတွေမှာလည်း စိုးရိမ်ပူပန်မှုလက္ခဏာတွေနဲ့ ဆင်တူနိုင်လို့ အထူးဂရုစိုက်သင့်ပါတယ်။
စိုးရိမ်ပူပန်မှုကို ဘယ်လိုလျော့ချကြမလဲ
❓
????Self-help “ မိမိသာလျှင် အဓိက ကုစားနိုင်သူပါ”
-ပထမဦးဆုံး ကိုယ်ခံစားရတဲ့ စိုးရိမ်ပူပန်မှုရဲ့ အရင်းအမြစ်ကို ကိုယ်တိုင်ဆန်းစစ် အဖြေရှာဖို့ ကြိုးစားပါ။ကိုယ်ရင်ဆိုင်ရတဲ့သောက ၊စိုးရိမ်ပှုပန်မှုတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ စိတ်ကိုအရင်လျော့ချပြီးတည်ငြိမ်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါမှကိုယ်ခံစားကြုံတွေ့နေရတာတွေကိုပို သတိထားမိလာမှာဖြစ်ပါတယ်။
❗ဆေးလိပ်၊အရက်သောက်လို့ ကိုယ့်ရဲ့ သောကတွေ စိုးရိမ်ပူပန်မှုတွေမှ တခဏတာ လွင့်ပျောက်ရုံပဲ တတ်နိုင်ပြီးနောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးထိခိုက်တာနဲ့ စိတ်ရောဂါအမျိုးမျိုးသာ ဖြစ်နိုင်လို့ အရက်၊ဆေးလိပ်၊မူးယစ်ဆေးဝါးသုံးစွဲမှု တတ်နိုင်သမျှရှောင်ကြဉ်သင့်ပါတယ်။
????အထူးအကြံပေးလိုတာကတော့
????ပြီးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ဖို့ ကိုယ့်ကိုကိုယ်တွန်းအားမပေးပါနဲ့။ရင်းနှီးချစ်ခင်တဲ့သူတွေနဲ့ စကားပြောပြီး ကိုယ့်ရဲ့ ခံစားချက်တွေကို မျှဝေလိုက်ပါ။နေ့စဉ်ဘဝမှာ အကောင်းမြင်စိတ်နှင့်အတူ ပစ္စုပ္ပန်မှာရှင်သန်ဖို့ ကြိုးစားသင့်ပါတယ်။
????ကျန်းမာသော နေထိုင်မှုပုံစံ( healthy lifestyle )ဖြစ်အောင်ကြိုးစားပါ။
????ကိုယ်နှစ်သက်တဲ့ စာအုပ်ဖတ်တာ၊သီချင်းနားထောင်တာ၊ဝါသနာပါတဲ့ activities လေးတွေလုပ်ကြည့်ပါ။
Relaxation (စိတ်ရော ကိုယ်ပါ ဘယ်လိုအနားယူမလဲ/ဖြေလျော့ကြမလဲ)
❓
စိတ်ရောကိုယ်ပါအနားယူမှု နည်းလမ်းတွေကို နေ့စဉ် မိနစ်၂၀ခန့်အချိန်ပေးပြီးလေ့ကျင့်သင့်ပါတယ်။ရုတ်တရက် စိုးရိမ်ပူပန်မှုလွန်ကဲလာမှ practice လုပ်မှာထက် နေ့စဉ် ၁၀မိနစ်ခန့်မှစ၍ အလေ့အကျင့်လုပ်သွားရင် ပိုအကျိုးရှိမှာဖြစ်ပါတယ်။
1. ????♀️ဆိတ်ငြိမ်တဲ့နေရာမှာ မျက်လုံးမှိတ်၊လက်၂ဖက်ကိုပေါင်ပေါ်တင်ပြီးသက်သောင့်သက်သာထိုင်ပါ။ခန္ဓာကိုယ်ပေါ်က ကြွက်သားအုပ်စုတစ်ခုချင်းစီပေါ်မှာ အာရုံစိုက်ပြီး ၁၀ စက္ကန့်ခန့် တောင့်ထားပါ။ထို့နောက် ၁၀စက္ကန့်ခန့်ပြန်ဖြေလျော့ပါ။ နဖူးကြွက်သားမှစပြီး ခြေချောင်းလေးတွေထိ အချိန်ပေးပြီး လေ့ကျင့်လို့ရပါတယ်။
2. ????♀️နောက်တစ်ဆင့် အနေနဲ့ ဝင်လေ ထွက်လေကို အာရုံပြုပါ။ဖြည်းဖြည်းနဲ့ မှန်မှန်ရှုသွင်း ရှုထုတ်ပါ။
3. ????ငြိမ်သက်နေတဲ့ အခိုက်အတန့်မှာ စိတ်ကိုအနားပေးဖို့ relax လို့ တိုးတိုးလေးရေရွတ်ပါ။အတွေးတွေ ဝင်လာပြီဆိုရင် သတိလေးနဲ့ အသိအမှတ်ပြုပြီး ထွက်ခွာခွင့်ပေးလိုက်ပါ။ ဒီအခိုက်အတန့်လေးမှာ မိမိခံစားနေရတဲ့ စိတ်ဖိစီးမှုတွေလျော့ပါးပြီး စိတ်ရောကိုယ်ပါသက်သောင့်သက်သာ ဖြစ်သွားပါလိမ့်မယ်။
????Counselling
အလွန်အမင်း စိုးရိမ်ပူပန်သောကရောက်မှုကြောင့် နေ့စဉ်ဘဝကို စတင်ထိခိုက်လာပြီဆိုရင် အကူအညီရယူဖို့ တုံ့ဆိုင်းမနေသင့်ပါဘူး။ စိတ်ကျန်းမာရေးကျွမ်းကျင်သူတွေ၊ဆရာဝန်တွေနဲ့ ပြသပြီး တိုင်ပင်ဆွေးနွေးကုသမှုခံယူတာ အကောင်းဆုံးပါပဲ။
– Cognitive Behavioural therapy (CBT) လူနာရဲ့ မိမိရောဂါအခြေအနေကိုလက်ခံပြီး ကုသမှုခံဖို့လိုကြောင်း သိနားလည်အောင် ပညာပေးခြင်း၊ရောဂါရဲ့သဘောသဘာဝကိုသိရှိပြီးအဆိုးတွေကို အကောင်းမြင်စိတ်နဲ့ ပြောင်းလဲမြင်၍ လိုက်လျောညီထွေ နေတတ်အောင် လေ့ကျင့်ပေးခြင်း။
-Psychotherapy (စိတ်ကုထုံး) စတဲ့ အကူအညီတွေရယူနိုင်ပါတယ်။
????Medication
စိုးရိမ်ပူပန်မှုလွန်ကဲခြင်းကိုဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိတာကြောင့် ခံစားရတဲ့လက္ခဏာပေါ်မူတည်ပြီး သင့်တော်တဲ့ ကုသမှုအပြင် လိုအပ်လာရင် ဆေးဝါး(စိတ်ငြိမ်ဆေး)အကူအညီရယူသင့်ပါတယ်။
လူနာတွေအနေနှင့်လည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးကိုသောက်သင့်ပြီး ဆေးအာနိသင်ရဖို့ အချိန်တစ်ခုယူရတာမို့ ချက်ချင်းဆေးသောက် ချက်ချင်းသက်သာရမယ်လို့ ယူဆထားလို့မရပါဘူး။ ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာလိုက်နာရပါမယ်။
????ကိုယ့်မိသားစုဝင်(သို့)သူငယ်ချင်းတစ်ယောက်ယောက်က သာမန်ထက်ပိုပြီး စိုးရိမ်ပူပန်နေတာကို စတင်သတိထားမိတယ်ဆိုရင် လျစ်လျူရှုမထားဘဲ ဘေးမှာအတူရှိနေပေးခြင်း၊ အကောင်းဘက်ကတွေးဖြစ်အောင် စကားပြောပေးခြင်းဖြင့် စိတ်သက်သာရာရအောင် ဂရုစိုက်ပေးလို့ရပါတယ်။
????စိုးရိမ်ပူပန်မှုကင်းပြီး စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ????
Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp221.
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.