ဒီနေ့မှာတော့ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ “ ဒေါသကြီးတဲ့ စိတ်ကျဝေဒနာ” အကြောင်းကို မျှဝေပေးချင်ပါတယ်။
ကျွန်တော်တို့ဟာ ဒေါသကြီးတဲ့သူတွေ၊ ဒေါသပေါက်ကွဲလွယ်တဲ့သူတွေ၊ မကြာခဏ ပွဲရှာတတ်တဲ့သူတွေကို တွေ့ရကြုံရလေ့ရှိပြီး သူတို့တွေဟာ စိတ်ကျဝေဒနာနဲ့ ဆက်စပ်နေကြောင်း သတိမမူမိတတ်ကြပါဘူး။
ဒီ Video ထဲမှာတော့ လူ့ဗီဇ စိတ်ခံစားချက်လေးမျိုးထဲက ဒေါသထွက်ခြင်းအကြောင်း၊ ဒေါသနဲ့ စိတ်ကျဝေဒနာဆက်စပ်ပုံ၊ သတိပြုရမယ့် အမူအကျင့်ပြောင်းလဲမှု စတဲ့ စိတ်ဝင်စားဖွယ် အချက်အလက်တွေကို ယူရီက မျှဝေပေးထားပါတယ်။
တယ်လီကျန်းမာယူကျုမှာ ဖော်ပြခဲ့တဲ့ စိတ်ကျရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းအရာသီးသန့်ကိုတော့ “ မပေါ့ဆဘဲ သတိပြုသင့်တဲ့ စိတ်ကျရောဂါ” ဆိုတဲ့ ယူကျုဗီဒီယိုမှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
Ministry of Health,
National Unity Government.