“ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါ”

ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်တွေဟာ သွေးအားနည်းတတ်လေ့ရှိပါတယ်။ အကြောင်းရင်းကတော့ ကိုယ်ဝန်ဆောင်စဉ် မိခင်အတွက်ရော သန္ဓေသားဖွံ့ဖြိုးမှုအတွက်ပါ သွေးနီဥနဲ့ ဆဲလ်တွေ ပိုထုတ်ရလို့ ဖြစ်ပါတယ်။

ဒီလိုအချိန် သွေးနီဥတွေ လုံလောက်စွာ ထုတ်လုပ်ဖို့ အာဟာရဓာတ်တွေ လုံလောက်မှုမရှိတဲ့အခါ (သို့) ခန္ဓာကိုယ်မှ ဆုံးရှုံးလိုက်ရတဲ့အခါမျိုးမှာ သွေးအားနည်းရောဂါ ခံစားရနိုင်ပါတယ်။

..

..

❕သွေးအားနည်းရောဂါ အမျိုးအစားများ

သွေးအားနည်းရောဂါ ဖြစ်စေတဲ့ အကြောင်းအချက်တွေ အများကြီးရှိတဲ့အနက် ကိုယ်ဝန်ဆောင်စဥ် အဖြစ်များတာတွေကတော့…

  • သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ
  • ဖောလစ်အက်စစ်ချို့တဲ့ သွေးအားနည်းရောဂါ
  • ဗီတာမင် B12 ချို့တဲ့သော သွေးအားနည်းရောဂါတို့ပဲ ဖြစ်ပါတယ်။

???? ကိုယ်ဝန်ဆောင်စဉ်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါဟာ အဖြစ်များလေ့ရှိပါတယ်။

???? သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါမှာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေဆီ အောက်ဆီဂျင်ပို့ပေးတဲ့ ကောင်းမွန်တဲ့ သွေးနီဥတွေ နည်းသွားပါတယ်။

..

..

❕သံဓာတ်ချို့တဲ့စေတဲ့ အကြောင်းရင်းတွေကတော့…

  • သံဓာတ်ကြွယ်ဝတဲ့ အာဟာရ မလုံလောက်ခြင်း
  • ကိုယ်ဝန်ဆောင်မှု တစ်ကြိမ်နှင့်တစ်ကြိမ် အချိန်နီးကပ်ခြင်း
  • ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းဖူးခြင်း၊ သွေးသွန်ခြင်း
  • အမွှာကိုယ်ဝန်ဆောင်ရခြင်း
  • ပြင်းထန်သော ပျို့အန်မှုရှိခြင်း
  • သန်ကောင်ရောဂါရှိဖူးခြင်း… စတာတွေကြောင့် ကိုယ်ဝန်ဆောင်စဉ် သွေးအားနည်းတတ်ပါတယ်။

..

..

❕သွေးအားနည်းလက္ခဏာတွေဖြစ်တဲ့

  • မောပန်းနွမ်းနယ်ခြင်း၊ နုံးချိခြင်း
  • ရင်တုန်ခြင်း၊ အသက်ရှုမဝခြင်း
  • အသားအရေ ဖြူဖျော့ခြင်း
  • ခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း
  • ခြေဖျား၊ လက်ဖျားအေးစက်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရရင် နီးစပ်ရာဆေးခန််းမှာ ကိုယ်ဝန်အပ်ပြီး လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

..

..

❕ကုသမှုအနေနဲ့

  • သွေးအားနည်းစေတဲ့ အကြောင်းရင်းကို ဦးစွာအဖြေရှာရပါမယ်။
  • အာဟာရချို့တဲ့မှုကြောင့်ဆိုရင် မိခင်အနေနဲ့ အနီရောင်အသား၊ ငါး၊ ပဲအမျိုးမျိုး၊ ပန်းပွင့်စိမ်းစတဲ့ သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို ညီညွှတ်အောင် စားသုံးသင့်ပါတယ်။
  • သံဓာတ်စုပ်ယူမှု အားကောင်းစေဖို့ ဗီတာမင်စီ ကြွယ်ဝတဲ့ အသီး၊ ဖျော်ရည် သောက်သုံးပေးပါ။
  • လိုအပ်တဲ့အခါ ကိုယ်ဝန်ဆောင် ဗီတာမင်နှင့် သံဓာတ်အားဆေးတွေကို ဆရာဝန်ညွှန်ကြားမှုအတိုင်း သောက်သုံးရပါမယ်။
  • သန္ဓေသား ကောင်းစွာဖွံ့ဖြိုးဖို့အတွက် ဖောလစ်အက်စစ်အားဆေး မှီဝဲလို့ရပါတယ်။
  • သန်ကောင်ကြောင့် သွေးအားနည်းတတ်တာမို့ သန်ချဆေး သောက်သုံးသင့်ပါတယ်။
  • ကိုယ်ဝန်နေ့စေ့လစေ့အချ်ိန် အလွန်အမင်း သွေးအားနည်းနေပါက သွေးသွင်းရနိုင်ခြေ ရှိပါတယ်။

..

..

❕သွေးအားနည်းခြင်းကို ကောင်းစွာကုသမှု မခံယူပါက

  • ကလေးဖွံ့ဖြိုးမှု နှောင့်နှေးခြင်း
  • လမစေ့၊ ပေါင်မပြည့် ကလေးမီးဖွားခြင်း
  • ကိုယ်ဝန်ပျက်ကျခြင်း
  • မိခင်၌ နှလုံး၊ အဆုတ်ထိခိုက်ခြင်း
  • မီးဖွားပြီးနောက် စိတ်ကျခြင်း စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါဟာ အဖြစ်များပေမယ့် ကြိုတင်ကာကွယ်နိုင်တာမို့ ကိုယ်ဝန်ရှိစဉ်မှစပြီး ရက်ချိန်းအတိုင်း ပုံမှန်ဗိုက်အပ်ကာ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်ရှင်။

????Reference:https://www.webmd.com/baby/anemia-in-pregnancy

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here