မုန့်ချိုအိတ်ဆိုတာ အစာအိမ်အောက်နားမှာ အလျားလိုက်တည်ရှိနေတဲ့ ဂလင်းတစ်ခု ဖြစ်ပါတယ်။

မုန့်ချိုအိတ် (Pancreas) ဟာ အစာခြေအင်ဇိုင်းတွေကို ထုတ်လွှတ်ပေးပြီး အစာခြေခြင်းကို အထောက်အကူပြုသလို၊ သွေးတွင်းသကြားဓာတ် ပုံမှန်ထိန်းပေးတဲ့ အင်ဆူလင် ဟော်မုန်းကိုလည်း ထုတ်ပေးပါတယ်။

..

..

♦️ မုန့်ချိုအိတ် ရုတ်တရက် ရောင်ရမ်းစေတဲ့ အကြောင်းရင်းများကတော့….

– အရက်သောက်ခြင်း

– သည်းခြေကျောက်တည်ခြင်း

– ဝမ်းဗိုက် ဒဏ်ရာရခြင်း

– မှန်ပြောင်းသုံး၍ သည်းခြေလမ်းကြောင်း ကုသမှုခံယူထားခြင်း (ERCP)

– မိသားစုမျိုးရိုးတွင် မုန့်ချိုအိတ်ရောင်သော ရာဇဝင်ရှိခြင်း

– အချို့ဆေးများ စွဲသောက်ရခြင်း (steroids)

– သွေးတွင်း အဆီဓာတ်များခြင်း၊ ကယ်လ်ဆီယမ်ဓာတ်များခြင်း…စတာတွေဖြစ်ပါတယ်။

အထက်ပါအကြောင်းရင်း တစ်ခုခုကြောင့် အစာခြေအင်ဇိုင်းတွေကို အလွန်အမင်းထုတ်လွှတ်ပြီး မုန့်ချိုအိတ်ဆဲလ်တွေကို ပြန်လည်ဖျက်ဆီးမှုကြောင့် မုန့်ချိုအိတ်ရောင်ရမ်းရခြင်း ဖြစ်ပါတယ်။

..

..

♦️ မုန့်ချိုအိတ် ရုတ်တရက် ပြင်းထန်စွာရောင်တဲ့အခါ….

– ဗိုက်အထက်ပိုင်းနာ၍ နောက်ကျောထိပျံ့ခြင်း

– အဆီလွန်ကဲသော အစာစားလျှင် ပိုနာခြင်း

– ပျို့ခြင်း/အန်ခြင်း/ လေချဉ်တက်ခြင်း

– ပြင်းထန်တဲ့အခါမှာ သွေးလန့်ခြင်း (shock) စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

..

..

မုန့်ချိုအိတ်ရောင်ရမ်းခြင်းကို အတည်ပြုနိုင်ဖို့အတွက်…

– လူနာကို စမ်းသပ်စစ်ဆေးခြင်း

– သွေးတွင်းရှိ မုန့်ချိုအိတ်မှထုတ်သော အင်ဇိုင်းများ စစ်ဆေးခြင်း (serum amylase or lipase)

– တီဗီဓာတ်မှန်၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း စတဲ့အဖြေတွေနဲ့ ရောဂါအတည်ပြုဖို့ လိုအပ်ပါတယ်။

..

..

♦️ ကုသနည်း

???? မုန့်ချိုအိတ် ရောင်ရမ်းခြင်း သက်သာစေဖို့ ကနဦးကုသမှုများပေးပြီး သေချာစောင့်ကြည့်ဖို့လိုပါတယ်။

– အစာ မစားခိုင်းခြင်း

– ရေဓာတ်မခန်းခြောက်စေရန် သွေးပြန်ကြောမှတစ်ဆင့် အကြောဆေးရည်သွင်းခြင်း

– အစာပိုက်၊ ဆီးပိုက်တပ်ခြင်း

– အနာသက်သာစေသောဆေးနှင့်

– လိုအပ်ပါက အောက်ဆီဂျင်၊ ပိုးသတ်ဆေး ပေးရပါမယ်။

..

..

???? ဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းကို ကုသရာမှာတော့…

– အရက်ကြောင့်ဖြစ်ပါက အရက်ဖြတ်ဖို့ ဆွေးနွေးကုသခြင်း

– သည်းခြေပြွန်၌ အနည်အနှစ်၊ သည်းခြေကျောက် စတာတွေ ပိတ်နေပါက ဖယ်ရှားခြင်း

– သည်းခြေကျောက်၏ အရင်းမြစ်ဖြစ်သော သည်းခြေအိတ်နှင့်ကျောက်ကို ဖယ်ရှားခြင်း

– မုန့်ချိုအိတ်အတွင်း စုနေသော အရည်များနှင့် ပျက်စီးနေသော ဆဲလ်များကို ဖယ်ရှားခြင်း စတဲ့ကုသမှုတွေ ခံယူလို့ရပါတယ်။

..

♦️ ရုတ်တရက်ပြင်းထန် မုန့်ချိုအိတ်ရောင်ရမ်းခြင်းကြောင့် ကိုယ်တွင်းအင်္ဂါများပျက်စီးကာ အသက်အန္တရာယ် ခြိမ်းခြောက်သည်အထိ အမျိုးမျိုးဖြစ်နိုင်တာကြောင့် မုန့်ချိုအိတ်မရောင်ခင်ကတည်းက ရောင်စေတဲ့ အကြောင်းရင်းတွေကို ကြိုတင်ရှောင်ရှား‌သင့်ပါတယ်။

..

Reference: ????

https://teachmesurgery.com/hpb/pancreas/acute-pancreatitis/

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here