ဒီနေ့ဆိုရင် ငလျင်ကြီးပြီး ၅ ရက် မြောက်ပါ။ ၇.၇ အားနဲ့ ငလျင်ကြီးကတော့ လှုပ်လို့ပြီးသွားပေမယ့် ကျွန်မတို့အများစုကတော့ ကိုယ်ရော စိတ်ပါ ရိုက်ခတ်မှုတွေ ရှိနေတုန်း ဖြစ်နေကြမှာပါ။
တယ်လီကျန်းမာမှာ ရှိတဲ့ ဆရာ၊ ဆရာမတွေကလည်း ငလျင်နောက်ဆက်တွဲ ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေး ပြဿနာတွေ ကုသ တိုင်ပင်ပေးဖို့ ဆေးခန်းချိန်တွေ တိုးဖွင့်ပြီး ည ၁၂ အထိ ကြည့်ရှုပေးလျက်ရှိပါတယ်။
တကယ့် တကယ်တမ်း ပြင်းပြင်းထန်ထန် ထိခဲ့တဲ့ နေရာတွေမှာ မီး၊ ရေ၊ ဖုန်းအား အခက်အခဲနဲ့ အင်တာနက် တက်ဖို့ ခက်နိုင်တာမှန်ပေမယ့် ခဏလေးပဲ လိုင်းတက်လို့ရလို့ တွေ့ရင်ပဲဖြစ်ဖြစ် အကျိုးရှိသွားအောင် စာတွေ၊ ဗဟုသုတတွေ ဆက်မျှဝေထားပါရစေ။
“ ငလျင်နောက်ဆက်တွဲ မူးဝေခြင်း | Jishin-Yoi | Earthquake Drunk | Post-Earthquake Dizziness”
အချို့သူတွေမှာ ငလျင်လှုပ်နေစဉ်နဲ့ လှုပ်ပြီးနောက် မိနစ်ပိုင်း၊ နာရီအနည်းငယ်ပိုင်းပဲ ခံစားရပြီး ပျောက်သွားပေမယ့်၊ အချို့သူတွေမှာတော့ နာရီအတော်ကြာကြာ အချို့ဆို ရက်နည်းနည်း ကြာတဲ့ အထိ အရက်သောက်ပြီး မူးနေတာမျိုးလို၊ ကားမူးသလို မူးဝေနေတာမျိုးတွေ ဆက်ဖြစ်နေတာ ရှိတတ်ပါတယ်။ ဒီရက်ပိုင်း ကျွန်မတို့ ဆေးခန်းတွေကိုလည်း ဒီလို လက္ခဏာလေးတွေနဲ့ လာပြကြတာတွေ များလာပါတယ်။ ငလျင်ဒဏ်အများဆုံး ခံရတဲ့ ဂျပန်နိုင်ငံ မှာတော့ “ဂျိရှင်းယောအိ” သို့မဟုတ် Earthquake Drunk, Earthquake Hangover “မသောက်ပဲ မူးတဲ့ ငလျင် မူးဝေခြင်း” လို့ ခေါ်ကြပါတယ်တဲ့။
ဘာကြောင့် ဒီလို မူးတတ်လဲ ဆိုတော့ ကျွန်မတို့နဲ့ နားအတွင်းပိုင်းထဲမှာ ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းညှိပေးတဲ့ စနစ်ငယ်တစ်ခု “vestibular system” ဆိုတာ ရှိပါတယ်။ ဟန်ချက်ဆန်ဆာ “Balance Sensor” လို့လည်း မှတ်လို့ရတယ်။ ပုံမှန် အချိန်တွေမှာဆိုရင် သူက ကျွန်မတို့ ထိုင်နေလား၊ ရပ်နေလား၊ လှဲနေလား၊ ခေါင်း လှုပ်နေလား ဆိုတာမျိုးကို ဉီးနှောက်ကို ပြောပြလေ့ရှိတယ်။ အဲ့သတင်းအချက်အလက်ပေါ်မူတည်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေက လိုက်လံ ပူးပေါင်းလုပ်ဆောင်တဲ့ အတွက် ကျွန်မတို့ အထိုင်အထ၊ အသွားအလာ မှာ ဟန်ချက်မပျက်နေနိုင်ကြတာပေါ့။
ငလျင်လှုပ်တဲ့ အချိန်မှာတော့ အရာအားလုံးက လှုပ်ခါသွားတဲ့ အချိန် (ရိုလာကိုစတာစီးဖူးတဲ့ သူတွေ စီးပြီးနောက် ခဏ မူးဝေယိုင်သလိုမျိုး) စောစောကပြောပြတဲ့ နားတွင်း ဟန်ချက်ထိန်းညှိ စနစ်လေးကပါ မူးပြီး ရှုပ်ထွေးသွားတယ်။ နဂိုအခြေအနေကို ပြန်ချိန်ညှိဖို့အတွက် အချိန်နည်းနည်း ယူရလေ့ ရှိတယ်။ ဒီ စနစ် ကိုယ်တိုင်က မူးဝေနေတဲ့အချိန်မှာကျ ဉီးနှောက်ကို အရင်လို အချက်အလက် အမှန်တွေ မပို့ပေးနိုင်သေးတော့ ငလျင်ကြီး လှုပ်ပြီး မြေကြီးက ငြိမ်သွားတာတောင် ကိုယ်ခေါင်းထဲ မူးနေသလို၊ လောကကြီးက လှုပ်ခါယိမ်းနေသလို၊ ခြေလှမ်းတွေ မခိုင်သလိုမျိုး ဖြစ်တာတွေ ရှိနိုင်ပါတယ်။
အထူးသဖြင့် ဒီလို အချိန်ကြာ မူးဝေတာမျိုးဟာ
ဒီနေ့အထိ ဒီလို မူးဝေတဲ့ လက္ခဏာတွေ ခံစားနေကြတုန်းဆိုရင် အောက်က အချက်လေးတွေ လုပ်ကြည့်ပေးနော်။
သတင်းအချက်အလက်တွေကို လိုင်းရတုန်း သိရှိဖို့ ကြည့်ရမယ် ဆိုပေမယ့် မျက်စိကို ဖုန်း၊ လက်တော့ မျက်နှာပြင်တွေကနေ အနားပေးဖို့ အရေးကြီးပါတယ်။ ဉီးနှောက်က ပြန်တည်ငြိမ်ဖို့ ကြိုးစားနေတုန်း ဖုန်းတောက်လျှောက်ကြည့်ပြီး မျက်စိအနားမပေးတာက ဉီးနှောက်ကို ပိုရှုပ်ထွေးစေနိုင်ပါတယ်။
ငလျင်ကြီးပြီးနောက်ပိုင်း မိမိခန္ဓာကိုယ်မှာ ခံစားနေရတာလေးတွေကို အသိအမှတ်ပြုပေးပါ။ အန္တရာယ်ကြီးက ရိုတ်ခတ်ပြီးပေမယ့် ကျွန်မတို့ ကိုယ်စိတ်နှလုံး မှာတော့ ကိုးဗစ်ကစ၊ ကြင်စိုးအလယ်၊ ယခု ငလျင် ကပ်ဘေးနဲ့ ရိုတ်ခတ်လို့ မပြီး ဖြစ်နေကြတာပါ။ ပိုပြီးနာကျင်ရတာကတော့ ကိုယ့်နိုင်ငံသားတွေ ပြည်တွင်း၊ ပြည်ပမှာ ခံစားရတွေကို ကြားရမြင်ရဖြစ်နေပြီး ကိုယ်ထိလက်ရောက် ဘာမှ မလုပ်ပေးနိုင်တော့ စိတ်ဖိစီးမှုတွေ ပိုပိုများလာတတ်ပါတယ်။
အဲ့တာကြောင့် ဒီကာလမှာ တစ်စုံတယောက်ကို စကားပြောချင်တယ်။ ကိုယ့်ခံစားချက်တွေ အရမ်းများပြားလာလို့ ဖွင့်ဟနားထောင်စေချင်တယ် ဆိုရင် တယ်လီကျန်းမာရှိနေတယ်လို့ ပြောပြပါရစေ။ လိုင်းရတဲ့အချိန် ဘက်ထရီ ရှိတဲ့ အချိန် လာခဲ့လို့ရပါတယ်။ ၄နှစ်ကျော်ကာလလုံး တူတူရှိနေတဲ့ အလျောက် ခုတစ်ခါလည်း ကျွန်မတို့တွေ အတူရှိနေပါတယ်၊ အလုပ်တွေ လုပ်နေပါတယ်။
နေကောင်းကျန်းမာ ကိုယ်စိတ် လုံခြုံကြပါစေ။
-ဒေါက်တာမာယာ-
References:
https://www.sciencedirect.com/science/article/abs/pii/S0385814624000397
https://www.researchgate.net/publication/354400463_Earthquake_Hangover_Prevention_and_Treatment
https://www.thaipost.net/general-news/765140/
..
..
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.