“ ဘာဖြစ်ဖြစ် နားလည်သည်းခံ” တဲ့…
လူမှန်းသိတတ်စတည်းက နားရည်ဝနေတဲ့စကား။

“ နားလည်ပေးရမယ် “ ဆိုတဲ့စကားက အတန်အသင့် ကျိုးကြောင်းဆီလျော်ပေမယ့် အရာရာကို ကိုယ်ကပဲ သည်းခံရမယ်ဆိုတာကတော့ ခံရတဲ့သူအတွက်က မတရားပါဘူး။

မှားမှားမှန်မှန်…

  • အထက်လူကြီးနဲ့ အဆင်ပြေအောင် သည်းခံ
  • လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင် သည်းခံ
  • အိမ်ထောင်တစ်ခုကွဲမှာစိုးလို့ သည်းခံ
  • ကိုယ့်ထက်လူကြီးမိဘမို့ သည်းခံ
  • မိန်းကလေးမို့ သည်းခံ
  • ယောက်ျားလေးမို့ သည်းခံ
  • အရာရာကို ကိုယ့်ဘက်ကချည်းသည်းခံဖို့ သင်ပြခြင်းခံရပြီး လက်ဆင့်ကမ်းလာတဲ့ ဒီ culture က ခံရသူအဖို့ စိတ်ဖိစီးမှုတွေ များလာတာကလွဲရင် ဘယ်သူတွေအတွက်များ ကောင်းကျိုးဖြစ်စေပါသလဲ။ ဒီနေရာမှာ ပြဿနာအကြောင်းအရာတစ်ခုခုကို ရိုင်းပျစွာတုံ့ပြန်ခြင်းနဲ့ မှန်တာကိုပြောရဲတဲ့သတ္တိနဲ့က အဓိပ္ပါယ်ချင်းမတူသလို သက်ရောက်ပုံချင်းလည်း မတူကြပါဘူး

ငယ်စဉ်ကတည်းက သင်ကြားမှုတွေ မှားယွင်းတဲ့အခါမှာ ကလေးငယ်ဘဝကနေစပြီး အရွယ်ရောက်လုပ်ငန်းခွင်ဝင်တဲ့အခါမှာလည်း…

  • မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်း၊ လေးစားမှု မရှိခြင်း
  • လူကြောက်ခြင်း
  • အပေါင်းအသင်းမဝင်ဆံ့ခြင်း
  • ခွဲခြားဆက်ဆံခံရခြင်း
    -အနိုင်ကျင့်ဖိနှိပ်ခံရခြင်း စသဖြင့် အမျိုးမျိုးသော ဆိုးကျိုးတွေကိုပါ သက်ရောက်စေနိုင်ပါတယ်။

ဒါ့အပြင်
မိမိကိုယ်ကိုယ် ဖိနှိပ်ရင်း နှိမ့်ချရင်း ရှင်သန်နေထိုင်လာသူတစ်ဦးဟာ အချိန်မ‌ရွေး ပေါက်ကွဲထွက်လာနိုင်တဲ့ ချိန်ကိုက်ဗုံးတစ်ခုလိုပါပဲ။

  • သည်းခံရတာတွေ များလာတဲ့အခါ
  • ပြန်တုံ့ပြန်ချင်ပေမယ့် မျိုသိပ်ရတာတွေ များလာတဲ့အခါ
  • ခွဲခြားဆက်ဆံမှုတွေ ကြုံလာရတဲ့အခါ
  • တရားမှုတွေကို မြင်ရက်နဲ့ မသိချင်ယောင်ဆောင်ထားရတဲ့အခါ ကျွန်မတို့စိတ်ဟာ မကျန်းမာခြင်းကို စတင်ခံစားရပါတော့တယ်။

🔺
🔺
🔺
🔺
🔺
🔺
(ဥပမာ- ရင်တုန်ခြင်း၊ ခြေလက်တုန်ခြင်းအပြင် ခေါင်းကိုက်ခြင်း၊ အသက်ရှုမဝခြင်းတို့ကိုပါ ခံစားလာရတတ်ပါတယ်)

နောက်ဆုံးမှာ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့မရခဲ့ရင် မိမိကိုယ်ကိုယ် နာကျင်အောင်လုပ်ခြင်းဆိုတဲ့ (self-harm) အပြုအမူတွေပါ ဝင်လာနိုင်ပါတယ်။

ဒါကြောင့် ကျွန်မတို့ဟာ နည်းမှန်လမ်းမှန်နဲ့ ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေးကို အလေးပေး ကိုင်တွယ်သင့်ပါတယ်။

✅
✅
✅
✅
✅
✅
✅
✅
✅
✅
✅
✅

ဒါတွေကို နေ့စဉ်ပုံမှန်လုပ်ပေးခြင်းဖြင့် ကျွန်မတို့ဟာ စိတ်ဖိစီးမှု၊ ပေါက်ကွဲလွယ်မှုတွေကို ဖြည်းဖြည်းချင်း ထိန်းကျောင်းကိုင်တွယ်လာနိုင်မှာပဲ ဖြစ်ပါတယ်ရှင်…။

သင်၏ စိတ်ကလေးကျန်းမာစေဖို့
ဒေါက်တာမီ
(စိတ်ပညာလေ့လာလိုက်စားသူ ဆရာဝန်တစ်ဦး)

..

..

❤️❤️

👉

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here