“ စိတ်ဒဏ်ရာရသွားတယ်”
“ ငါတော့ စိတ်ဒဏ်ရာရနေပြီ” ဆိုပြီး စိတ်ဒဏ်ရာဆိုတဲ့ စကားလုံးကို ကျွန်မတို့ လွယ်လွယ်ကူကူပဲ သုံးတတ်ပြောတတ်ကြပါတယ်။

တကယ်တမ်း စိတ်ဒဏ်ရာဆိုတာ ဘာလဲ။

စိတ်ဒဏ်ရာဆိုတာ ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း ထိခိုက်မှု၊ ခြိမ်းခြောက်မှုတစ်ခုခုကို ကြုံပြီးတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို ဆိုလိုတာပါ။

အထူးသဖြင့် ကလေးဘဝမှာ ရခဲ့ဖူးတဲ့ စိတ်ဒဏ်ရာတွေဟာ အရွယ်‌ရောက်ကြီးပြင်းလာတဲ့အထိ လူမှုဘဝအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအထိ ဆိုးကျိုးတွေ သက်ရောက်တတ်ကြပါတယ်။

ဒါဆို ဘယ်လိုအပြုအမူ/ ဖြစ်ရပ်တွေက ကလေးတွေကို စိတ်ဒဏ်ရာဖြစ်စေနိုင်သလဲ။

  • မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာမိတဲ့ စိတ်ဒဏ်ရာတွေ
  • ကြမ်းတမ်းစွာပြစ်ဒဏ်ပေးခံရခြင်း၊ ပြောဆိုဆက်ဆံခံရခြင်း
  • လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားပြုမူခံရခြင်း
  • မရည်ရွယ်ဘဲဖြစ်စေ/ တမင်ဖြစ်စေ အုပ်ထိန်းသူထံမှ လစ်လျူရှုခံရခြင်း
  • သဘာဝဘေးအန္တရာယ်ဆိုးများ၊ ကပ်ဆိုးများ
  • စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ
  • အသားအရောင်၊ လူမျိုး၊ ဘာသာ စသဖြင့်ခွဲခြားဆက်ဆံခံရခြင်း
  • ချစ်ခင်ရသူတစ်ဦးဦးနှင့် ရုတ်တရက် ခွဲခွာရခြင်း/ဆုံးရှုံးလိုက်ရခြင်း
  • စိတ်ကျန်းမာရေးအားနည်းသော အုပ်ထိန်းသူများနှင့်အတူနေရခြင်း စသဖြင့် အကြောင်းအရင်းပေါင်းများစွာ (များစွာ) ရှိပါတယ်။

ကလေးငယ်တွေဟာ အလွန်ကိုမှ နုနယ်ကြတဲ့အတွက် ကိုယ်တိုင်ကြုံရတာမျိုးမဟုတ်ရင်တောင် ဖြစ်ရပ်ဆိုးတစ်ခုခုကို မျက်မြင်ကြုံရရုံ ကြားရရုံနဲ့လည်း စိတ်ဒဏ်ရာရတတ်တာကို သတိပြုရပါမယ်။

ဒါဆို ကလေးငယ်လေးတွေ စိတ်ဒဏ်ရာမရအောင် ကျွန်မတို့ အတတ်နိုင်ဆုံး ဘယ်လိုကာကွယ်ကြမလဲ။

  • အရင်ဆုံး နွေးထွေးလုံခြုံပြီး ယုံကြည်စိတ်ချရသော ပတ်ဝန်းကျင်လေးတစ်ခုကို ဖန်တီးပေးရပါမယ်။
  • ကလေးငယ်နဲ့ မိမိနဲ့အကြားဆက်ဆံရေးဟာ တစ်သမတ်တည်း ရှိနေရပါမယ်။ တစ်သမတ်တည်း ချစ်ပေး/ ဂရုစိုက်ပေးရပါမယ်။
  • ကလေးတွေရဲ့ အပြုအမူတွေကို လေ့လာနေပါ။ မှတ်ထားပါ။
  • စကားများများပြောပေးပါ။ အချိန်ပေးပါ။
  • ကလေးတွေကို ချီးကျူးစကားပြောပေးဖို့ မမေ့ပါနဲ့။
  • သူတို့ရဲ့ခံစားချက်တွေကို ကောင်းသောနည်းလမ်းနဲ့ပြတတ်အောင် လေ့ကျင့်ပေးပါ။
  • စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါ ။
  • လိုအပ်ပါက ကျွမ်းကျင်သူများနဲ့ တိုင်ပင်ဆွေးနွေးပါ။
  • ကလေးတစ်ယောက်ရဲ့စိတ်ထဲမှာ မိဘ/အုပ်ထိန်းသူရဲ့ ချစ်ခြင်းမေတ္တာကသာ အရေးကြီးဆုံးပါ။ အတတ်နိုင်ဆုံး သူတို့ကို အခြားတစ်စုံတစ်ယောက်နဲ့ မနှိုင်းယှဉ်ပါနဲ့။
  • Unconditional love (မည့်သည့်မျှော်လင့်ခြင်း/မျှော်ကိုးခြင်းမှမပါသော အချစ်မျိုး) နဲ့ ချစ်ပေးပါ။

စိတ်ဒဏ်ရာဆိုတာ ကုစားလို့ ရနိုင်ပါတယ်။

💖💖 စိတ်ဒဏ်ရာပေးမိသောသူများ မဖြစ်ဖို့သာ ဂရုပြုကြရပါမယ် 💖💖

ဒေါက်တာမီ
(စိတ်ပညာလေ့လာလိုက်စားသူ ဆရာဝန်တစ်ဦး)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here