၁။ သွေးထဲရှိ ဗိုင်းရပ်စ်၏ပြင်ပအလွှာ Hepatitis B surface antigen test (HBsAg)

ဒီစစ်ဆေးချက် positive ဖြစ်လျှင် မိမိတွင် အသည်းရောင်အသားဝါ B ပိုး ကူးစက်ခံနေရပြီဖြစ်ပြီး ကာလတိုရောဂါလည်း ဖြစ်နိုင်သလို၊ ကာလရှည်ရောဂါလည်း ဖြစ်နိုင်ပါသည်။

စစ်ဆေးချက် negative ဖြစ်လျှင် မိမိတွင် အသည်းရောင်အသားဝါ B ပိုး ကူးစက်ခံရခြင်းမရှိပါ။

ဤစစ်ဆေးချက်သည် ကာလတို အသည်းရောင်အသားဝါ B ပိုးရောဂါတွင်သာမက ကာလရှည် အသည်းရောင်အသားဝါ B ပိုးရောဂါတွင်ပါ positive ဖြစ်သဖြင့် ရောဂါပိုးရှိ/မရှိ သိရှိရန် ပထမဆုံးစစ်ဆေးရမည့် စစ်ဆေးချက်ဖြစ်ပါသည်။

စစ်ဆေးချက်သည် ရောဂါပိုး စတင်ကူးစက်ခံရသည့် တစ်ပတ်မှ ၁၀ ပတ်အတွင်း positive ဖြစ်နိုင်ပြီး ကာလတို အသည်းရောင်အသားဝါ B ပိုးရောဂါတွင် ၆ လ အတွင်း negative ဖြစ်နိုင်ပါသည်။ ကာလရှည် အသည်းရောင်အသားဝါ B ပိုးရောဂါတွင်မူ ၆ လထက်ပိုပြီး positive ဖြစ်နိုင်ပါသည်။
.

၂။ ဗိုင်းရပ်စ်ကို ခုခံတိုက်ဖျက်ရန် ခန္ဓာကိုယ်မှထွက်လာသော ခုခံအား Hepatitis B surface antibody (anti-HBs)

ဤစစ်ဆေးချက် positive ဖြစ်လျှင် အသည်းရောင် အသားဝါ B ပိုးကို ကာကွယ်မည့်ခုခံအား မိမိခန္ဓာကိုယ်ထဲတွင် ရှိနေပြီဖြစ်ပါသည်။ ကာကွယ်ဆေးထိုးထားသူများ၊ အရင်က ရောဂါကူးစက်ခံရသူများတွင် positive ဖြစ်နိုင်ပါသည်။

HBs Ag- negative (အသည်းရောင်အသားဝါ B ပိုးမရှိသူ/ အထူးသဖြင့် ကာကွယ်ဆေးထိုးထားသူ) တွင် anti-HBs- negative ဖြစ်လျှင် မိမိတွင် အသည်းရောင်အသားဝါ B ပိုးကို ကာကွယ်မည့်ခုခံအား မရရှိသေးပါ။
HBs Ag- negative, Anti-HBs- positive ဖြစ်ခြင်းသည် ရောဂါပိုးကိုကာကွယ်မည့် ခုခံအား မိမိခန္ဓာကိုယ်တွင် ရှိနေပြီဖြစ်ပြီး ကာကွယ်ဆေးထပ်မံထိုးရန် မလိုအပ်တော့ပါ။

ဤစစ်ဆေးချက်သည် HBs Ag- positive (အသည်းရောင်အသားဝါ B ပိုးရှိသူ) တွင် negative ဖြစ်လျှင် လက်ရှိတွင် ရောဂါပိုးဖြစ်နေပြီး ဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် ခုခံအားမရှိသေးသည်ကို ပြသပါသည်။
.

၃။ Hepatitis B e Antigen (Hbe Ag)

အသည်းရောင်အသားဝါ B ပိုး မိမိခန္ဓာကိုယ်ထဲတွင် ပြန့်ပွားနေလားသိရှိရန် စစ်ဆေးခြင်းဖြစ်ပါသည်။

ဤစစ်ဆေးချက် positive ဖြစ်လျှင် မိမိထံမှရောဂါပိုးသည် တခြားသူကို ကူးစက်နိုင်သည်။ မိမိ မိသားစုဝင်ကို မကူးစက်ရန် သေချာဂရုစိုက်ဖို့လိုပါသည်။ မိသားစုဝင်များကိုလည်း ရောဂါပိုးရှိ/မရှိ စစ်ဆေးပြီး မရှိသေးပါက ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါသည်။

ထို့အပြင် ဤစစ်ဆေးချက်ကို antiviral (အသည်းရောင်အသားဝါ B ပိုးအတွက်ဆေး) သောက်ဖို့လို/မလို ဆုံးဖြတ်ရာတွင်လည်း အသုံးပြုပါသည်။
.

၄။ Hepatitis B e antibody (anti-HBe)

Hbe Ag ကြောင့် ထွက်လာသော ခုခံအားဖြစ်ပါသည်။

ဤစစ်ဆေးချက် positive ဖြစ်လျှင် ကောင်းသော အခြေအနေဟု ယူဆနိုင်သော်ငြား အခြေအနေအရပ်ရပ်ကို ခြုံငုံဆုံးဖြတ်ရန်အတွက် ဆရာဝန်များ သုံးလေ့ရှိသော စစ်ဆေးချက်ဖြစ်ပါသည်။

ဤစစ်ဆေးချက် တစ်ခုတည်းကိုကြည့်၍လည်း ရောဂါအခြေအနေကို ဆုံးဖြတ်၍မရနိုင်ပါ။
.

၅။ ခန္ဓာကိုယ်ထဲမှာရှိသော အသည်းရောင်အသားဝါ B ပိုးကောင်ရေပမာဏ HBV DNA (viral load)

High level – ပမာဏများ (ဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်ထဲတွင်များနေပြီး ပွားနေသည်။ ကုသမှု လိုအပ်ပါလိမ့်မည်)

Low or undetectable level- ပမာဏနည်း သို့ ရှာမတွေ့အောင်နည်း (အသည်းရောင်အသားဝါ ရောဂါပိုးကို ထိန်းချုပ်ထားနိုင်သည်)
.

၆။ အသည်းရောင်နေလျှင် သို့မဟုတ် အသည်းပျက်စီးနေလျှင် အသည်းမှထွက်လာသော အင်ဇိုင်းများ liver enzymes (ALT/AST)

High level – များနေလျှင် အသည်းထိခိုက်ပျက်စီးမှု ရှိသည်။ အသည်းရောင်နေသည်ကို ပြသသည်။

Normal level – ပုံမှန်ဖြစ်နေလျှင် အသည်းကျန်းမာကြောင်း ပြသသည်။ သို့သော် အသည်းရောင်အသားဝါ ပိုးကောင်ရေပမာဏများနေပြီး အသည်းဓာတ် ပုံမှန်ဖြစ်နေခြင်းမျိုးလည်း ရှိနိုင်ပါသည်။ ဤကဲ့သို့အချိန်မျိုးတွင်လည်း ဆေးသောက်ရန် လိုအပ်နိုင်ပါသည်။
.

၇။ တီဗီဓာတ်မှန် သို့ အာထရာဆောင်း (liver ultrasound)

တယ်လီဗွီးရှင်းဓာတ်မှန် အာထရာဆောင်းရိုက်ခြင်းဖြင့် အသည်းကောင်း/မကောင်း၊ အသည်းတွင် အကျိတ်ရှိ/မရှိ၊ အသည်းခြောက်/မခြောက် သိရှိနိုင်ပါသည်။

တချို့သောအခြေအနေများတွင် ကွန်ပြူတာဓာတ်မှန် CT နှင့် သံလိုက်စက်ကွင်းဓာတ်မှန် MRI ရိုက်ရန်အထိ လိုအပ်နိုင်ပါသည်။
.

၈။ အသည်းကင်ဆာ ရှိ/မရှိ စစ်ဆေးသော စမ်းသပ်ချက် AFP (alpha-feto protein)

Alpha- feto protein သည် အသည်းကင်ဆာအပြင် တခြားသောရောဂါများတွင်လည်း ပမာဏများနိုင်သဖြင့် တခြားသောစစ်ဆေးချက်များဖြင့် ပေါင်းစည်း၍သာ အဓိပ္ပါယ်ဖတ်လို့ရပါသည်။

ထို့ကြောင့် ဤစစ်ဆေးချက်တစ်ခုတည်းဖြင့် အသည်းကင်ဆာမရှိပါဟု ဆုံးဖြတ်၍မရပါ။

တယ်လီဗွီရှင်းဓာတ်မှန် အာထရာဆောင်းနှင့်အတူ တခြားသော စစ်ဆေးချက်များပေါ်မူတည်ပြီး အသည်းကင်ဆာ ရှိ/မရှိ ဆုံးဖြတ်ခြင်းကသာ အမှန်ကန်ဆုံးဖြစ်ပါသည်။

အသည်းရောင်အသားဝါ B ပိုးရှိ/မရှိ သိလိုလျှင် Hepatitis B surface antigen test (HBsAg) ကိုသာ စစ်ဆေးဖို့လိုပါသည်။

ကျန်ရှိသော ဓာတ်ခွဲခန်းစမ်းသပ်ချက်များကို သင့်ဆရာဝန်က . . .

  • ကာလတို အသည်းရောင်အသားဝါရောဂါလား၊ ကာလရှည်ရောဂါလား ခွဲခြားရာတွင်သော်လည်းကောင်း
  • အသည်းရောင်အသားဝါ B ပိုးအတွက်ဆေး (antiviral) သောက်ရန် လိုအပ်မှုရှိ/မရှိ ဆုံးဖြတ်ရန်အတွက်လည်းကောင်း
  • ရောဂါအခြေအနေ စောင့်ကြည့်ရန်အတွက်လည်းကောင်း အသုံးပြုပါလိမ့်မည်။
    .

အထက်ပါ စစ်ဆေးစမ်းသပ်ချက်များကို အဓိပ္ပါယ်ဖတ်ရာတွင် စမ်းသပ်ချက်တစ်မျိုးတည်းကိုသာ အတည်ယူခြင်းမရှိဘဲ စစ်ဆေးစမ်းသပ်ချက် အကုန် စစ်ဆေးပြီး ဆရာဝန်၏ နားလည်တတ်ကျွမ်းမှုနှင့်ပေါင်းစပ်မှသာ အကောင်းဆုံးကုသမှုကို ရရှိနိုင်ခြင်း ဖြစ်ပါသည်။

ဤဓာတ်ခွဲခန်းစစ်ဆေးစမ်းသပ်ချက်များကို လူနာများ ထိတွေ့ရင်းနှီးစေရန်နှင့် မိမိရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ရန် ရေးသားခြင်းသာဖြစ်ပါသည်။

ဆရာဝန်၏ညွှန်ကြားချက်မပါဘဲ မိမိကိုယ်တိုင် ရောဂါရှာဖွေကုသခြင်းသည် နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေနိုင်သဖြင့် ဆရာဝန်နှင့် အမြဲတိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းလိုက်ပါရစေ။

ချစ်ခြင်း၊ ဂရုစိုက်ခြင်း များစွာဖြင့်…။

Dr. Latte
Telekyanmar

Reference : 📚
https:// www. hepb. org / prevention-and-diagnosis/diagnosis/hepatitis-b-blood-tests/

https:// www. who. int / news-room/fact-sheets/detail/hepatitis-b

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here