“ ကိုယ်ဟာ စိတ်တိုဒေါသထွက်လွယ် ပေါက်ကွဲလွယ်သူ တစ်ယောက်လား”

လောကဓံရဲ့ ရိုက်ခတ်မှုတွေကြားမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က အဆင်မပြေမှုတွေကို ကျွန်မတို့ဟာ ကြံ့ကြံ့ခံရင်ဆိုင်တဲ့အခါ စိတ်၏ကြံ့ခိုင်ခြင်းဟာ အရေးပါတဲ့ရှုထောင့်တစ်ခုအနေနဲ့ ပါဝင်လာပါတယ်။

ပင်ကိုယ်စိတ်အခြေအနေ ကောင်းမွန်နူးညံ့တဲ့သူတွေတောင်မှ စိတ်ဖိစီးမှုတွေကို ကြာရှည်စွာကြုံတွေ့ရတဲ့အခါ အပြုအမူပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ စိတ်ခံစားချက်တွေ၊ အကျင့်တွေ ပြောင်းလဲလာတာကို ကျွန်မတို့ကိုယ်တိုင်သာမက ကိုယ့်ပတ်ဝန်းကျင်မှာပါ တွေ့ဖူးမြင်ဖူး ခံစားဖူးကြမှာပါ။

ကျွန်မတို့ဟာ အသက်ရှင်ရပ်တည်ဖို့အတွက် လိုအပ်တဲ့ အခြေခံအကျဆုံးဖြစ်တဲ့ basic needs (အခြေခံစားဝတ်နေရေး) ကိုတောင် လုံလောက်အောင် မရကြတဲ့အခါ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုဒဏ်ကို အလူးအလဲ ခံစားရပါတော့တယ်။

တစ်ကိုယ်စာ လုံခြုံရေး၊ အစာရေစာ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှု စသဖြင့် ဒီကာလမှာ အရာအားလုံးကို ဆုံးရှုံးနေကြရတယ် မဟုတ်ပါလား။

ဒါတွေကြောင့်ပဲ ကျွန်မတို့ဟာ နေ့စဉ်ဘဝမှာ မပျော်ရွှင်နိုင်တော့ပါဘူး။

ဒီလိုစိတ်ဖိစီးမှုတွေကို ကောင်းစွာမကိုင်တွယ်နိုင်‌တော့တဲ့အခါ ကျွန်မတို့ဟာ ကိုယ်တိုင်တောင် မသိမထားမိလိုက်ပါပဲ အရာရာကိုမကောင်းမြင်လာသလို၊ စိတ်တွေဟာလည်း ထိလွယ်ရှလွယ် ဒေါသထွက်လွယ်လာသလို၊ အသေးအဖွဲကိစ္စလေးတွေကိုတောင်မှ သည်းမခံနိုင်လောက်အောင် စိတ်ဟာကြွပ်ဆတ်လာပါတော့တယ်။

မကောင်းတဲ့အတွေးတွေနဲ့ အိပ်မပျော်တဲ့ညတွေ များလာတတ်သလို အာရုံစူးစိုက်ရခက်ခြင်းနဲ့အတူ ခန္ဓာကိုယ်ကလည်း အမျိုးအမည်တပ်မရတဲ့ နာကျင်ကိုက်ခဲမှုတွေကိုလည်း ခံစားလာရတတ်ပါတယ် ။

ဒါတွေကို ကျွန်မတို့ ဘယ်လိုကျော်လွှားကြမလဲ။

မိမိ ထိန်းချုပ်လို့မရတဲ့ အရာတွေအတွက် ပူပန်သောကရောက်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း၊ မိမိကိုယ်ကို ညှာတာခြင်းဆိုတဲ့ selfcare, selflove လေးနဲ့ အရင်စကြည့်ရအောင်ပါ 😍

  • အိပ်ချိန်မှန်မှန်ထားပါ။ လုံလောက်စွာအိပ်စက်ပါ။
  • ကျန်းမာမျှတစွာ စားသုံးပါ။ ရေများများသောက်ပါ။
  • နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ။
  • စာဖတ်ခြင်း၊ တရားထိုင်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်းလုပ်ခြင်းများ ပြုလုပ်ပေးပါ။
  • ခံစားချက်တွေကို ချရေးကြည့်ပါ။
  • မိသားစုဝင်များနဲ့ အချိန်ပေးပါ၊ စကားပြောပါ။
  • Social media သုံးစွဲချိန်ကို ကန့်သတ်ပါ။
  • အရက်၊ မူးယစ်ဆေးများကို ရှောင်ပါ။
    .

ဒါ့အပြင်

  • စိတ်တိုဒေါသမဖြစ်ခင် ရှေ့ပြေးလက္ခဏာများဖြစ်တဲ့ ကြွက်သားများတောင့်တင်းလာခြင်း၊ နှလုံးခုန်မြန်လာခြင်း၊ အသက်ရှုမြန်၍ ချွေးစေးများထွက်လာခြင်း စသည်တို့ကို ခံစားရပါက မိမိကိုယ်ကိုသတိချပ်ပြီး…
  • အသက်ကိုပြင်းပြင်း ရှုသွင်းရှုထုတ်လုပ်ခြင်း
  • နံပတ်စဉ်များကို ရေရွတ်ခြင်း
  • မိမိနှစ်သက်ရာ တေးသီချင်းသံစဉ်များကို နားထောင်ခြင်း
  • လမ်းလျှောက်ထွက်ခြင်း
  • ရယ်စရာဟာသများ ဖတ်ခြင်း/ ကြည့်ခြင်း
  • အတွေးများကို ပြန်လည်ဆန်းစစ်ခြင်း စသည်အရာများကို လုပ်ပေးခြင်းအားဖြင့်လည်း ဒေါသပေါက်ကွဲခြင်းကို ကာကွယ်တားဆီးလို့ရပါသေးတယ်။

ဒါတွေဟာ ကျွန်မတို့ကိုယ်တိုင် ကျွန်မတို့ရဲ့ anger issues ကို ထိန်းချုပ်နိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေပဲ ဖြစ်ပါတယ်ရှင်…။

သင်၏စိတ်ကလေး ကျန်းမာဖို့
ဒေါက်တာမီ
(စိတ်ပညာလေ့လာသူ ဆရာဝန်တစ်ဦး)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here