သွားမှာ အလွှာ (၃) ခု ရှိပါတယ်။
(၁) သွားရဲ့အပြင်ဆုံးကြွေလွှာ (Enamel Layer)
(၂) အပြင်ဆုံးရဲ့အောက်မှာရှိတဲ့ ဆင်စွယ်နှစ်လွှာ (Dentin Layer)
(၂) အာရုံကြောနဲ့ သွေးကြောတွေရှိတဲ့ အတွင်းဘက်ဆုံး (Pulp Layer) ဖြစ်ပါတယ်။
သွားပိုးပေါက်ဆိုတာ သွားတွေပျက်စီးပြီး ဖြစ်လာတဲ့ အပေါက်တွေ ဖြစ်ပါတယ်။ ပါးစပ်ထဲမှာရှိတဲ့ ဘတ်တီးရီးယားနဲ့ အစာကြွင်းကျန်တွေကနေ ထွက်လာတဲ့အက်စစ်ဓာတ်က မာကြောတဲ့ သွားရဲ့အပြင်ဆုံးကြွေလွှာ (enamel) ကို တိုက်စားသွားပြီး သွားပိုးပေါက်တွေ ဖြစ်လာပါတယ်။
သွားနှင့်ခံတွင်းကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးခြင်းဖြင့် သွားပိုးပေါက်မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
Tooth Cavities ကို Dental Caries လို့လည်း သုံးနှုန်းကြပါတယ်။
…
…
◾️သွားပိုးပေါက် အမျိုးအစားများ
အပေါက် (cavity) ဖြစ်တဲ့နေရာပေါ်မူတည်ပြီး (၃) မျိုးရှိပါတယ်။
(၁) Smooth Surface Cavity
သွားရဲ့ ချောမွေ့တဲ့မျက်နှာပြင်မှာဖြစ်တဲ့အပေါက် (cavity) ဖြစ်ပါတယ်။ ဒီ cavity အမျိုးအစားက ခံတွင်းသန့်ရှင်းရေး ပုံမှန်မလုပ်သူတွေမှာ တဖြည်းဖြည်းနဲ့ ဖြစ်တတ်ပြီး အသက် ၂၀ ကျော်တဲ့သူတွေမှာ တွေ့ရလေ့ရှိပါတယ်။
(၂) Pit and Fissure Cavity
သွားရဲ့အပေါ်ပိုင်း (အစာဝါးတဲ့မျက်နှာပြင်) မှာ ဖြစ်တဲ့ cavity ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေမှာ စဖြစ်တတ်ပြီး အချိန်တိုအတွင်း သွားတွေပျက်စီးစေနိုင်ပါတယ်။
(၃) Root Cavity
သွားဖုံးအောက်လျှောခြင်း (gum recession) ဖြစ်တဲ့သူတွေမှာ အစာအကြွင်းအကျန်နဲ့ အက်စစ်ဓာတ်များက သွားရဲ့အမြစ် (teeth root) မှာ စုပုံပြီး Root Cavity ဖြစ်စေပါတယ်။
…
…
◾️သွားပိုးပေါက်ဖြစ်ရင် ဘယ်လို ရောဂါလက္ခဏာတွေ ခံစားရလဲ
Cavity ဖြစ်ရင်…
(၁) သွားမျက်နှာပြင်များတွင် အမည်းစက်များစတင်ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် အပေါက်ဖြစ်လာခြင်း
(၂) ခံတွင်းအနံ့ဆိုးခြင်း၊ ပါးစပ်အရသာပျက်ခြင်း
(၃) Dentin အလွှာရောက်လာလျှင် ပူနွေးသော (သို့မဟုတ်) အေးခဲသော အစားအသောက်များ စားတဲ့အခါ သွားကျဉ်တာတွေ ဖြစ်တတ်ပါတယ်။
(၄) သွားဖုံးသွေးထွက်ခြင်းနှင့် တခြားသွားဖုံးရောဂါများဆက်ဖြစ်နိုင်ခြင်း
(၅) သွားကိုက်ခြင်း
(၆) မကုသဘဲထားလျှင် မျက်နှာဖောရောင်ခြင်းမှတစ်ဆင့် အသက်ရှူရခက်ခဲခြင်းထိ ဖြစ်နိုင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
…
…
◾️သွားပိုးပေါက် ဘာကြောင့်ဖြစ်လဲ
ပါးစပ်မှာရှိတဲ့ ဘက်တီးရီးယားတွေက သကြားပါတဲ့ (သို့မဟုတ်) ကာဗိုဟိုက်ဒြိတ်ပါတဲ့ အစားအသောက်တွေကို စားသုံးပြီး အက်စစ်အဖြစ် ပြောင်းလဲစေပါတယ်။
ဘက်တီးရီးယား၊ အက်စစ်၊ အစာအကြွင်းအကျန်တွေနဲ့ သွားရည် အားလုံးပေါင်းပြီး သွားချေး (dental plaque) ဖြစ်သွားပြီး သွားတွေကို ကပ်တွယ်လျက်ရှိပါတယ်။
သေချာသွားမတိုက်တဲ့အခါ သွားချေး (plaque) မှာရှိတဲ့ အက်စစ်တွေက သွားရဲ enamel layer ကို ဖြည်းဖြည်းချင်းတိုက်စားပြီး သွားပိုးပေါက်တွေ ဖြစ်လာပါတယ်။
…
…
◾️သွားပိုပေါက်တွေကို ဘယ်လို ကုသမလဲ
ကုသမှုတွေက သွားပျက်စီးမှုအခြေနေပေါ် မူတည်ပါတယ်။
- Fluoride
Cavity မဖြစ်ခင် အစပိုင်းမှာ ဖလိုရိုက်ဒ် (fluoride) ပါဝင်သော သွားတိုက်ဆေးနဲ့ တစ်နေ့ ၂ ကြိမ် သွားတိုက်ခြင်း၊ Fluoride ပါဝင်သော ပလုတ်ကျင်းဆေးရည်များကို အသုံးပြုခြင်း၊ သွားမျက်နှာပြင်ပေါ်ရှိ ချိုင့်ခွက်များကို ကြိုတင်ဖာထေးထားခြင်း (Pit and Fissures sealant) တို့က ပျက်စီးသွားတဲ့ enamel အလွှာကို ပြန်ကောင်းစေနိုင်ပါတယ်။ - Dental Fillings
Cavity စဖြစ်ပြီဆိုရင် ပျက်စီးသွားသော သွားအတွင်းမှ တစ်သျှူးများကို ဖယ်ရှားပြီး (dental filling) သွားဖာဖို့ လိုအပ်ပါတယ်။ - Root Canal Therapy (သွားအကြောထုတ်ကုသခြင်း)
သွားပျက်စီးမှုအလွန်များပြီး နာကျင်ကိုက်ခဲရင် သွားအကြောထုတ်ကုသမှ သက်သာပါတယ်။ သွားအကြောသတ်တဲ့အခါ အာရုံကြောနဲ့ သွေးကြောတွေရှိတဲ့ သွားရဲ့ pulp အလွှာကို ဖယ်ထုတ်ပြီး သွားဖာရပါတယ်။ သွားအကြောထုတ်ကုသဖို့ မရတော့ရင်တော့ သွားနုတ်ရပါတယ်။
…
…
◾️သွားပိုးပေါက်မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ
- Fluoride ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ အနည်းဆုံး တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။
- သကြားနဲ့ ကစီဓာတ်ပါတဲ့ အစားအသောက်များ လျှော့စားပါ။
- သွားတစ်ခုနဲ့တစ်ခုကြားမှာကျန်လေ့ရှိတဲ့ အစာအကြွင်းအကျန်များကို ဖယ်ရှားဖို့ သွားပွတ်ကြိုးကို အသုံးပြုပါ။
- ကြိုတင်ကာကွယ်တဲ့အနေနဲ့ ၆ လတစ်ကြိမ် သွားဆေးခန်းပြသပြီး ပုံမှန်စစ်ဆေးမှုခံယူပါ။
Ref: 📖
https:// my. clevelandclinic. org /health/diseases/10946-cavities
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.