သွေးလွန်တုပ်ကွေး ဖြစ်သူကို ပြုစုစောင့်ရှောက်ခြင်း

0
379

မပြင်းထန်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေသူကို အိမ်တွင် ပြုစုကုသနိုင်ပါသည်။

1️⃣ များများအနားယူရန် လိုအပ်ပါသည်။

2️⃣ အရည်များများ သောက်ပေးပါ။

3️⃣ အနားယူသည့်အခါ/ အိပ်သည့်အခါ ခြင်ထောင်ဖြင့် အိပ်ပါ၊ ခြင်နိုင်ဆေး အသုံးပြုပါ။

4️⃣ Paracetamol သည် အဖျားနှင့် နာကျင်မှုကို သက်သာစေနိုင်သည်။ Aspirin သို့မဟုတ် Ibuprofen မသောက်ရပါ။

5️⃣ ပြင်းထန်သော သွေးလွန်တုပ်ကွေး သတိပေးလက္ခဏာများ ရှိလာပါက ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပါ။

6️⃣ အခြားသူများကို ပြုစုစောင့်ရှောက်နေစဉ် ပေါ့ပါးသော အင်္ကျီလက်ရှည် ဝတ်ဆင်ပါ၊ ခြင်နိုင်ဆေး အသုံးပြုပါ။

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
..
..
အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၉) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။

ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏

(ဗမာ၊ ကချင်၊ ကယား၊ စကောကရင်၊ ထားဝယ်၊ ရခိုင်၊ ရှမ်း၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်)

(ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊)

LEAVE A REPLY

Please enter your comment!
Please enter your name here