ခရီးသွားရမှာ ကားမမူးအောင် B6 လေး သောက်သွားနော်ဆိုပြီး အဝါရောင်ဆေးကဒ်လေး ဆောင်ကြ၊ သောက်ကြတာကို မြင်ဖူးကြမှာပါ။ 

ဒါက အမှန်ပဲလားဆိုရင် လုံးဝ မဟုတ်ပါဘူးနော်။

🟡 သူတို့က ပုံသဏ္ဍာန်အားဖြင့် အဝါရောင်ဆေးပြားလေးတွေအဖြစ် တူနေပေမဲ့ သက်ရောက်မှုကတော့ လုံးဝ ကွာခြားပါတယ်။
.

🔹 B6 (Pyridoxine) ဆိုတာက 

ဗိုက်တာမင် ဘီ (Vitamin B) အုပ်စုတွေထဲက တစ်ခုဖြစ်တဲ့ ဗိုက်တာမင်တစ်မျိုးပါ။

B6 ကို ဘယ်နေရာတွေမှာ သုံးလဲဆိုရင် အကြောအားဆေးအနေနဲ့ အများစုအသုံးပြုကြပါတယ်။
.

🔹 B6 က ဘာတွေကောင်းလဲဆိုရင်

  • ကိုယ်ခံအား ကောင်းစေတယ်
  • အာရုံကြောတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေတယ်
  • ဦးနှောက်ကျန်းမာရေးအတွက် အထောက်အကူပြုတယ်
  • စိတ်ကျန်းမာရေး၊ စိတ်ခံစားချက်တို့ကို ကောင်းမွန်စေတယ်
  • အမျိုးသမီးတွေ လစဥ်ဓမ္မတာ မလာခင် ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေတယ်
  • သွေးအားနည်းရောဂါကို သက်သာစေတယ်
  • ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ခံစားရလေ့ရှိတဲ့ မူးဝေပျို့အန်ခြင်းတို့ကို သက်သာစေတယ်
  • နှလုံးရောဂါတွေနဲ့ ပတ်သက်ပြီးလည်း ကောင်းမွန်တာတွေ ရှိပါတယ်။

ဒါ့အပြင် တခြားသော ဗိုက်တာမင် ဘီအုပ်စု ဖြစ်တဲ့ B1, B12 တို့နဲ့ တွဲဖက်ပြီးလည်း Vitamin B1+6+12 complex အနေနဲ့ သောက်သုံးကြပါတယ်။
.

🔹 ဒါပေမယ့် တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း B6 ကို လိုတာထက်ပိုပြီး သောက်သုံးမိရင်တော့

  • မအီမသာဖြစ်တာတွေ
  • ရင်ပူတာတွေ
  • ခြေလက်ထုံကျဥ် ကိုက်ခဲမှုတွေ
  • ခန္ဓာကိုယ်လှုပ်ရှားမှု မမှန်မကန်ဖြစ်တာတွေ စတာတွေကို ခံစားရနိုင်ပါတယ်။

ဒါဆိုရင် ကားမမူးအောင် သောက်တာကရော ဘာဆေးလဲ

🔹 သူကတော့ Dimenhydrinate လို့ခေါ်တဲ့ Antihistamine အုပ်စုဝင် ဆေးတစ်မျိုး ဖြစ်ပါတယ်။ 

သူ့ကို အမူးပြေဆေးဆိုပြီး အခေါ်များသလို ကားဂိတ်၊ ရထားဂိတ်တွေမှာလည်း အဝါရောင်ဆေးကဒ်လေးတွေအနေနဲ့ ရောင်းချလေ့ရှိပါတယ်။
.

🔹 သူကတော့ ပြောထားတဲ့အတိုင်း

ခရိးသွားလာရင်ဖြစ်တတ်တဲ့ မူးဝေခြင်းနဲ့ ပျို့အင့့်အော့အန်ခြင်းကို သက်သာစေပါတယ်။

သူ့ကို ကားမထွက်ခင် နာရီဝက်၊ တစ်နာရီအလိုမှာ ကြိုသောက်ထားပေးရင် ပိုကောင်းပါတယ်။

အဲဒီဆေးက အိပ်ငိုက်တတ်တဲ့ သက်ရောက်မှုရှိတာကြောင့် အသက် ၂ နှစ်အောက် ကလေးတွေကိုတော့ တိုက်ကျွေးခြင်း မပြုမိစေဖို့ လိုပါတယ်။

❗️ခုနပြောတဲ့ ဆေးနှစ်ခုကို လူတွေက အမှတ်မှားပြီး သောက်ကြတဲ့အခါ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

B6 လိုအပ်တဲ့ နေရာမှာ Dimenhydrinate ပေးလိုက်မိရင် ပိုပြီး ငိုက်မျဥ်းလာတာ၊ မျက်လုံးတွေ ဝေဝါးလာတာ၊ ခေါင်းကိုက်ခေါင်းမူးတာတွေ ဖြစ်စေနိုင်ပါတယ်။ 
❗️အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ ခံစားရလေ့ ရှိတဲ့ မနက်ခင်းပျို့အန်ချင်စိတ် Morning sickness လိုမျိုးမှာ B6 သောက်ရမဲ့အစား Dimenhydrinate သောက်မိရင် ခေါင်းကိုက်တာ၊ ခေါင်းမူးတာမျိုး ဖြစ်လာနိုင်တဲ့အပြင် သန္ဓေသားကိုပါ ထိခိုက်လာနိုင်ပါတယ်။ 

❕ ဒါကြောင့်မို့လို့ ဆေးတွေကို သတိထားကြည့်ရှုပြီးမှ ဝယ်ယူသောက်သုံးသင့်သလို ဆေးများကို ရောင်းချသူများဘက်မှလည်း မှန်ကန်တဲ့ဆေးကိုသာ ရောင်းချစေလိုပါတယ်။

ရောဂါအကြောင်း တစ်ခုခုသိလိုသည်ဖြစ်စေ၊ တစ်ခုခု ခံစားရလို့ ပြသလိုသည်ဖြစ်စေ တယ်လီကျန်းမာကလည်း လူကြီးမင်းတို့အတွက် အမြဲအသင့် ရှိနေကြောင်း ပြောကြားပါရစေ။ 🤍

Messenger သို့ ဆက်သွယ်လိုက်ရုံပါပဲ….။

Ref: 📚
https:// www. webmd. com / drugs/2/drug-8645/dimenhydrinate-oral/details,

https:// www. mayoclinic. org / drugs-supplements-vitamin-b6/

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here