ဆီကြော်တွေစားလို့ စော်ကြည်နိုင်သလား 🤔
.

ဟုတ်ကဲ့ပါ….ဆီကြော်မုန့်တွေ၊ Fast Food၊ Junk Food တွေစားလို့ စော်တော့မကြည်နိုင်ပေမယ့် ဘေးထွက်ဆိုးကျိုး (side effect) တွေတော့ ကြည်နိုင်ပါတယ်။

ကျွန်တော်တို့အများစုက ဆီကြော်မုန့်တွေ၊ Fast Food တွေဟာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကို သိလျက်နဲ့ စားကောင်းနေကြဆဲ ဖြစ်ပါတယ်။

ဆီကြော်မုန့်တွေမှာ ပြည့်ဝဆီတွေ၊ သကြားဓာတ်တွေ အများကြီး ပါဝင်နေပြီး တစ်ခါတစ်ရံစားရင်တော့ ဘာမှမဖြစ်ပေမယ့် ခဏခဏစားလာတဲ့အခါ၊ အများကြီးစားလာတဲ့အခါမှာဆိုရင် ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။

ဘယ်လိုမျိုးတွေ ထိခိုက်စေနိုင်လဲဆိုတော့ အားလုံးသိတဲ့အတိုင်း …

  • အဝလွန်လာပြီး မအီမသာ ဖြစ်လာမယ်။
  • ကိုယ်အတွင်းကလီစာတွေကို အဆီတွေဖုံးသွားမယ်။
  • သွေးတွင်းကိုလက်စထရောတွေ မြင့်တက်လာမယ်။
  • နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်မယ်။
  • ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေ ဖြစ်မယ်။
  • အစာမကြေ၊ နေထိုင်မကောင်းတာတွေ ဖြစ်မယ်။
  • အဆိုးဆုံးကတော့ ကင်ဆာရောဂါတွေ အထိတောင် ဖြစ်လာနိုင်ပါတယ်။

အဲဒီလိုတွေမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ ဆိုရင်တော့…

✅ လုံးဝမရှောင်နိုင်ရင်တောင် လျှော့စားပေးဖို့ လိုပါတယ်။

✅ ဒါ့အပြင် ကိုယ်လက်လှုပ်ရှား လေကျင့်ခန်းတွေ လုပ်ပေးပါ။

✅ အသီးအရွက် များများစားပေးပါ။

✅ အိပ်ရေးဝဝ အိပ်ပါ။

✅ ချက်ပြုတ်စားသောက်ရင်လည်း ဆီသန့်သန့်နဲ့ပဲ ချက်စားပေးပါ။

အကြော်ကြော်ထားတဲ့ဆီကို ထပ်ခါထပ်ခါ ပြန်ကြော်ဖို့မသုံးပါနဲ့။ ကြော်လှော်တာအတွက် တစ်ခါသုံးပြီးရင် ဟင်းထဲထည့်ချက်တာမျိုး လုပ်ပါ။

✅ ဆီမပါဘဲ Air Fryer တွေနဲ့လည်း ကြော်စားလို့ရပါတယ်။

ဒီလိုနည်းနဲ့ ဆီကြော်များကို လျှော့ပေါ့စားသောက်ပြီး ကျန်းမာလှပတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။✨

Ref: 📖
https:// www. medicalnewstoday. com /articles/324847#short-term-impacts

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here