ပြသနာလေးအချို့ တင်ပြပါရစေ။
တစ်ခုက ရေကူးအားကစားမယ်တစ်ယောက် အတော်အဆင့်မြင့်တဲ့ပြိုင်ပွဲကြီးတစ်ခု ဝင်ရောက်ယှဉ်ပြိုင်ရမယ်။ ဗိုလ်စွဲဖို့လည်း အတော်ရေပန်းစားနေတယ်။ ချန်ပီယံတံဆိပ်က သူ့အတွက်။ အားလုံးက အဲဒီလို ကြိုတင်ခန့်မှန်းထားကြတယ်။
ပြဿနာက ပြိုင်ပွဲကျင်းပမယ့်နေ့က သူ ရာသီလာမယ့်နေ့။ ဘာလုပ်ကြမတုန်း။ ပြိုင်ပွဲရက်လည်း ရွှေ့ပေးလို့မရ။ သူကလည်း ပြိုင်ပွဲထဲက နှုတ်ထွက်လို့မရ။ ရေကူးကန်ထဲက ရေတွေလည်း အနီရောင်ပြောင်းသွားလို့ မရ။ ဘာလုပ်ကြမတုန်း။
နောက်တစ်ခုက (ခုခေတ်တော့ တော်တော်ရှားပါပြီလေ) မင်္ဂလာဆောင်တဲ့နေ့နဲ့ မင်္ဂလာဦးည တစ်ထပ်တည်းကျတဲ့ စုံတွဲတွေ။
မင်္ဂလာဆောင်ဖို့ ရက်မြတ်မင်္ဂလာကို လူကြီးသူမတွေ၊ ဗေဒင်ဆရာတွေ၊ ဆရာတော်ဘုရားကြီးတွေက သတ်မှတ်ပေးကြတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ လူကြီးတွေရွေးပေးတဲ့ရက်က သူတို့သမီး ရာသီလာမယ့်ရက်နဲ့ တည့်တည့်တိုးနေတယ်။ ဘာလုပ်ကြမလဲ။ သူတို့သမီးက ရက်ရွှေ့ပေးပါလို့ ဘယ်သူ့ကို သွားပြောရဲမလဲ။
နောက်တစ်ခုက ခုတော်လှန်ရေးကာလ ရဲမေတွေ။ ထောက်ပို့သွားရတော့မယ်။ Mission ဖေါ်ဆောင်ရတော့မယ်။ ဂျူတီထမ်းရမယ့် ရက်တည့်တည့် ရာသီလာတော့မယ်။ အောက်ကတစိုစိုနဲ့ လစဥ်သုံးပစ္စည်း (pad) တစ်နေ့သုံးခါ လဲရတော့မယ်။ ဘာလုပ်ကြမလဲ။
…
…
အဖြေကတော့ c.o.c pills ပါပဲဗျ။ ရာသီမလာမီ တစ်ပတ်ကြိုတင်ပြီး c.o.c pills တစ်နေ့ တစ်လုံးသောက်ပါဗျ။ လာရမယ့်နေ့ မလာတော့ပါဘူး။ ရာသီမလာချင်သမျှ ကာလပတ်လုံး အပေါ်သုံးတန်းကို တစ်နေ့ တစ်လုံးသောက်ပါ။ အောက်ဆုံးတန်းကို ကျော်လိုက်ပါ။ နောက်ကဒ်အသစ်တစ်ခုရဲ့ ပထမဆုံး အတန်းကနေ ပြန်စသောက်ပါ။ လုံးဝ ရာသီမပေါ်ပါဘူး။ ရာသီပေါ်ချင်တယ်ဆိုမှ အောက်ဆုံးအတန်းထိကို သောက်ပါဗျ။
ဒါကိုမှ အဆင်မပြေတာရှိသေးရင် တယ်လီကျန်းမာမှာ သားဖွားမီးယပ် အထူးကုဆရာဝန်တွေနဲ့ လာရောက် ဆွေးနွေးနိုင်ပါတယ်ဗျ။
ဒေါက်တာဝသုန်
အထူးကုဆရာဝန်တစ်ဦး
လွတ်မြောက်နယ်မြေတစ်နေရာ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.