ဘဝမှာ လူတွေဟာ ခက်ခဲတဲ့အချိန်တွေကို​ ဖြတ်ကျော်ရတတ်ပါတယ်…

ကိုယ်တိုင်ကျော်ဖြတ်ရချိန်မှာ ပတ်ဝန်းကျင်က ကိုယ့်ကို ကူညီတတ်ကြသလို….တစ်ချိန်ချိန်မှာတော့ ကိုယ့်မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေရဲ့ စိတ်ကျန်းမာရေးအတွက် ကိုယ်ကပြန်ပြီး စိုးရိမ်ပူပန်ရတယ်ဆိုတာလည်း ရှိတတ်ပါတယ်။

???? အဲလိုအချိန်အခါမျိုးမှာ မိမိတို့အနေနဲ့ ကိုယ်ချစ်ခင်ရတဲ့သူတွေကို ကူညီဖို့နည်းလမ်းတွေ အများကြီးရှိပါတယ်ဆိုတာလေး မျှဝေပေးချင်တာပါ ????

..

..

❓တစ်ပါးသူ စိတ်ကျန်းမာရေးထိခိုက်ခံစားနေကြောင်း ဘယ်လိုသိနိုင်မလဲ

တစ်ခါတလေမှာ လူတစ်ယောက် စိတ်ကျန်းမာရေး ထိခိုက်တဲ့အထိ ခံစားနေရကြောင်း သိဖို့မလွယ်ပေမယ့်၊ သူဟာ အခက်အခဲတွေ ကြုံတွေ့ဖြတ်သန်းနေရကြောင်းကတော့ လက်တွေ့ကျကျ သိသာထင်ရှားပါတယ်။

ဒီလိုအချိန်အခါမျိုးမှာ သူဟာ စိတ်ကျန်းမာရေး ထိခိုက်နေတယ်/မထိခိုက်နေဘူး သိစရာမလိုပါဘူး။

သူတို့ကို ရောဂါအမျိုးအမည် (burnout, overdue stress, anxiety, depression, PTSD etc.) ဖော်ထုတ်ဖို့ထက် အခက်အခဲကြုံတွေ့နေရတဲ့သူကို အလိုက်အထိုက် ကူညီဆက်ဆံလိုက်ဖို့က ပိုအရေးကြီးပါတယ်။

လူတစ်ယောက် အခက်အခဲကြုံနေချိန် သူ့ကို စကားပြောလိုက်တာဟာ သူ့ကိုကူညီဖို့ ပထမဆုံးအဆင့်ပါပဲ။ ဒါမှသာ သူ ကြုံတွေ့နေရတဲ့ပြဿနာနဲ့ ကိုယ် သူ့ကိုဘယ်လိုကူညီနိုင်မလဲ ဆိုတာကို သုံးသပ်သိရှိနိုင်မှာ ဖြစ်ပါတယ်။

???? ကိုယ့်ရဲ့ မိတ်ဆွေခင်ပွန်း၊ ချစ်ခင်ရသူတစ်ဦးဦး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ကြုံနေချိန်မှာ ကိုယ်ဘယ်လို ကူညီလုပ်ဆောင်သင့်တယ်ဆိုတဲ့ အချက်(၈) ချက်ကို ပြောပြပေးပါ့မယ်….????????????

.

(၁) သေချာအချိန်ပေးပါ

Set time aside with no distractions

သူနဲ့စကားပြောတဲ့အခါ သူ့အတွက် အနှောင့်အယှက်ကင်းကင်းဖြစ်အောင် အချိန်သေချာပေးပါ။ ပွင့်လင်းပြီး သူ့ကိုမဝေဖန်တဲ့ အနေအထားတစ်ခု ဖန်တီးပေးပါ။ ခဏခဏ ကြားဖြတ်မပြောပါနဲ့။

.

(၂) သူတို့ ပြောလိုသလောက်ပဲ ပြောပါစေ

Let them share as much or as little as they want to

စကားပြောတဲ့အခါ သူတို့ပဲ ဦးဆောင်ပြောပါစေ။ သူတို့စိတ်ကြိုက် ပြောချင်ရာ ပြောပါစေ။ သူတို့ပြောဖို့အဆင်သင့်မဖြစ်သေးတဲ့ အကြောင်းအရာတွေကို ပြောဖို့ ဖိအားမပေးပါနဲ့။ သူတို့အနေနဲ့ ကိုယ့်ကိုစကားပြောဖို့ဆိုတာ ယုံကြည်မှု‌တွေ၊ သတ္တိတွေမွေးပြီးမှ ပြောဖြစ်တာပါ။ ကိုယ်ဟာ သူတို့ ခုလိုဖွင့်ပြောလာတဲ့ ပထမဦးဆုံးလူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

.

(၃) သူတို့ကို ကောက်ချက်မချပါနဲ့။ သူတို့ခံစားချက်တွေကို မမှန်းဆပါနဲ့

Don’t try to diagnose or second guess their feelings

ကိုယ်က ဆေးပညာနဲ့ မကျွမ်း၀င်တဲ့သူ/ မနီးစပ်တဲ့သူ ဖြစ်နိုင်ပါတယ်။ ကိုယ်က လေ့ကျင့်သင်ယူထားတဲ့ နှစ်သိမ့်အားပေးတဲ့သူ (counsellor) မဟုတ်ပေမယ့်လည်း ကိုယ်ချစ်ခင်ရတဲ့သူတွေရဲ့ စိတ်ဒုက္ခတွေကို မျှဝေနားထောင်ဖို့၊ သူတို့နဲ့ စကားပြောဖို့ အဆင်ပြေနိုင်ပါတယ်။

ဒီလိုအခါမျိုးမှာ အလျင်စလို မှားယွင်းယူဆပြီး ကိုယ်ထင်ရာ ရောဂါအမျိုးအမည်တပ်တာ‌တွေနဲ့ ဖြေရှင်းနည်းတွေကို မလုပ်မိဖို့လိုပါတယ်။

.

(၄) လမ်းကြောင်းတဲ့မေးခွန်းတွေ မမေးပါနဲ့

Keep questions open ended

ဥပမာ- “ မင်းဘာတွေခံစားနေရလဲ ငါ့ကို ပြောပြပါလား” ဆိုတဲ့ မေးခွန်းမျိုးက သင့်တော်ပါတယ်။

“ မင်းခုတလော စိတ်ဓာတ်ကျနေတာ ငါသိတယ်” ဆိုတာမျိုး မမေးသင့်ပါဘူး။

ကိုယ်သုံးလိုက်တဲ့စကားကို အတတ်နိုင်ဆုံး သတိထားပါ။ လမ်းကြောင်းတဲ့မေးခွန်း မဖြစ်ပါစေနဲ့။ သူ့ကို ပြန်ဖြေဖို့ အချိန်ပေးပါ။ မေးခွန်းတွေ အများကြီးမေးပြီး ချောင်မပိတ်ပါစေနဲ့။

.

(၅) မိမိကိုယ်ကို ဂရုစိုက်ဖို့အကြောင်း ပြောပေးပါ

Talk about self-care

စိတ်ဖိစီးမှု လျော့ကျစေတဲ့ နည်းလမ်းတွေ (ဝါသနာပါတာ ဒါမှမဟုတ် စိတ်ပျော်စေမယ့်အရာလုပ်တာ…ဥပမာ- သီချင်းနားထောင်၊ စာဖတ်၊ ခရီးထွက်…)နဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ခိုင်းတာ စတာတွေကို ပြောပြအကြံပေးပါ။ လက်တွေ့လုပ်ခိုင်း/ တူတူလုပ်ပေးပြီး အကျိုးရှိလား ပြန်မေးပါ။

လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်တာ၊ ညအိပ်ရေး၀အောင် အိပ်တာတွေဟာ စိတ်ကျန်းမာရေးသာမက ကိုယ်ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။

.

(၆) သူတို့ ကိုယ့်ကို ဘာပြောလဲ သေချာနားထောင်ပါ

Listen carefully to what they tell you

သူတို့ပြောခဲ့တဲ့အထဲက စကားတချို့ကို ပြန်ပြန်ပြောပြီး သူတို့ပြောတာကို နားလည်ကြောင်း ​ဖော်ပြပြောဆိုပေးပါ။

သူတို့ပြောတွေကို ကိုယ်က သဘောတူစရာ မလိုပါဘူး။ ဒါပေမယ့် သူ့ခံစားချက်တွေကို နားလည်ကြောင်းပြသပြီး သူ့ခံစားချက်တွေကို အလေးထားကြောင်း သိသာနေပါစေ။

.

(၇) စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ စိတ်ကျန်းမာရေး ဆရာ၀န်တွေရဲ့အကူအညီယူဖို့ အကြံပေးပါ။ ယူနိုင်အောင် ကူညီပေးပါ

Offer them help in seeking professional support and provide information on ways to do this

ကိုယ်က သူတို့ကို ဆရာ၀န်ဆီခေါ်သွားပြီး စကားပြောစေချင်ကောင်း ပြောစေချင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကို အတင်းအကြပ် မလုပ်ပါနဲ့။ သူတို့ဘာသာ ပြ/မပြ ဆုံးဖြတ်ပါစေ။

.

(၈) ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာ ကိုယ်သိပါ

Know your limits

ကိုယ့်မှာလည်း ကိုယ်ကူညီနိုင်တဲ့ အတိုင်းအတာဆိုတာ ရှိပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ သူတို့ ကိုယ့်ကို ပြောလိုက်တာတွေ၊ ဖြစ်ပျက်နေတာတွေကို နားလည်သုံးသပ်ပါ၊ ကိုယ့်စိတ်ကိုလည်း အနားပေးပါ။

သူတို့ကို သူငယ်ချင်းတွေ၊ မိသားစုဆွေမျိုး‌တွေနဲ့ (ဒါမှမဟုတ်) စိတ်ကျန်းမာရေး ဆရာ၀န်တွေနဲ့ အကူအညီဖြစ်စေမယ့် အနေအထားလေးတွေ ဖန်တီးပေးပါ။

အထူးသတိထားရမှာကတော့ သူတို့အနေနဲ့ အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေ (သို့) ထိခိုက်ဒဏ်ရာရပြီဆိုရင် သူတို့ဘေးကင်းလုံခြုံအောင် အရေးပေါ် ကူညီလုပ်ဆောင်စရာတွေကို အမြန်လုပ်ဖို့ပါပဲ။

(ဥပမာ- သူတို့ကို စကားပြောပေးတာ၊ ဆေးကုသမှုခံယူနိုင်အောင် ကူညီပေးတာပါ)

တစ်ခါတစ်ရံမှာ ကိုယ်စိတ်ပူနေတဲ့သူတွေက ကိုယ့်ရဲ့မိသားစု၀င်တွေ၊ ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်နေရင်တောင် သူတို့က ကိုယ့်ကို မပြောပြချင်ကြပါဘူး။ အဲ့အခါမျိုးမှာ တအား ၀မ်းမနည်းစေချင်ပါဘူး။

(သူတို့အနေနဲ့ ချစ်တဲ့သူတွေကို ဖွင့်ပြောလိုက်ရင် သူတို့ကြောင့် ချစ်တဲ့သူတွေ ထိခိုက်ခံစားရမှာကို မလိုလားတာကြောင့်ပါ)

ဒီလိုအခါမျိုးမှာ ပွင့်ပွင့်လင်းလင်းနဲ့ အရိုးသားဆုံးအနေနဲ့ ကိုယ်က သူတို့ကို ဂရုစိုက်တယ်ဆိုတဲ့အကြောင်းလောက်သာ ပြောပြပါ။

သူတို့ကို ကူညီပေးနိုင်မယ့် အဖွဲ့အစည်းတွေ (ဥပမာ-တယ်လီကျန်းမာ၊ တိုင်ပင်ဖော်၊ Mind healer စသဖြင့် အဖွဲ့အစည်းတွေ) ရှိကြောင်း ပြောပြပေးနိုင်ပါတယ်။

..

..

အချုပ်ဆိုရရင် စိတ်အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရသူတွေကို အချိန်ပေးပါ။ သူတို့ ပြောတာ ‌နားထောင်ပေးပါ။

သူတို့ကို မဝေဖန်ပါနဲ့။ သူတို့ကိုအရင်က စိတ်ပျော်ရွှင် နှစ်သက်စေတဲ့ အရာလေးတွေကို အတူတူလုပ်ပေးပါ။ အကြံပေးပါ။

လိုအပ်ရင် ကျွမ်းကျင်တဲ့သူတွေရဲ့အကူအညီရယူဖို့အကြံပေးပါ။ ဒီလိုနည်းနဲ့ခုလို ခေတ်အခါကြီးထဲ အချင်းချင်းဖေးမလို့ ရှေ့ဆက်ကြရအောင်ပါ…

.

” စိတ်ပိုင်းဆိုင်ရာ အခက်အခဲ ရှိနေသူတိုင်းကို ကူညီနှစ်သိမ့်ရင်း အတူတူ ရင်ဆိုင်ကျော်လွှားကြပါစို့ “

❤️❤️

Reference : ????

https:// www. mentalhealth.org.uk /explore-mental-health/articles/how-support-someone-mental-health-problem

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here