1️⃣ မျက်နှာပေါ်က အမည်းစက်က ဘာလဲ ❓

အမည်းစက်ဆိုတာ နေရောင်ခြည်နဲ့ အသားအရေ အထိများတဲ့အချိန်မှာ… မျက်နှာပေါ် ခပ်သေးသေး အမည်းရောင်အစက်လေးတွေ ပေါ်လာတတ်တာပါ။

အထူးသဖြင့် ပူပြင်းတဲ့နွေရာသီမှာ အဖြစ်များတတ်ပါတယ်။

အမည်းစက်က လူအများစုမှာ ဖြစ်လေ့ရှိပါတယ်။

..

..

2️⃣ အမည်းစက် ဘယ်လိုပေါ်လာတာလဲ ❓

ခန္ဓာကိုယ်ရဲ့ အရေပြားမှာရှိတဲ့ melanin ဆိုတာ အမည်းရောင်ဖြစ်ပေါ်စေတဲ့ pigment တစ်မျိုးပါ။

နေရောင်ခြည်က melanocytes ဆိုတဲ့ ဆဲလ်လေးတွေကိုထိတဲ့အခါ melanin တွေထွက်လာပြီး အမည်းစက်တွေ ဖြစ်စေတတ်ပါတယ်။

Melanin က အသားအရောင်ရင့်စေတယ်ဆိုပေမယ့် နေရောင်ခြည်နဲ့ UV rays တွေကိုကာကွယ်ပေးနိုင်ပါတယ်။

တစ်ခါတစ်ရံ မျိုးရိုးဗီဇကြောင့်ရယ်၊ ရှားပါးရောဂါ Xeroderma pigmentosum ဆိုတဲ့ နေရောင်ခြည်မခံနိုင်တဲ့ရောဂါသည်တွေမှာလည်း အမည်းစက်တွေ ပိုလို့တွေ့ရတတ်ပါတယ်။

..

..

3️⃣ အမည်းစက် ဘယ်နှစ်မျိုးရှိလဲ ❓

အကြမ်းအားဖြင့် (၂) မျိုး ခွဲထားပါတယ်။

Ephelides- အမည်းစက် အစက်သေးသေးအရွယ် (ခဲတံအစက်အရွယ်) လေးတွေဖြစ်ပြီး အသက်ငယ်တဲ့သူ၊ အသားဖြူတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။

Solar Lentigines – သူက ပိုဆိုးတဲ့ type ပါ။ အမည်းစက်အကွက်လိုက်အဖြစ် အမြင်နဲ့တင် သိသိသာသာ ကြီးနေပြီး… အသက်ကြီးတဲ့သူ၊ အသားညိုသူတွေနဲ့ ကာလတာရှည် နေရောင်ခြည်ထိတွေ့ခံရတဲ့သူတွေမှာ အတွေ့များပါတယ်။

အသားဖြူသူတွေမှာတော့ ခပ်ပါးပါးအမည်းစက်ထွက်လာရင် စသိသာလာပေမယ့်… အသားညိုသူ (မြန်မာအသားအရေ အများစုကျ) ခပ်ထူထူ ခပ်ရင့်ရင့် အမည်းစက်ထွက်မှ စတင်သတိထားမိတတ်ကြပါတယ်။

..

..

4️⃣ ဘယ်လို အမည်းစက်ကို ကုသဖို့လိုသလဲ ❓

အမည်းစက်က ပုံမှန်အားဖြင့် အန္တရာယ်မရှိတဲ့အတွက်… မဖြစ်မနေကုသဖို့ မလိုပါဘူးရှင် …

ဒါပေမယ့် အလှအပရေးရာဆိုင်ရာ ပြဿနာဖြစ်တဲ့အတွက် အမည်းစက်ပျောက်အောင် ပြုလုပ်လိုသူတွေလည်း ရှိပါတယ်။

5️⃣ အမည်းစက်ပျောက်ကင်းအောင် ဘယ်လိုလုပ်ရမလဲ ❓

ပျောက်ကင်းတဲ့အကြောင်းလေးမပြောခင်မှာ…

အနောက်နိုင်ငံတွေမှာ အမျိုးသမီးအများစုက Sunbath နေရောင်ခြည်ခံပြီး အမည်းစက်ထွက်တာကို တအားသဘောကျတဲ့အတွက်… (Freckles Makeup look ဆိုပြီး) တမင် Eyeliner/Freckle pens သုံးပြီး အမည်းစက်ထည့်တာတောင် ရှိပါတယ်။

အမည်းစက်ဖြစ်တယ်ဆိုတာ နေပူဒဏ်ကို မိမိခန္ဓာကိုယ်က ကာကွယ်ပေးတဲ့အနေနဲ့ တုံ့ပြန်တာမျိုးဖြစ်တဲ့အတွက် မျက်နှာပေါ်မှာပေါ်လာတဲ့ အမည်းစက်လေးတွေအတွက် တအားစိတ်မညစ်ကြဖို့ မှာချင်ပါတယ်။

အမည်းစက်တွေ ပိုဆိုးမလာအောင် UV ဒဏ်ကာကွယ်ဖို့ နည်းလမ်းတွေကိုတော့ လိုက်နာစေချင်ပါတယ်။

တကယ်လို့ ကိုယ့်မျက်နှာပေါ်က ဒီအမည်းစက်တွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရတယ်၊ လုံးဝပျောက်ကင်းချင်တယ်ဆိုရင်တော့ ကုသလို့ရတဲ့နည်းလမ်းတွေရှိပါတယ်။

အမည်းစက်ပျောက်ကင်းချင်တယ်ဆိုရင်တော့ ….

လေဆာ ပစ်တာ၊ အအေးကုထုံးပေးတာ၊ Peeling လုပ်တာ… Skin Care မှာဆို Retinoid / Retinol သုံးပေးတာလုပ်လို့ရပါတယ်။

အကောင်းဆုံးကတော့ နားလည်တတ်ကျွမ်းတဲ့ အရေပြားအထူးကုဆရာဝန် (Dermatologist) နဲ့ပြရင်ပိုကောင်းပါတယ်။

..

..

6️⃣ အမည်းစက်မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ❓

အမည်းစက်က ဖြစ်ပြီးရင် ပျောက်ကင်းအောင်ကုသဖို့အတော်ခက်ပါတယ်။

ဒါကြောင့် အမည်းစက်မဖြစ်အောင် နေရောင်ခြည်ထဲမထွက်မီ … Suncream Spf 30 နဲ့အထက်ပါတာ လိမ်းပေးရပါမယ်။ ဦးထုပ်၊ ထီးနဲ့ UV ကာကွယ်ပေးတဲ့ အင်္ကျီလက်ရှည် ဝတ်ပေးရပါမယ်။

အထူးသဖြင့် မနက် (၁၀) နာရီကနေ ညနေ (၄) နာရီအတွင်း နေရောင်ခြည်ဟာ UV ပါဝင်မှု များပြားတာကြောင့် အတတ်နိုင်ဆုံးရှောင်ရပါမယ်။

Dr. Cool

Telekyanmar

Ref- ????

https://my.clevelandclinic.org/…/arti…/23091-freckles….

https://www.elle.com/…/mak…/g42311781/best-freckle-pens/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here