ဆေးရုံ/ဆေးခန်းသွားရတာကို မနှစ်သက်နိုင် ဖြစ်ရတာ၊ စိတ်မသက်မသာ ဖြစ်ရတာဟာ ပုံမှန်စိတ်ခံစားချက် ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ဆေးရုံ/ဆေးခန်းကို ကြောက်လွန်းလို့ မိမိရဲ့ဆေးကုသမှုလိုအပ်ချက်အတွက်တောင် မသွားရဲတာမျိုး၊ နာမကျန်းဖြစ်နေတဲ့ ချစ်ရသူတွေဆီ လူနာသတင်းလေး သွားမေးဖို့တောင် ဝန်လေးနေတာမျိုးဆိုရင်တော့ သင့်မှာ ဆေးရုံ/ဆေးခန်းကြောက်တဲ့ စိတ်ရောဂါ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။
…
…
???? ရောဂါရဲ့ သဘောသဘာဝ
– ဆေးရုံ/ဆေးခန်းတွေကို ရှောင်မယ်။
– ဆေးရုံ/ဆေးခန်းတွေရဲ့ အကြောင်းကို တွေးမိတာ၊ စိတ်ကူးမိတာနဲ့တင် ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာတတ်တယ်။
– ဆေးရုံ/ဆေးခန်းသွားရဖို့ အကြောင်းဖန်လာမှာကိုလည်း ကြိုတွေးပြီး ကြောက်နေတတ်သေးတယ်။
– ဆေးရုံတက်ပြီး ကုသမှုခံယူနေရတဲ့ ချစ်ရသူတွေဆီ လူနာသတင်းမေးဖို့တောင် မသွားနိုင်တာမျိုး ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် ကြောက်စိတ်ဝင်လာချိန်မှာ
– နှလုံးခုန်မြန်တာ
– အသက်ရှူနှုန်းမြန်လာတာ
– ခေါင်းမူးတာ
– ချွေးတအားထွက်တာ
– ပျို့တာ၊ အန်တာ
– ကြွက်သားတောင့်တင်းတာ စတဲ့ ရောဂါလက္ခဏာရပ်တွေအပြင် အိပ်မက်ဆိုးမက်တာတွေအထိပါ ဖြစ်စေတတ်ပါတယ်။
…
…
???? Nosocomephobia လို့ခေါ်တဲ့ ဒီဆေးရုံဆေးခန်းကြောက်တဲ့ရောဂါဟာ အခြား Phobia အမျိုးအစားတွေလိုပဲ အသက်အရွယ်၊ ကျား/မ မရွေး ဖြစ်ပွားတတ်တဲ့ Phobia (ကြောက်စိတ်ဝင်ရောဂါ) တစ်မျိုးပါ။
ဒါ့အပြင် အခြား ကြောက်စိတ်ဝင်စိတ်ရောဂါ Phobia အမျိူးအစားတွေဖြစ်တဲ့
– နာကျင်မှုကိုကြောက်တဲ့ရောဂါ (Agliophobia)
– ရောဂါပိုးမွှားတွေကိုကြောက်တဲ့ရောဂါ (Mysophobia)
– သွေးကြောက်တဲ့ရောဂါ (Hemophobia)
– သေဆုံးခြင်းကိုကြောက်တဲ့ရောဂါ (Thanatophobia)
– ဆေးထိုးအပ်ကြောက်တဲ့ရောဂါ (Trypanophobia) စတာတွေနဲ့လည်း တွဲပြီးတွေ့ရတတ်လေ့ ရှိပါသေးတယ်။
…
…
???? ဆေးရုံ/ဆေးခန်းကြောက်တဲ့ရောဂါဟာ ဘာလို့ဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်းကို တိတိကျကျမသိကြရပါဘူး။ ဒါပေမယ့် စိုးရိမ်ပူပန်မှု လွန်ကဲတဲ့ရောဂါလို ကြောက်စိတ်ဝင် စိတ်ရောဂါ Phobia တစ်မျိုးပဲဖြစ်တာကြောင့် အကြောင်းရင်းတွေကို ဆက်စပ်ကြည့်လို့ ရပါတယ်။
– Genetic (မျိုးရိုးဗီဇ) နဲ့ ပတ်သက်ဆက်နွယ်မယ်လို့ ဆိုကြပါတယ်။
– နောက်ပြီး ဆေးရုံ/ဆေးခန်းနဲ့ပတ်သတ်တဲ့ ငယ်ဘဝဖြစ်ရပ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ (ဥပမာ – ငယ်ငယ်က ခေါင်းကွဲလို့ အစိမ်းသုံးချက်ချုပ်လိုက်ရတယ် ဆိုတာမျိုး)
– ဆေးရုံ/ဆေးခန်းနဲ့ ပတ်သက်တဲ့ မကောင်းတဲ့အမှတ်တရ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ (ဥပမာ – ဆေးရုံမှာပဲ မိမိချစ်ရသူတစ်ဦးဦးကို ဆုံးရှုံးခဲ့ရတာမျိုး)
– နာကျင်မှုကိုကြောက်လို့၊ ဆေးထိုးအပ်ကြောက်လို့၊ သွေးကြောက်လို့ စတာတွေကြောင့် ဆေးရုံ/ဆေးခန်းကြောက်တာလည်း ဖြစ်နိုင်ပါသေးတယ်။
– ဆေးရုံရဲ့ ပိုးသတ်ဆေးအနံ့၊ သွေးညှီနံ့၊ အညစ်အကြေးနံ့ စတာတွေကို မခံနိုင်လို့ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။
– ဒါ့အပြင် သတင်းမီဒီယာ၊ ရုပ်ရှင်တွေရဲ့ ဆေးရုံနဲ့ပတ်သက်ပြီး တင်ဆက်ပုံတွေကလည်း ဆေးရုံ/ဆေးခန်းကြောက်တဲ့အပေါ်မှာ လွှမ်းမိုးမှု အတော်အတန်ရှိပါတယ်။
…
…
???? ဒီလိုဆိုတော့ ဒီစိတ်ရောဂါကို သက်သာလျော့ပါးအောင် ဘယ်လိုလုပ်နိုင်မလဲ….
မိမိရဲ့ကြောက်စိတ်ကြောင့် ဆေးရုံ/ဆေးခန်းသွားရောက်ဆေးကုသမှုခံယူဖို့ လိုအပ်ချက်ကိုပါ ထိခိုက်လာပြီဆိုရင်တော့ ဒီစိတ်ရောဂါကို ဆေးကုသမှုခံယူဖို့ လိုအပ်လာပါပြီ။
ဘယ်လိုကုသမှုတွေ ခံယူသင့်သလဲဆိုရင်တော့…
စိတ်ကျန်းမာရေးပညာရှင်တွေရဲ့ အကူအညီကို ရယူပြီး…
– Cognitive behavioural therapy (CBT) လို့ခေါ်တဲ့ စိတ်ကုထုံးတွေ
– Exposure therapy (ကြောက်တဲ့အရာတွေကို တဖြည်းဖြည်းချင်း ထိတွေ့ချဥ်းကပ်စေတဲ့) စိတ်ကုထုံးတွေ
– စိတ်ပညာနဲ့ စိတ်ကျန်းမာရေးသုံးဆေးဝါးတွေ စတာတွေနဲ့ ကုသနိုင်ပါတယ်။
…
…
???? နိဂုံးချုပ်အနေနဲ့ ကိုယ်ကိုယ်တိုင်ကရော ဘာတွေဆောင်ရွက်နိုင်မလဲဆိုရင်…
– စိတ်ဖိစီးမှုလျှော့ချတာ
– အရက်၊ မူးယစ်ဆေးဝါး ရှောင်ကြဥ်တာ
– ဆေးလိပ်ဖြတ်တာ
– ချစ်ရသူတွေနဲ့ အချိန်ကုန်ဆုံးတာ
– ဝါသနာပါတာကို ပြုလုပ်နေတာ စသဖြင့် ဆောင်ရွက်ပေးမယ်ဆိုရင် စိတ်တည်ငြိမ်အေးချမ်းမှုကို ရစေပြီး ဒီကြောက်စိတ်ကို တစ်မျိုးတစ်ဖုံ လျော့ပါးစေနိုင်ပါတယ်နော်။
Reference: ????
https : // my . clevelandclinic . org /health/diseases/22389-nosocomephobia-fear-of-hospitals
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.