ဆေးမတိုးသော ရောဂါပိုး

0
157

ဆေးယဉ်ပါးတီဘီဆိုတာ ကြားဖူးကြလားဟင်…

ဆေးမတိုးတော့တဲ့ ရောဂါပိုးဆိုတာရော ကြားဖူးကြလား….မသိ ?

( ကြားဖူးတဲ့သူကို မုန့်ကျွေးပါမယ်…

အဲ….မကြားဖူးတဲ့သူတွေလည်း မုန့်ကျွေးပါမယ်

စာကိုတော့ ဆုံးအောင်ဖတ်ပေးကြပါပေါ့ ????)

ဒီလိုပါ…

.

ရန်သူကို ရှင်းလင်းတဲ့အခါ..

” ကျူပင်ခုတ် ၊ ငုတ်မကျန်အောင် ” ရှင်းရသလို….

ရောဂါပိုးတွေ တိုက်တဲ့အခါလည်း အမြစ်ပါမကျန်အောင် တိုက်ရပါတယ်…

တို့တိတို့နန်း မလုပ်ရပါဘူး…

အဲ့လိုသွားလုပ်ရင် ဟိုက ကိုယ့်ကိုပြန်ဆော်သွားရောတဲ့

အဲဒါလေးကို နည်းနည်းပြောချင်တာပါ

.

.

အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်ထဲ ရောဂါပိုးတွေ ဝင်လာရင် ခန္ဓာကိုယ်ကပဲ ဒီကောင်တွေကို ပြန်တိုက်ရပါတယ်

တစ်ကယ်လို့ တိုက်ပွဲက အခြေအနေမကောင်းရင် (ဒါမှမဟုတ်) ကြာနေရင်တော့…စစ်ကူ လွှတ်ရတာပေါ့…လက်နက်တွေ ထောက်ပံ့ရတာပေါ့…

ဟုတ်ပါတယ်

ပိုးသတ်ဆေးတွေ သောက်တယ် ၊ ထိုးတယ်ဆိုတာဟာ ခန္ဓာကိုယ်ကို လက်နက်အသစ်တွေ ပေးလိုက်တာပါပဲ

.

လက်နက်အသစ်တွေ ရောက်လာတော့ ခန္ဓာကိုယ်လည်း ပျော်တာပေါ့

ဝုန်းဒိုင်းကြဲပြီး ဆော်တာပေါ့

ရောဂါပိုးလည်း သေတာပေါ့…..

အေးရော…ပေါ့

.

.

အဲ…ဒါပေမယ့်ပေါ့လေ

မအေးတာ တစ်ခုက ရှိနေပြန်ပါသေးတယ်

အပေါ်မှာ ပြောခဲ့သလို ရန်သူကို ကုန်အောင် မရှင်းတဲ့ကိစ္စပါ

ပိုးသတ်ဆေးတွေကို ဆေးပတ်လည်အောင်မသောက်ဘဲ ဝေဒနာသက်သာတဲ့အခါ ရပ်လိုက်တော့….ပိုးအများစု ဂိန်ကုန်ကြပေမယ့်…တချို့ တချို့လေးတွေတော့ ယက်ကန်ယက်ကန်နဲ့ ကျန်သွားတာပေါ့

သူတို့လေးတွေဟာ ခန္ဓာကိုယ်ကို ဒုက္ခတော့ ဆက်မပေးနိုင်ရှာတော့ပါဘူး…

ဒါပေမယ့်….ဒီကောင်တွေ လူလည်

ဒီကောင်တွေဟာ လက်နက်အသစ်ကို သဘောပေါက်သွားတဲ့ စစ်ပြန်ကြီးတွေ….

အတွေ့အကြုံရင့် အိုးဆားဗစ်တွေ ဖြစ်ကုန်တာပေါ့…

ဒါကြောင့်…သူတို့ဟာ တိတ်တိတ်လေးနဲ့ပဲ သူတို့ကိုယ်သူတို့ ပုံစံပြောင်းလိုက်ကြပါသတဲ့

( လက်နက်အသစ်ရဲ့ဒဏ်ကို ခံနိုင်ရည်ရှိမယ့် ပုံစံမျိုး )

ပြီးတော့ တိတ်တိတ်လေးနဲ့ မျိုးပွားပျံ့နှံ့နေကြပါလေရော…

ဒီလိုနဲ့ပဲ….တဖြေးဖြေး အင်အားပြန်ကောင်းလာလို့ တစ်ကျော့ပြန်တိုက်ပွဲတွေပြန်ဖြစ်တဲ့အခါ….ခုနလို ပိုးသတ်ဆေးပေးလည်း မဖြုံတော့ပါဘူး…

ပုံစံပြောင်းလိုက်ပြီလေ…

အထာနပ်သွားပြီလေ…

သူတို့ကို ဆေးက မနိုင်တော့ပါဘူး

ဒီလိုနဲ့ပဲ ဆေးမတိုးတဲ့ ရောဂါပိုးတွေ ဖြစ်လာရပါသတဲ့

ဆေးမတိုး ပိုးလေးများရဲ့ ရာဇဝင်ပေါ့

( မုန်းချင်စရာ ???? )

အဲ့တော့ ပြောချင်တာကလေ…

ပိုးသတ်ဆေးတွေကို ကိုယ်ဟာနဲ့ကိုယ် ဝယ်မသောက်ပါနဲ့….လျောက်မလုပ်ပါနဲ့…

( သူများနိုင်ငံတွေမှာဆို ပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားချက်ပါမှ ရောင်းပေးကြတာပါနော် )

လုပ်ချင်တိုင်း လုပ်လို့မရပါဘူး…

ပိုက်ပိုက်ရှိရက်နဲ့ ဝယ်မရတဲ့အထဲမှာ Crush နဲ့ ပိုးသတ်ဆေးလည်းပါသတဲ့ ????

( သူများနိုင်ငံမှာ ပြောပါတယ် )

ဒီမှာတော့ ငွေရှိ အကုန်ဝယ်လို့ရ….

Crush လေးကိုပဲ ဝယ်လို့မရ ????

.

.

အဲ…

crushက ဘယ်ကပါလာရတာတုန်း ?

( စိတ်ထဲ စွဲနေလို့ဖြစ်မယ် )

ဒီမှာ စကားအကောင်းပြောနေတာ…မု..မု..

လိုရင်းကို ဆက်ကြပါစို့….

သူများနိုင်ငံတွေမှာ ဘာလို့ ကွကိုယ်ပိုးသတ်ဆေး ဝယ်လို့မရတာလဲ ?

ဘာလို့လဲဆို….

ပိုးအမျိုးအစားတွေလည်း အများကြီး

ဆေးအမျိုးအစားတွေလည်း အများကြီး

ဘယ်ပိုးဆို ဘယ်ဆေး ၊ ညာပိုးဆို ညာဆေး

( အဲ ဟုတ်သေးပါဘူး )

ဘယ်ပိုးဆို ဘာဆေးသောက်ရမယ် ၊ ဘယ်နှစ်ကြိမ် သောက်ရမယ် ၊ ဘယ်နှစ်ရက်သောက်ရမယ်….ဘာညာသာလကာ နေကြာကွာစိ…

အဲ့လိုအထာလေး ပညာလေးတွေလည်း ရှိသေးသတဲ့…

ဒါကြောင့်

ချောင်းဆိုးတဲ့အခါ သောက်….

ဝမ်းလျောတဲ့အခါ သောက်…

ဆီးအောင့်တဲ့အခါ သောက်…

ဝေဒနာသက်သာတဲ့အခါ (သွားရော့လဟယ်ဆိုပြီး)

မသောက်…????

အဲ့လိုတွေ ညိုမြမလုပ်ကြပါနဲ့လို့ ပြောချင်တာပါ

ဘာလို့ဆို….ကိုယ့်ဆီက သမ္မာရင့်ဝါရင့်စစ်ပြန်တွေကို သူများဆီလည်း ဖြန့်ဦးမှာဆိုတော့လေ…

ဟုတ်တယ်မို့လား

.

စဥ်းစားကြည့်ပေါ့

သူငယ်ချင်းက အဲ့လိုတွေ သောက်ချင်ရာသောက်နေကျ…

ပြီးတော့ ကိုယ့်အနားလာပြီး အဟွတ်ဆို ချောင်းဆိုး…

ဘယ်လိုပြန်ပြောကြမလဲ ?

ဝမ်းသာလိုက်တာ သူငယ်ချင်းရယ်…

မင်းပေးတဲ့ ဆေးမတိုး ပိုးလက်ဆောင်လေးအတွက် ကျေးဇူးကမ္ဘာ အခါတစ်သိန်းပေါ့နော်????

စတာပါ…

စာလည်း ရှည်နေပါပြီ

ပိုးသတ်ဆေးတွေထဲမှာ တချို့က စနိုက်ပါလိုမျိုး တည့်တည့်ပစ်တာ…

တချို့က လေယာဥ်ဗုံးကြဲသလို ကောင်းသူထိပ် မကောင်းသူထိပ် ဗရမ်းဗတာကြဲချလို့ ခန္ဓာကိုယ်က အကျိုးပြုဘက်တီးရီးယားတွေပါ ကြွသွား လစ်သွားတာ…

ဆေးပေါင်းစုံ ခံနိုင်ရည်ရှိနေတဲ့ ရောဂါပိုးကြောင့် တချို့လူနာတွေမှာ ပေးစရာဆေးမရှိတော့ဘဲ အသက်ဆုံးရှုံးခဲ့တာ…????

ဒါကြောင့် ဆေးမတိုးရောဂါပိုးတွေကို ကမ္ဘာ့အရေးအကြီးဆုံး ကျန်းမာရေးပြဿနာ (၁၀) ခုထဲ WHOက ထည့်သွင်းထားတာတွေ…

ဒါတွေ…ဒါတွေ….မပြောတော့ဘူး သိလား

( ​ပျင်းစရာကြီး ဖြစ်လိမ့်မယ် )

မုန့်စားကျောင်းဆင်းချိန်တန်ပြီ

မုန့်စားရမယ့်အချိန် ရောက်ပြီ ????

အာ့ကြောင့် ပိုစ့်အစမှာပြောထားသလို မုန့်တွေကျွေးပါတော့မယ်…

????????????????????????…

အားမနာတမ်းသာ စားကြပါ…

.

ဒို့တွေက ပိုးသတ်ဆေးကို ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ဘူးဆိုတာ အလကားမပြောပါဘူး…

မုန့်ကျွေးပြီးမှပြောတာပါနော်…

အဲဒါဘာလို့လဲ သိတယ်မို့လား…

သဘောပေါက်

ချစ်လို့ပြောတာ ????

ဒါပဲ…ဘိုင့် ဘိုင်

❤️ ချစ်တဲ့…တယ်လီကျန်းမာ ❤️

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here