” အမျိုးသမီးလစဉ်သုံးပစ္စည်း(pad)ကြောင့် အရေပြားရောင်ရမ်းခြင်း “
????♀️ ဓမ္မတာလာချိန်မှာ အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ် နာကျင်ကိုက်ခဲတာတွေ၊ ဟော်မုန်းအတက်အကျအလိုက် စိတ်ခံစားချက်အပြောင်းအလဲတွေ ခံစားရလေ့ရှိပါတယ်။
တစ်ချို့အမျိုးသမီးတွေမှာတော့ လစဉ်သုံးပစ္စည်း (pad)နဲ့ ဓာတ်မတည့်ခြင်း၊ အရေပြားပွန်းခြင်းတို့ကြောင့် ပိုပြီးစိတ်ရှုပ်ရပြန်ပါတယ်။
.
.
???? Pad rash ဆိုတာ ?
လစဉ်သုံးပစ္စည်း (pad)သုံးစွဲရာမှ မိန်းမကိုယ်တစ်ဝိုက် အရေပြားရောင်ရမ်းလာခြင်း ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် လစဉ်သုံးပစ္စည်းမှာပါဝင်တဲ့ အရာဝတ္ထုတွေနဲ့ ဓာတ်မတည့်ရာမှ တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။
အဖြစ်အများဆုံး လက္ခဏာတွေကတော့…
• ယားယံခြင်း
• အရေပြား ခြောက်သွေ့ပြီး နီရဲရောင်ရမ်းခြင်း
• အဖုအပိန့်နှင့် အရည်ကြည်ဖုများပေါက်ခြင်း
• အချိန်ကြာကုတ်ဖဲ့ရာမှ အရေပြားထူလာခြင်း၊အနာဖြစ်ခြင်း
• လက်သည်းမှတစ်ဆင့်ပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတို့ ဖြစ်တတ်ပါတယ်။
.
.
???? လစဉ်သုံး pad ကြောင့်အရေပြားရောင်ရမ်းစေတဲ့ အကြောင်းရင်းတွေက ?
⦿ လစဉ်သုံး pad နဲ့ အရေပြား ပွတ်တိုက်တာ
⦿ pad ရဲ့ပါဝင်ပစ္စည်းနဲ့ ဓာတ်မတည့်တာ
( ပူရှိန်း၊ အမွှေးအနံ့ပါသော padအမျိုးအစား၊ လစဉ်သုံးပစ္စည်းမှာပါသော ကပ်ခွါ )
⦿ အပူချိန် နှင့် စိုထိုင်းဆ
( ရာသီသွေး၊ ချွေး၊ ဆီး၊ နိုင်လွန်အတွင်းခံတွေကြောင့် မိန်းမကိုယ်နှင့် pad ကြား စိုထိုင်းဆ မြှင့်စေပါတယ်)
⦿ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်း၍ ပိုးဝင်တာ
⦿ လစဉ်သုံး padကို မလဲဘဲ အချိန်အကြာကြီး အသုံးပြုတာတွေကြောင့်ပါ။
.
.
???? Pad ကြောင့် ရောင်ရမ်းယားနာတာတွေ သက်သာစေဖို့…
✔️ ချည်သားအတွင်းခံ ပွပွဝတ်ပါ။
– အတွင်းခံ ပွပွချောင်ချောင်ဝတ်ဆင်ခြင်းဖြင့် pad နှင့်အရေပြား ပွတ်တိုက်မှုကို လျော့နည်းရုံသာမက လေဝင်လေထွက်ကောင်းစေတာမို့ စိုထိုင်းမှုနည်းစေပြီး မိန်းမကိုယ်ကို ခြောက်သွေ့သန့်ရှင်းစေပါတယ်။
.
✔️ မိမိနှင့် ကိုက်ညီရာ padကို ရွေးချယ်ပါ။
– ဓာတ်မတည့်မှုဖြစ်နိုင်ခြေများတဲ့ အမွှေးနံ့ပါတဲ့ pad၊ ပူရှိန်းpad တို့ကို ရှောင်ကြဉ်ပါ။
– မိိမိရာသီလာတဲ့ပမာဏပေါ် မူတည်ပြီး မှန်ကန်တဲ့အမျိုးအစား ရွေးချယ်အသုံးပြုပါ။
.
✔️ လစဉ်သုံး padကို အနည်းဆုံး ၆ နာရီခြားတစ်ခါ လဲလှယ်ပေးပါ။ ၄ နာရီခြားတစ်ခါ လဲလှယ်ပေးရင် အကောင်းဆုံးပါ။
.
✔️ padကြောင့် ယားယံတာ၊ နေရထိုင်ရမသက်မသာဖြစ်တာတွေအတွက် ရေနွေးထိုင်နည်း (Sitz bath) လုပ်ပေးလို့ရပါတယ်။
– ရေနွေးထိုင်ဖို့အတွက် တင်ပါးမြုပ်အောင်ထိုင်လို့ရတဲ့ သင့်တော်ရာ ရေဇလုံတစ်ခုရှာပါ။ ရေဇလုံထဲသို့ ရေနွေး (ကြက်သီးနွေးရုံ)ထည့်ပြီး ၁၀ မိနစ်ခန့် တင်ပါးနှင့် မိန်းမကိုယ်မြုပ်ရုံ ထိုင်ပေးပါ။ ပြီးရင်တော့ မိန်းမကိုယ်ကို အဝတ်ဖြင့် ဖွဖွလေး သေချာခြောက်သွေ့အောင်သုတ်ပါ။
.
✔️ ရောင်ရမ်းနီမြန်းတာတွေ သက်သာစေဖို့ ရှားစောင်းလက်ပတ်ဂျယ်သီးသန့် (aloe vera gel) လိမ်းပေးလို့ရပါတယ်။
.
‼️ မိမိသဘောနှင့်မိမိ အရေပြားလိမ်းဆေးများ၊ စတီးရွိုက်ပါသောဆေးများလိမ်းခြင်း၊ သောက်သုံးခြင်းမှ ရှောင်ကြဥ်ပါ။
.
.
အထက်ဖော်ပြပါ လက္ခဏာများအပြင် –
– မိန်းမကိုယ်ယားယံတာ
– ဆီးပူ၊ ဆီးကျင်တာ
– အမျိုးသားနှင့် အတူနေချိန် နာကျင်တာ
– အဖြူဆင်းတာ စတဲ့ပိုးဝင်တဲ့လက္ခဏာတွေ ခံစားလာရရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
.
????♀️ အမျိုးသမီးများအနေနဲ့ လစဉ်သုံး pad ကြောင့်ဖြစ်တဲ့ မိန်းမကိုယ်ရောင်ရမ်းလက္ခဏာတွေဟာ ရှက်စရာမဟုတ်တဲ့အတွက် ဆရာဝန်နဲ့စနစ်တကျ ပြသဖို့ အကြံပြုချင်ပါတယ်။
???? Reference
https://www.healthline.com/health/rashes-from-pads
https://www.medicalnewstoday.com/articles/pad-rash…
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.