ကင်ဆာဝေဒနာရှင်များအတွက် အာဟာရ အပိုင်း(၂)

0
314

” ကင်ဆာဝေဒနာရှင်များအတွက် အစားအသောက်နှင့် အာဟာရဆိုင်ရာအကြံပြုချက် အပိုင်း (၂) “

????ကင်ဆာဝေဒနာ ခံစားနေရပြီး အစားအလွန်နည်းတဲ့ လူနာတွေအတွက်ဆိုရင်…….

အာဟာရမှု့န့်နဲ့ အသင့်သောက် အာဟာရအရည်တွေ သောက်လို့ရပါတယ်။

ပရိုတင်းကြွယ်၀တဲ့ အစားအစာတွေ ၊ ကယ်လိုရီများတဲ့ အစားအစာတွေကို စားပါ။

ဥပမာ – ပဲ၊ ကြက်သား၊ငါး၊ အသား၊ ဒိန်ချဥ်၊ ကြက်ဥ၊ အာဟာရမှုန့်များနဲ့ နို့တို့ကို အဓိကစားပေးလို့ရပါတယ်။

အဆာပြေများကို နည်းနည်းစီ တစ်နေ့တာလုံး မကြာခဏစားသင့်ပါတယ်။

အဆာပြေအတွက် သစ်သီးများ ၊ ကိတ်မုန့်များ ၊ မုန့်များ ၊ ပူတင်း စတာတွေစားနိုင်ပါတယ်။ မတည့်တာရှောင်မယ့်အစား စားနိုင်ရင်စားနိုင်သလို များများ၀င်အောင် ကျွေးပါ။

တစ်နေ့တာအစားအစာ အလွန်အ၀င်နည်းတာ ကြာရှည်လာရင်တော့ အစာပိုက်ထည့်သင့် ထည့်ရပါမယ်

.

.

????ပျို့ချင် အန်ချင်ပါက ……..

အနံ့သင်းတဲ့ အစားအစာတွေကို စားပါ။ ဥပမာ သံပုရာသီးနံ့လို လန်းဆန်းစေတဲ့ အနံ့များနဲ့ အစားအစာကို မွမ်းမံပြီး စားလို့ပို၀င်အောင် လုပ်နိုင်ပါတယ်။

ဆန်ပြုတ်ကိုလည်း ကြက်သွန်ဖြူဆီချက်ဆမ်းပေးတာ ၊ ဂျင်းပါးပါး နံနံပင်ပါးပါး လှီးထည့်တာမျိုးလုပ်နိုင်ပါတယ်။

ခံတွင်းအရသာမကောင်းပါက ငရုတ်ကောင်းမှုန့်ဖြင့်လုပ်သော ၊ ပူရှိန်းပါသော၊ ချဉ်သော မာကျောသော သကြားလုံးများကို စုပ်ပါ။

အရသာမမှန်ခြင်း ခံတွင်းပျက်ခြင်းတို့အတွက် ခံတွင်းကို ဆေးကြော၍ လျှာကို အ၀တ်စဖြင့် အနည်းငယ် ပွတ်တိုက်ပေးနိုင်ပါတယ်။

မုန့်ထုပ်များ၊ ပေါင်မုန့်ချောင်းများ၊ ပေါင်မုန့်များကဲ့သို့သော ခြောက်သွေ့သောအစားအစာများကို စားနိုင်ပါတယ်။ ပျော့ပျော့ပြဲပြဲ အစားအစာများက တစ်ခါတစ်ရံ ပိုအန်ချင်စေတတ်ပါတယ်။

အချိုများစားနိုင်ပါတယ်။

အစားစားပြီး ရေသောက်ပါ (မပူလွန်း မအေးလွန်းရေက အသင့်တော်ဆုံးပါ) ပလုတ်ကျင်းပါ။ စားနေချိန်တော့ ရေအများကြီးမသောက်ပါနဲ့၊ အစားကို နည်းနည်းစီ ခဏခဏ စားပါ။

ကြက်သွန်နီအနံ့ကဲ့သို့ အနံ့ပြင်းသော အစားအစာများနှင့် ဝေးဝေးတွင် ရှောင်ပါ။

ဟင်းနံ့တွေရရင်လည်း တခါတရံပျို့တတ်လို့ လေ၀င်လေထွက်ကောင်းအောင်ထားဖို့လိုပါတယ်။

ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။ လုံချည် အရမ်းကျပ်နေတာမျိုးဆို အန်ချင်တာပိုဆိုးစေတတ်ပါတယ်။

.

.

????လူနာ အန်နေပါက……..

အန်တာရပ်သွားတဲ့အထိ ဘာမှမစားမသောက်ပါနဲ့။

အန်တာရပ်သွားလျှင် ရေနည်းနည်းသောက်ကြည့်ပါ။ အရည်သောက်လို့ရပါက စွပ်ပြုတ်ရည်များနဲ့ မစ်ရှိတ်ကဲ့သို့သော အရည်များကို သောက်နိုင်ပါတယ်။

နည်းနည်း နည်းနည်းနှင့် ခဏခဏ စားပေးပါ။

.

.

????ခံတွင်းအနာရှိသူများအတွက်….

ဝါးရလွယ်ကူသော အစားအစာများကို စားပါ။

ချက်ပြုတ်ရာတွင် အစားအစာများကို အတုံးသေးသေးလေးများလှီးထားပါ။ Blender သို့မဟုတ် food processor သုံးနိုင်ပါတယ်။ ပြီးရင်တော့ အစားအစာတွေကို နူးညံ့ပျော့ပျောင်းသည်အထိ ချက်ပြုတ်ပါ။

ခံတွင်းကို ထုံစေပြီး သက်သာစေရန် ရေခဲတုံးစားတာတို့ စုပ်တာတို့လုပ်ပါ။

အေးသော အစားအစာများစားပါ။ ပူတဲ့အစားအစာတွေက အနာပိုရောင်စေတတ်လို့ပါ။

ပိုက်ဖြင့် ရေသောက်တာ ဇွန်းဖြင့်စားတာတို့က ပိုကောင်းပါတယ်။

ခံတွင်းအနာဖြစ်ပါက ရှောင်ရန် – လိမ္မော်သီး၊ သံပုရာသီးနဲ့ သံပုရာသီးလိုမျိုး ချဉ်သောအစားအစာ…စပ်သောအစားအစာများ၊ ခရမ်းချဉ်သီးနှင့် ketchup ၊ ငန်သောအစားအစာများ၊ ဟင်းသီးဟင်းရွက်စိမ်း၊ စူးရှပြီး ကြွပ်ရွသောအစားအစာများ၊ အရက်၊ ဆေးလိပ်

ပါးစပ်ကို တစ်နေ့ ၃ ကြိမ်မှ ၄ ကြိမ် ဆေးကြောပါ။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ¼ ဇွန်း၊ ဆား ⅛ လက်ဖက်ရည်ဇွန်းနှင့် ရေနွေးနွေး 1 ခွက်တို့ကို ရောစပ်ပြီး ပါးစပ်ဆေးပါ။ အယ်လိကိုဟော(အရက်)ပါသော ခံတွင်းဆေးရည်ကို မသုံးပါနဲ့။

သွားကြားထိုးတံ သို့မဟုတ် အခြားချွန်ထက်သောအရာများကို မသုံးပါနဲ့

.

.

????ခံတွင်းမှာ တံတွေးမထွက်ဘဲ ခြောက်သွေ့ပါက …..

အစားအစာများကို ဟင်းရည်၊ ဟင်းအနှစ် မန်ကျည်းရည်တို့ဖြင့် စိုအောင်လုပ်ပြီးမှ စားပါ။

တံတွေးပိုထွက်အောင် သံပရာရည်များ ၊အချိုရည်များ၊ မုန့်အချိုများကို စားပါ။

ပီကေဝါး လို့ရပါတယ်။

သကြားလုံးများ သို့မဟုတ် ရေခဲချောင်းများကို စုပ်ပေးပါက တံထွေးပိုထွက်အောင်ကူညီနိုင်ပါတယ်။ ရေများများသောက်ပါ။

နှုတ်ခမ်းကို lip balm ဖြင့် အစိုဓာတ်ထိန်းပေးပါ။

အရက်မပါသော ခံတွင်းဆေးရည်ဖြင့် ၂ နာရီတစ်ခါ ဆေးပေးနိုင်ပါတယ်။

ဆေးလိပ်ငွေ့ကို ရှောင်ကြဉ်ပါ။

.

.

????လည်ချောင်းနာခြင်း (သို့မဟုတ်) အစာမျိုရခက်ခဲပါက…

အသီးဖျော်ရည်များ၊ ကြက်ဥမွှေကြော်၊ oatmeal ၊cornflake ကဲ့သို့ စီရီရယ်များ…. ဝါးပြီး မျိုရလွယ်ကူသော ပျော့ပြောင်းသော အစားအစာများကို စားပါ။

အစားအစာကို စိုအောင် လုပ်ပြီးမှ စားပါ။

ပူသောအစားအစာများ ၊ စူးရှသော၊ စပ်သောအစားအစာများ၊ ဂတ်စ်ပါဝင်သောဖျော်ရည်များနှင့် ယာမကာများကို ရှောင်ကြဉ်ပါ။

အစားအစာများ ချက်ပြုတ်ရာမှာ အတုံးသေးသေးလှီးတာမျိုး ၊ Blender သို့မဟုတ် food processor ကိုသုံးတာမျိုးဖြင့် ပြင်ဆင်ပါ။ အစားအစာများကို နူးညံ့ပျော့ပျောင်းသည်အထိ ချက်ပြုတ်ပါ။

အရည်ကို ပိုက်ဖြင့်သောက်ပါ။

အစာစားပြီး အနည်းဆုံး မိနစ် ၃၀ ခန့် မတ်တတ်နေပါ။

ဆေးလိပ်မသောက်ပါနဲ့။

.

.

????နို့တွင်ပါသော Lactose နှင့် မတည့်ခြင်းအတွက်…….

Lactose မပါသော (သို့မဟုတ်) နို့ရည်နိမ့် နို့ထွက်ပစ္စည်းများကိုသာ စားသင့်ပါတယ်။ ၀ယ်ယူတဲ့အခါ “lactose free” သို့မဟုတ် “lactose နည်း” လို့တံဆိပ်ကပ်ထားတာမျိုး ရွေး၀ယ်ပါ။

ချိစ်အတုံးများ (Cheddar ကဲ့သို့သော) နှင့် ဒိန်ချဉ်ကဲ့သို့သော နို့ထွက်ပစ္စည်းများနဲ့ တည့်ပါတယ်။

ပဲနို့ ၊ ဆန်နို့ တို့နဲ့လည်း တည့်ပါတယ်။

.

အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးတစ်ဦး

Telekyanmar

Reference : Nutrition for the Person With Cancer During Treatment: A Guide for Patients and Families(American Cancer Society)

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here