“ပေးကမ်းခြင်း နှင့် လက်ခံရယူခြင်း အနုပညာ”

0
299

အခုဆိုရင် နှစ်ကုန်ခါနီး ခရစ်စမတ်ကာလ၊ အားလပ်ရက်ကာလဖြစ်တာမို့ ချစ်ခင်ရသူတွေကို အမှတ်တရဖြစ်မယ့်အရာ တစ်ခုခုလက်ဆောင်ပေးဖို့ ပြင်ဆင်နေကြမယ်လို့ ထင်ပါတယ်။

ဒီနေ့ပြောပြသွားမယ့် အကြောင်းအရာက ပေးကမ်းခြင်း၊ လက်ခံရယူခြင်းနောက်ကွယ်က ကျွန်တော်တို့ရရှိနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

???? ပေးကမ်းခြင်း အပြုအမူလေးနောက်ကွယ်မှာ…

❀ ကိုယ်တိုင် ပျော်ရွှင်မှုကို ခံစားရတယ်။

လက်ဆောင်ပေးလိုက်ရတဲ့အခါ ဦးနှောက်ရဲ့ စိတ်ကျေနပ်မှုကိုဖြစ်စေတဲ့ လျှပ်စီးပတ်လမ်းက လှုံဆော်ခံရပြီး စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းလေးတွေ ထွက်လာစေပါတယ်။

..

❀ ကျန်းမာရေး ကောင်းမွန်ဖို့ အထောက်အကူပြုတယ်။

ဘယ်လိုများလဲဆိုရင်တော့ – ကျန်းမာရေး ပြဿနာအများစုရဲ့ ဓာတ်ကူပစ္စည်းလို့ ပြောလို့ရတဲ့ စိတ်ဖိစီးမှု(stress)ကို လျော့ကျစေလို့ပါပဲ။

..

❀ လူမှုဆက်ဆံရေးကို ကောင်းမွန်စေတယ်။

လေ့လာတွေ့ရှိချက်တွေအရ တန်ဖိုးဖြတ်မရတဲ့ ပေးချင်စိတ်ဆိုတဲ့ စေတနာကို ခံစားရတဲ့အခါ တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုတွေ ပိုတိုးလာစေပါတယ်။

..

❀ အပြုံးတွေ ကူးစက်လွယ်သလို လက်ဆောင်ပေးခြင်းအပြုအမူက တစ်ဦးနှင့်တစ်ဦး ကူးစက်စေပါတယ်။

လက်ခံရရှိသူအနေနဲ့လည်း စေတနာကိုတုန့်ပြန်ဖို့ လက်ဆောင်ပြန်ပေးရင်း ချစ်ခြင်းမေတ္တာတွေ ကူးစက်စေပါတယ်။

???? လက်ဆောင်ပေးတယ်ဆိုတဲ့အခါမှာ ငွေကြေး၊ ရုပ်ဝတ္ထုပစ္စည်းတွေသာမက တခြားအသိအမှတ်ပြု လက်ဆောင်လေးတွေလည်း ပေးလို့ရပါတယ်။

ချစ်ရတဲ့သူတွေကို အချိန်ပေးတာ (ကော်ဖီဆိုင်၊ စာအုပ်ဆိုင်ခေါ်သွားပေးတာ)

အမှတ်တရ ဖိုတိုအယ်လ်ဘမ်၊ ဗီဒီယို ဖန်တီးပေးတာ

တစ်စုံတစ်ယောက်ရဲ့ ခံစားချက်ကို အလေးထား နားထောင်ပေးတာ

နှစ်သက်တဲ့ စာတို၊ ကဗျာ၊ သီချင်းလေးတွေ ပို့ပေးတာကဲ့သို့ ငွေကြေးတန်ဖိုးမကြီးမားပေမယ့် အချိန်၊ ခွန်အား၊ စိတ်စေတနာစတဲ့ မမြင်နိုင်တဲ့ တန်ဖိုးတွေများစွာ ရှိနေတတ်ပါတယ်။

✨ အဓိပ္ပာယ်ပြီးပြည့်စုံတဲ့ လက်ဆောင်တစ်ခုဖန်တီးခြင်းက “အချစ်ဘာသာစကား (love language)”တစ်ခုဖြစ်သလို “အနုပညာတစ်ရပ်”ပါပဲ။ လက်ဆောင်ပေးသူအနေနဲ့ ဒီအခိုက်အတန့်မှာ ဝမ်းသာခြင်း၊ ကျေနပ်အားရခြင်း စတဲ့ပီတိကို ဟော်မုန်းတွေကတစ်ဆင့် အပြည့်အဝ ခံစားရစေပါတယ်။

???? ကလေးဘဝကတည်းက ကျွန်တော်တို့ဟာ ပေးကမ်းမျှဝေတတ်ဖို့ သင်ယူခဲ့ရပေမယ့် လက်ခံတတ်ဖို့၊ အသိအမှတ်ပြုတတ်ဖို့ကို မေ့လျော့လေ့ရှိကြပါတယ်။

???? လက်ခံရယူခြင်းအနုပညာ-

ရုပ်ဝတ္ထုပစ္စည်း၊ ငွေကြေး၊ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှု ဘယ်အရာတွေပဲဖြစ်ဖြစ် လက်ခံရရှိတဲ့အခါ အကောင်းဆုံး အသိအမှတ်ပြုပေးသင့်ပါတယ်။

တစ်ခါတစ်လေမှာ ကိုယ့်အတွက် အသုံးမဝင်တာ၊ ကိုယ်မနှစ်သက်တာ ဖြစ်နိုင်ပေမယ့် လက်ခံရရှိတဲ့အရာနောက်ကွယ်မှာ မမြင်နိုင်တဲ့ ကြိုးစားအားထုတ်မှုတွေ၊ အချိန်တွေ၊ အလေးထားမှုတွေ ရှိနေတတ်ပါတယ်။

ဒါကြောင့်… စာရေးသူကိုယ်တိုင်လည်း လက်ဆောင်တစ်ခုရရင် ဒီအရာပေးဖို့စဉ်းစားမိတဲ့ အတွေးလေးကို သေချာမေးလေ့ရှိပြီး စဉ်းစားပေးတဲ့ အချိန်နဲ့ အတွေးတစ်ခုချင်းစီကို သေချာအသိအမှတ်ပြု ကျေးဇူးတင်လေ့ရှိပါတယ်။

✨ အခုလိုအသိအမှတ်ပြုခြင်းဖြင့် နှစ်ဦးနှစ်ဖက် ခင်မင်မှုသံယောဇဉ်တိုးစေပြီး အကြည်ဓာတ်လေးနဲ့ စိတ်ကိုနွေးထွေးစေပါတယ်။

..

“တစ်ဦးနှင့်တစ်ဦး အသိအမှတ်ပြု ချီးမွမ်းခြင်း”ကို

“words of affirmation” လို့ခေါ်ပြီး အချစ်ဘာသာစကား (five love languages) ထဲက တစ်ခုဖြစ်ပါတယ်။

☘︎︎ အသိအမှတ်ပြုခံရခြင်းဟာ လူသားတွေအတွက် အခြေခံလိုအပ်ချက်တစ်ခုလို့ တင်စားကြပါတယ်။

အသိအမှတ်ပြုခံရခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (self-confidence) သာမက တန်ဖိုးထားမှု၊လေးစားမှု (self-esteem)ကိုလည်း မြှင့်တင်ပေးပါတယ်။

လမ်းပျောက်နေသူ၊ စိတ်ပိုင်းဆိုင်ရာ ပြိုလဲနေသူတစ်ယောက်အတွက် အရေးပါတဲ့သူတစ်ဦးဆီက အသိအမှတ်ပြုခံရခြင်းဟာ အရာရာကိုပြန်ရင်ဆိုင်ဖို့ ခွန်အားတစ်ခုဖြစ်စေမှာပါ။

☘︎︎ ကိုယ့်ဘေးနားမှာ အသိအမှတ်ပြု နှစ်သိမ့်တတ်သူတစ်ယောက်ရှိရင်ကို ကံကောင်းလွန်းလှပါတယ်။ ဒီအတွက်လည်း တန်ဖိုးထားပြီး အမြဲကျေးဇူးတင်ဖို့ တိုက်တွန်းပါတယ်နော်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ-

“ပြီးပြည့်စုံသော ကျန်းမာခြင်းဆိုသည်မှာ အနာ၊ရောဂါဝေဒနာ ကင်းရှင်းရုံသာမက…

✨ ကိုယ်ကျန်းမာခြင်းနှင့်ပြည့်စုံခြင်း

✨ စိတ်ချမ်းသာမှုရှိခြင်း

✨ ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံမှုအဆင်ပြေကောင်းမွန်ခြင်း” တို့ဖြစ်ပါတယ်။

ပေးကမ်းခြင်း (giving) နှင့် လက်ခံရယူခြင်း(receiving) ကိုမျှတစွာဖြင့် ချစ်ခြင်းမေတ္တာ၊ ကရုဏာလွှမ်းခြုံသော လူမှုဆက်ဆံရေးများ ဖန်တီးနိုင်ကြပါစေ။????

???? Reference

https://www. conehealth .com/services/behavioral-health/4-health-benefits-of-giving-to-others-/

https://jedfoundation .org/news-views/the-mental-health-benefits-of-giving-and-receiving/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here