????မွေးကင်းစ ကလေးများအတွက်တော့ အားဆေးထွေထူးမလိုပါ။ မိခင်နို့ရည်မှ အာဟာရမျိုးစုံရသောကြောင့်ပါ။ မိခင်ဟာ အစားအစာ အစုံစားကာ ကိုယ်၀န်ဆောင်အားဆေးဆက်သောက်နေပါက ကလေးမှာလည်း အာဟာရချို့တဲ့မှု မဖြစ်နိုင်ပါ။ မေမေများ အစားအစာအစုံ ကြိုက်သလောက်စားပေးဖို့တော့ အရေးကြီးပါတယ်နော်။

????ကလေးငယ် – အစားအစာ အစုံ စားတတ်အောင် လေ့ကျင့်ပေးရင် အားဆေးအထွေအထူးမလိုပါ၊ မိခင်နို့ရည်တစ်မျိုးထဲကို ၆ လအထိ တိုက်ကျွေးပြီး ၆လမှ ၂ နှစ်ထိ ဖြည့်စွက်စာ တိုးကျွေးသွားကာ နို့ကို ၂ နှစ်ထိ တိုက်သင့်ပါတယ်။ မိခင်နို့ရည်သောက်ရသော ကလေးငယ်များမှာ အစာအိမ်အူလမ်းကြောင်း ကောင်းစွာဖွံ့ဖြိုးကာ ကြီးလာရင် အ၀လွန်နှုန်း အဖြစ်နည်းပါတယ်။

သို့သော် ငယ်ရွယ်စဥ်တွင် ကိုယ်ခံအားစနစ် ကောင်းစွာမဖွံ့ဖြိုးသေးသောကြောင့် နေမကောင်းခဏခဏဖြစ်တတ်ပါတယ်။ နေမကောင်းမဖြစ်လွယ်အောင် အားဆေးတစ်ခုထဲကို အားကိုးတာထက် မိမိကလေးကို မြေပြင်မှာ ဆော့ကစားခိုင်းပါ။ မြေကြီးထဲမှာ သန်ကောင်များရှိတတ်ပေမယ့် သန်ချဆေးကို ၄လတစ်ကြိမ်သောက်ပေးရင် ရပါတယ်။ ငယ်စဥ်မှာမြေကြီး၊ သဲ စတာတွေနဲ့ မဆော့ရတဲ့အခါ ကြီးလာတဲ့အခါ နှာစီးလွယ်ခြင်း ၊ အမှုန်သေးသေးများကို allergy ဖြစ်လွယ်ခြင်း တို့ဖြစ်တတ်ပါတယ်။

၀မ်းပျက်၀မ်းလျောဖြစ်ပါက ဇင့် ဓာတ်ပါသော အားဆေးကို ၁၀ ရက်မှ ၂ ပတ်ခန့် ထည့်တိုက်ပါ​။ အစားကို အရင်ထက် တစ်နပ်ပိုတိုးကျွေးပါ။

အစားချေးများပါက အစားအစာများကို နုပ်နုပ်စဥ်းပြီး မမြင်ရအောင် ရောကျွေးတာမျိုး ၊ ခါးလို့မကြိုက်တာဆို သကြားထည့်လုပ်တာမျိုး ၊ ထပ်ခါထပ်ခါ ကျွေးပေးခြင်းဖြင့် အောင်မြင်နိုင်ပါတယ်။

ကိုယ်ခံအားကောင်းအောင်ဆိုပြီး အားဆေးများကြော်ငြာလေ့ရှိပါတယ်။ မိမိကလေးနေမကောင်းဖြစ်လွယ်ပါက ပိုစားဖို့ ပိုဆော့ဖို့ အရင်ဦးစားပေး ဆောင်ရွက်ပါ။ လိုအပ်သော အားအင်ဓာတ် ကယ်လိုရီနှင့် အသားဓါတ်များပြည့်၀ပါမှ ကိုယ်ခံအားစနစ်ကောင်းပါတယ်။ အစုံစားနိုင်ပါက အားဆေးမလိုပါ။ အစားသိပ်ကျွေးလို့မရရင်တော့ lysine, DHA, ငါးကြီးဆီတို့ပါသော အားဆေးမျိုးတွေတိုက်လို့ရပါတယ်။ ဆိုက်ပရိုပါသော အားဆေးများတိုက်ခြင်းကို အားမပေးပါ။

????ဆယ်ကျော်သက် – အရပ်ရှည်ဖို့ ကယ်လစီယမ် ဖော့စဖိတ် ကြွယ်၀သော နို့နှင့် နို့ထွက်ပစ္စည်းများစားပေးပါ။ မကြိုက်ပါက အားဆေးသောက်နိုင်ပါတယ်။ ကယ်လိုရီ၊ အသားဓာတ်နှင့် ဇင့်ကဲ့သို့ အခြား သတ္တုဓါတ်များကိုလည်း မျှတစွာစားဖို့လိုပါတယ်။ ဆယ်ကျော်သက်များရဲ့ အစားသောက်များမှာ အသီးအရွက်နည်းတာမျိုး သစ်သီးနည်းတာမျိုး ဖြစ်လေ့ရှိတာမို့ လုံလောက်စွာစားပေးဖို့လိုပါတယ်။

????လူကြီး – အမျိုးသမီးရော အမျိုးသားများပါ ဟင်းသီးဟင်းရွက် အသီးအနှံ အသားငါး အစုံ စားပါက အားဆေးထွေထူးသောက်ဖို့မလိုပါ။

ယမကာ သောက်ပါက B complexပါသော အားဆေးသောက်ပါ

????သားသမီးရယူဖို့ပြင်ဆင်နေတဲ့စုံတွဲတွေထဲက အမျိုးသားများအနေနဲ့ – အမျိုးသားအားတိုးဆေးများထက် မျိုးပွားခြင်းအတွက်ထုတ်ထားသော အားဆေးများရှိပါသည်။ ဓာတ်အစုံပါသော အားဆေးများသောက်ကာ ဆေးလိပ်နှင့် ယမကာ ကို လျော့သင့်ပါသည်။ အချို့တွင် ကာနင်တင်း Vitamin Dပါလေ့ ရှိပါတယ်။ ထိုဓာတ်များပါပါက ပို ကောင်းပါသည်။ ဆေးလိပ်သောက်ပါက မျိုးပွားခြင်းကို ထိခိုက်နိုင်သောကြောင့် အမျိုးသားရော အမျိုးသမီးများမှာပါ vitamin E 200-600 IU/day, selenium 150 microgram per day Vitamin C- တစ်နေ့ ၂၀၀ မီလီဂရမ် ခန့် ထည့်သောက်ပါ။

????မျိုးပွားကျန်းမာရေး – အမျိုးသမီးများအနေဖြင့် ကိုယ်၀န်ဆောင်ရန် ပြင်ဆင်နေပါက (သို့မဟုတ်) ကိုယ်၀န်ဆောင်နေပါက ဖောလစ်အက်စစ် တစ်နေ့ ၄၀၀ မိုက်ခရိုဂရမ် သောက်ဖို့လိုပါတယ်။

????ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတွင် vitamin A, C, E, B အစုံပါသော အားဆေးသောက်သင့်ပါသည်။ အသားဓာတ်လည်း လုံလောက်အောင် ပိုစားပေးဖို့လိုပါတယ်။ သို့မှသာ ကလေးကောင်းစွာကြီးထွားကာ နို့တိုက်သောအခါလည်း နို့ထွက်ပါမည်။

ပင်လယ်ငါးများစားသုံးခြင်းကို ရှောင်သင့်ပါသည်။ ဥပမာ – ငါးသေတ္တာငါး ၊ ငါးပုတ်သင်၊ ငါးခွေးလျှာ၊ငါးအုန်းခြောက် စသော ပင်လယ်ငါးများပါ။ မာကျူရီ အဆိပ်သင့်နိုင်သောကြောင့် ရှောင်ခိုင်းခြင်းဖြစ်ပါတယ်။ ထိုအစား ရေချိုငါးလည်းသိပ်မစားဖြစ်ပါက ငါးကြီးဆီနှင့် အဆီဓာတ်ပါသော အားဆေးများ အစားထိုးသောက်နိုင်ပါသည်။

ကြွက်တတ်တာမျိုး အာရုံကြော အားနည်းတာမျိုးဆို juice သောက်တာမျိုး ၊ နွားနို့ သောက်တာမျိုးနှင့် သက်သာစေပါတယ်။

????ပုံမှန်အမျိုးသမီးများမှာတော့ သံဓာတ်ကြွယ်၀စွာ စားပေးရပါမယ်။ ဟင်းနုနွယ်၊ အသားအမျိုးမျိုး စားပေးပါက သံဓာတ်ရနိုင်ပါတယ်။ မစားဖြစ်ပါက သံဓာတ်ပါသော အားဆေးသောက်ပါ။

????အသက်၅၀ကျော် လူကြီး – သွားမကောင်းပါက အစားအစာ အစုံမစားနိုင်ဖြစ်မှာကို သတိပြုမိဖို့လိုပါတယ်။ ငယ်ငယ်ကလို အစားအစာ အစုံမစားနိင်တော့ပါက အသက်အရွယ်အလိုက်ထုတ်ထားသော Vitamins, minerals အစုံပါသော အားဆေး သောက်သင့်ပါသည်။

????၇၀ကျော် လူကြီး – အရိုးကျိုးလွယ် တဲ့ အတွက် vitamin D တစ်နေ့ကို 800 IU သောက်သင့်ပါတယ်။ သွားပြသနာရှိပါက အစားအစာ အစုံမစားနိုင်ပါက အစုံပါသော အားဆေးသောက်ပါ။

အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးတစ်ဦး

Telekyanmar

Reference:????

Barnard, Neal D., editor. “ Nutritional Requirements Throughout the Life Cycle.” Nutrition Guide for Clinicians, 3rd ed., Physicians Committee for Responsible Medicine, 2020. http://nutritionguide.pcrm.org/…/Nutritional…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here