ဒီနေ့ဖတ်ရတဲ့ သတင်းတစ်ပုဒ်ကြောင့် တယ်လီကျန်းမာ စာဖတ်ပရိသတ်တွေကို အရေးတကြီး အသိပေးစရာတစ်ခု ဖြစ်လာတယ်
ဆောင်းတွင်းရောက်ရင် နှာစေး ချောင်းဆိုး အဆုတ်ပွ အစရှိတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ အဖြစ်များတာ အားလုံးအသိ….အထူးသဖြင့် ကလေးငယ်တွေမှာ နမိုးနီးယား အဆုတ်ပွတဲ့ (ARI) ရောဂါတွေဟာ ဆောင်းတွင်းဆို အားကြီးဖြစ်ကြတာ…
ဒါနဲ့ပတ်သက်ပြီး…
တလောလေးက ဂမ်ဘီယာနိုင်ငံမှာ ချောင်းဆိုးပျောက်ဆေးရည်တချို့ကြောင့် ကလေးငယ် (၇၀)နီးပါး သေဆုံးသွားကြတဲ့သတင်း သတိထားမိကြမလားတော့ မသိဘူး
အဲ့တုန်းကတော့…ဪ ကိုယ်နဲ့အဝေးကြီးပါဆိုပြီး ဖာသိဖာသာ နေခဲ့မိတာ
အခု မကြာပါဘူး….တစ်ပတ်အကြာလောက်ပဲရှိသေး…အင်ဒိုနီးရှားမှာလည်း ကလေး (၁၀၀)နီးပါးကလေးသောက်ဆေးရည်တွေသောက်ပြီး သေဆုံးကုန်ကြလို့ နိုင်ငံအတွင်း ကလေးသောက်ဆေးရည် ရောင်းချမှုအားလုံးကို ယာယီပိတ်ပင်လိုက်သတဲ့ ????
( ဒီနေ့ သတင်းနော်… )
အများစုဟာ ကလေးချောင်းဆိုးပျောက်ဆေးရည် သောက်သုံးအပြီး ကျောက်ကပ်ထိခိုက်ပျက်စီးတာကြောင့် သေဆုံးရတာပါတဲ့ ????
ဂမ်ဘီယာနိုင်ငံကိစ္စမှာတော့ WHOက ကြေငြာသတိပေးထားတာက အိန္ဒိယကထုတ်တဲ့ ချောင်းဆိုးပျောက်ဆေးရည်တစ်မျိုးထဲမှာ ဓာတုဓာတ်တစ်မျိုး အလွန်အကျူးပါဝင်တာကြောင့် ကျောက်ကပ်ပျက်စီးတာ Acute Kidney Injury (AKI) ဖြစ်စေခဲ့ပါတယ်တဲ့
အခု အင်ဒိုနီးရှား အာဏာပိုင်တွေပြောတာကလည်း အဲ့ဓာတုဓာတ်တစ်မျိုးကို နိုင်ငံစျေးကွက်အတွင်းရောင်းချနေတဲ့ ဆေးရည်တွေထဲမှာ တွေ့ရှိရသတဲ့
သတ်မှတ်ပမာဏထက် များနေသတဲ့
သေဆုံးသူ ကလေးငယ် (၉၉)ယောက်နဲ့ ကျောက်ကပ်ပျက်စီးသူ (၂၀၀)ကျော်သတဲ့ ????
ဒါတောင် ဆေးရုံရောက်လာတဲ့သူတွေပဲ ရှိသေးတယ်…လက်တွေ့မြေပြင်မှာ ဒီ့ထက်ပိုများနိုင်သတဲ့
ဒါကြောင့် သတိဆိုတာ ပိုတယ်မရှိရလေအောင်…
လက်ရှိ မိမိတို့ရဲ့ကလေးတွေကို ချောင်းဆိုးပျောက်ဆေးတိုက်ပေးနေတဲ့ မိဘတွေရှိရင် ဆေးဘူးအခွံကို သေချာဖတ်ကြည့်ပေးပါနော်
( မြန်မာနိုင်ငံမှာ အိန္ဒိယကထုတ်တဲ့ ၊ အင်ဒိုနီးရှားကထုတ်တဲ့ ကလေးဆေးရည်တွေမှ အများကြီးပဲလေ )
*** Ethylene glycol (သို့) Diethylene glycol ပါဝင်ကြောင်း ရေးထားတာဆိုရင်တော့ ဆေးတိုက်နေတာကို ချက်ချင်း ရပ်ပေးပါ ***
လိုအပ်ရင် တယ်လီကျန်းမာကို ဆက်သွယ်ပြီး ဆရာဝန်များနဲ့ လွယ်လင့်တကူ အခမဲ့ ဆွေးနွေးတိုင်ပင်လို့ရသလို…..နီးစပ်ရာ ဆေးရုံဆေးခန်းများမှာလည်း တတ်ကျွမ်းနားလည်သူ ဆရာဝန်များနဲ့ တိုင်ပင်ပေးပါလို့ စိုးရိမ်စွာ သတိပေးပါရစေ
ဘာမှ မဖြစ်ကြရင်တော့ အကောင်းဆုံးပေါ့
တစ်ခုခုများ ဖြစ်လာမယ်ဆိုရင်တော့…
” ကလေးလေးတွေအတွက် စိတ်ပူတယ် “
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.