ဘလူးဘယ်ရီစားသုံးခြင်း၏ ကျန်းမာရေးအကျိုးများ Health Benefits of Blueberries

0
450

ဘလူးဘယ်ရီစားသုံးခြင်း၏ ကျန်းမာရေးကောင်းကျိုးများ

ဘလူးဘယ်ရီသီးတွေဟာ ချိုချိုချဉ်ချဉ်အရသာရှိပြီး လူသိများတဲ့အသီးလည်း ဖြစ်ပါတယ်။ အရသာလည်းရှိတဲ့အပြင် ကယ်လိုရီပါဝင်နှုန်းလည်း နည်းတာကြောင့် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ ဒါဆို ဘလူးဘယ်ရီသီးစားသုံးခြင်းရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့အချက် ၁၀ ချက်ကို ဖတ်ကြည့်လိုက်ရအောင်….

(၁) ကယ်လိုရီပမာဏနည်းပြီး အာဟာရဓာတ် ကြွယ်ဝပါတယ်။ ဘလူးဘယ်ရီမျိုးစိတ်တွေ အများအပြားရှိပေမယ့် တွေ့ရအများဆုံးကတော့ အမေရိကန်နိုင်ငံမှာ စိုက်ပျိုးတဲ့ Highbush blueberries နဲ့ antioxidants ကြွယ်ဝတဲ့ Lowbush or wild blueberries တွေပဲ ဖြစ်ပါတယ်။ ဘလူးဘယ်ရီသီးတစ်ခွက်စာမှာ Vitamin C 24%, Vitamin K 36%, Manganese 25%, အမျှင်ဓာတ် 4 grams နဲ့ အခြားသောအာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ရေဓာတ် ၈၅% ခန့် ပါဝင်ပြီး ဘလူးဘယ်ရီတစ်ခွက်စာလုံးမှာ ကယ်လိုရီဓာတ် ၈၄ ခန့်နှင့် ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်ခန့် ပါဝင်ပါတယ်။

.

(၂) အရွယ်တင်နုပျိုစေတဲ့ antioxidant ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးတွေမှာ flavonoids လို့ခေါ်တဲ့ antioxidant တွေ များစွာပါဝင်တာကြောင့် ဆဲလ်တွေပျက်စီးခြင်း၊ အသက်အရွယ်အိုမင်းခြင်းနဲ့ ကင်ဆာ စတဲ့ရောဂါများဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

.

(၃) အသက်အရွယ်ကြီးလာတဲ့အခါ ဖြစ်တဲ့ oxidative DNA damage (DNA ဆဲလ်ပျက်စီးခြင်း)ကို လျော့ကျစေပါတယ်။ ဘလူးဘယ်ရီတွေဟာ antioxidant ကြွယ်ဝစွာပါဝင်တဲ့အတွက် DNA ကိုပျက်စီးစေတဲ့အရာတွေကို ချေဖျက်ပေးနိုင်ပါတယ်။ လေ့လာစမ်းသပ်ချက်အရ နေ့စဉ် ဘလူးဘယ်ရီနဲ့ ပန်းသီးရောဖျော်ထားတဲ့ ဖျော်ရည် ၁ လီတာခန့် ပုံမှန်သောက်သုံးတဲ့သူ ၁၆၈ ယောက်မှာ DNA damage ဟာ ၂၀% ခန့် လျော့ကျသွားတာ တွေ့ရပါတယ်။

.

(၄) သွေးထဲမှာရှိတဲ့ မကောင်းတဲ့ကိုလက်စထရော (LDL cholesterol) တွေ မပျက်စီးအောင်၊ ဓာတ်တိုးခြင်း (oxidize) မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ LDL cholesterol တွေ ဓာတ်တိုးခြင်းဖြစ်လာတဲ့အခါ နှလုံးရောဂါများ ဖြစ်လာနိုင်ပါတယ်။ ဘလူးဘယ်ရီသီးမှာပါဝင်တဲ့ antioxidant က oxidized LDL cholesterol တွေကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကောင်းမွန်စေပါတယ်။ အဝလွန်သူတွေမှာ နေ့စဉ် ဘလူးဘယ်ရီသီး ၅၀ ဂရမ်ခန့် စားသုံးတဲ့အခါ LDL cholesterol oxidation နှုန်း ၂၇% ခန့် နည်းသွားတာတွေ့ရပါတယ်။ နေ့တိုင်း ဘလူးဘယ်ရီ ၇၅ ဂရမ်ခန့် စားပေးခြင်းက LDL cholesterol oxidation ဖြစ်ခြင်းကို သိသိသာသာ လျှော့ချပေးပါတယ်။

.

(၅) သွေးပေါင်လည်းကျစေနိုင်တာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေ အများဆုံးရှိတဲ့ သွေးတိုးသမားတွေအတွက်လည်း အလွန်အထောက်အကူပြုပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေရှိတဲ့ အဝလွန်သူတွေမှာ တစ်နေ့ ဘလူးဘယ်ရီ ၅၀ ဂရမ်ခန့် စားသုံးခြင်းဖြင့် သွေးပေါင်ချိန်ကို ၄% ကနေ ၆% ခန့် လျော့ကျစေတယ်လို့ ဆိုပါတယ်။ သွေးဆုံးပြီးအမျိုးသမီးတွေမှာလည်း တူညီတဲ့အကျိုးကျေးဇူးပေးတာ တွေ့ရပါတယ်။

.

(၆) သွေးပေါင်ကျစေပြီး မကောင်းတဲ့ LDL Cholesterol ကိုလည်း နည်းစေတာကြောင့် နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဘလူးဘယ်ရီမှာ အဓိကပါဝင်တဲ့ antioxidant ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ anthocyanin ဓာတ်ကို ပမာဏများများစားသုံးသူတွေမှာ ပမာဏနည်းနည်းစားသူတွေထက် နှလုံးရုတ်တရက်ရပ်ခြင်း ( heart attack ) ဖြစ်နိုင်ခြေ ၃၂% ခန့် နည်းတာကို တွေ့ရပါတယ်။

.

(၇) ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို ထိန်းပေးပြီး မှတ်ဥာဏ်ကောင်းမွန်စေပါတယ်။ အသိမှတ်ဥာဏ် ချို့ယွင်းနေတဲ့ သက်ကြီးရွယ်အိုတွေကို နေ့တိုင်း ဘလူးဘယ်ရီဖျော်ရည် တိုက်ကြည့်တဲ့အခါ ဦးနှောက်စွမ်းဆောင်ရည် တိုးတက်လာတာကို တွေ့ရပါတယ်။ ဘလူးဘယ်ရီနဲ့ စတော်ဘယ်ရီစားသုံးသူတွေဟာ အသက်အရွယ်ကြီးရင့်လို့ မှတ်ဥာဏ်ချို့ယွင်းတာကို သူများထက် ၂ နှစ်ခွဲခန့် နောက်ကျစေပါတယ်။

.

(၈) သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပါတယ်။ အခြားသီးနှံတွေနဲ့ယှဉ်လိုက်ရင် ဘလူးဘယ်ရီမှာ သကြားဓာတ်အနည်းငယ်သာ ပါဝင်တာကြောင့် သွေးတွင်းအင်ဆူလင်နဲ့ သကြားဓာတ်အပေါ် ကောင်းကျိုးများစွာ သက်ရောက်ပါတယ်။ နေ့စဉ် ဘလူးဘယ်ရီဖျော်ရည် ၂ ခွက်ခန့်သောက်သုံးခြင်းဟာ အင်ဆူလင်ရဲ့အာနိသင် (insulin sensitivity) ကို မြင့်စေပြီး အမျိုးအစား ၂ ဆီးချို (type 2 diabetes) ဖြစ်နိုင်ခြေကိုလည်း နည်းစေပါတယ်။

.

(၉) ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သက်သာစေပါတယ်။ ဘလူးဘယ်ရီတွေဟာ cranberry တွေလိုပဲ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ရောဂါလက္ခဏာတွေကို သက်သာစေနိုင်တယ်လို့ ဆိုကြပါတယ်။

.

(၁၀) ပြင်းထန်အားကစားများ လုပ်ပြီးနောက် ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။ Blueberry ဖြည့်စွက်ဆေးတွေဟာလည်း ရောင်ရမ်းခြင်းနဲ့ ကြွက်သားနာကျင်ခြင်းတွေကို ပြေလျော့စေနိုင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဘလူးဘယ်ရီသီးဟာ တောရောမြို့ပါမကျန် ဖောဖောသီသီ ဝယ်ယူလို့လွယ်တဲ့ အသီးအနှံအမျိုးအစားထဲ မပါဝင်ပါဘူး။ ဒါ့အပြင် ဈေးနှုန်းလည်း အတန်အသင့် မြင့်မားနိုင်ပါတယ်။

ဒါကြောင့် ဘလူးဘယ်ရီသီးနဲ့ ကျန်းမာရေးအကျိုးကျေးဇူး အတူတူလိုဖြစ်စေတဲ့ အခြားအသီးအနှံတွေဖြစ်တဲ့ နာနတ်သီး၊ ထောပတ်သီး၊ သရက်သီး အစရှိသဖြင့် တယ်လီကျန်းမာမှာ ဖော်ပြပြီးသား ရာသီစာအသီးအနှံတွေအကြောင်းကိုလည်း အောက်ပါအတိုင်း ထပ်မံဖော်ပြပေးလိုက်ပါတယ်နော်…

စိတ်ဝင်စားသူများ အပြာရောင်စာသားကိုနှိပ်၍ ဝင်ရောက်ဖတ်ရှုလို့ ရပါတယ်။

Reference: ????

https:// www. healthline. com /nutrition/10-proven-benefits-of-blueberries#TOC_TITLE_HDR_12

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here