“ တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်းအကြောင်း အကျဥ်းချုပ် လေ့လာသိရှိထားနိုင်ရန်”

အများပြည်သူအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် ရည်ရွယ်လျက် တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်းကို ၂၀၂၁ ဇွန်လ ၁၉ ရက် (ကိုဗစ်တတိယလှိုင်းကာလ) တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

ယခုအခါ သက်တမ်းအားဖြင့် ၂ နှစ်ခွဲကျော်လာပြီဖြစ်သည့် တယ်လီကျန်းမာတွင် အထွေထွေရောဂါကုဆေးခန်း (၅) ခုအပါအဝင် အထူးကုဆေးခန်း အမျိုးအစားပေါင်း (၂၅) မျိုးအထိ ဖွင့်လှစ်ထားပြီး လူနာများအား နေ့စဥ် အခမဲ့ ကြည့်ရှုဆွေးနွေးပေးလျက် ရှိပါသည်။

တယ်လီကျန်းမာ ဆေးခန်းများတွင် တိုင်ပင်ဆွေးနွေးမည့် လူနာများအနေဖြင့် အောက်ဖော်ပြပါ “ သဘောတူခွင့်ပြုချက် တောင်းခံလွှာ” ကို သေချာစွာဖတ်ရှုနားလည်ပြီး လူနာ၏ခွင့်ပြုချက် ရရှိမှသာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် တိုင်ပင်ဆွေးနွေး အကြံပြုမှုများကို ဆက်လက်လုပ်ဆောင်ပေးပါသည်။

(လူနာထံအား ဆေးကုသမှု ပြုလုပ်ပေးနိုင်ရန်နှင့် ဆေးမှတ်တမ်းများ သိမ်းဆည်းထားနိုင်ရန် ကြိုတင်ခွင့်ပြုချက် တောင်းခံလွှာ…

https://bit.ly/ptagree )

ဆက်လက်၍ တယ်လီကျန်းမာတွင် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်သည့် ဆေးခန်းပြသနည်းမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။

▪️ တယ်လီကျန်းမာ၏ ဖေ့ဘွတ်ပေ့ချ် Messenger သို့ ဆက်သွယ်ပြီး ကြိုတင်ဘိုကင် ရယူရပါမည်။

▪️ တယ်လီကျန်းမာ messenger သည် နေ့စဥ် နံနက် (၈) နာရီမှ ည (၁၀) နာရီအတွင်း လက်ခံဖြေကြားပေးပြီး လူနာများ ဆေးခန်းပြ တိုင်ပင်ဆွေးနွေးလိုသည့်အချိန်ကို ဆရာဝန်များထံ ဘိုကင်ယူပေးပါသည်။

▪️ ဘိုကင်ရယူပြီးပါက လူနာအမှတ်နှင့် ဆွေးနွေးတိုင်ပင် ပြသရမည့်ဆေးခန်း၏ Telegram link ကို လူနာအား ပေးအပ်ပါသည်။

▪️ မိမိဘိုကင်ယူထားသည့် အချိန်ရောက်လျှင် Telegram link ကိုနှိပ်၍ လွယ်ကူစွာဖြင့် ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးနိုင်ပြီ ဖြစ်ပါသည်။

(ဆရာဝန်နှင့် ဆွေးနွေးချိန်တွင် မိမိ၏ လူနာအမှတ်ကို မှန်ကန်စွာ ပြောပြနိုင်ရမည်ဖြစ်ပြီး မိမိဘိုကင်ယူထားသော အချိန်အတိအကျဖြစ်ရန်လည်း လိုအပ်ပါသည်။ ထိုသို့မဟုတ်ပါက ဆရာဝန်များဘက်က လက်ခံဆွေးနွေးပေးမည် မဟုတ်ပါ)

လူနာကို ကနဦးဆွေးနွေးအကြံပြု ကုသမှုများ ပြုလုပ်ပေးပြီးနောက် ရောဂါအခြေအနေအရ လိုအပ်ပါက အောက်ဖော်ပြပါ အထူးကုဆရာဝန်ကြီးများနှင့် ဆက်လက်ဆွေးနွေးတိုင်ပင်ရန် စီစဥ်ဆောင်ရွက်ပေးပါသည်။

• တယ်လီကျန်းမာတွင် ကြည့်ရှုကုသပေးသည့် အထူးကုဆရာဝန်အမျိုးအစားများ

(၁) အထွေထွေရောဂါ အထူးကုသမားတော်ကြီးများ

(၂) အထွေထွေခွဲစိတ် အထူးကုဆရာဝန်ကြီးများ

(၃) ကလေးအထူးကုဆရာဝန်ကြီးများ

(၄) သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများ

(၅) အရိုးအထူးကုဆရာဝန်ကြီးများ

(၆) အကြောအဆစ်အထူးကုဆရာဝန်ကြီးများ

(၇) အရေပြားအထူးကုဆရာဝန်ကြီးများ

(၈) စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးများ

(၉) ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီးများ

(၁၀) ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ

(၁၁) မျက်စိအထူးကုဆရာဝန်ကြီးများ

(၁၂) နား ၊ နှာခေါင်း ၊ လည်ချောင်းအထူးကုဆရာဝန်ကြီးများ

(၁၃) သွားနှင့်ခံတွင်းဆရာဝန်ကြီးများ

(၁၄) နှလုံးအထူးကုဆရာဝန်ကြီးများ

(၁၅) အသည်းအထူးကုဆရာဝန်ကြီးများ

(၁၆) အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဆရာဝန်ကြီးများ

(၁၇) ကျောက်ကပ်အထူးကုဆရာဝန်ကြီးများ

(၁၈) ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီးများ

(၁၉) ဟော်မုန်းအထူးကုဆရာဝန်ကြီးများ

(၂၀) ကင်ဆာဆေးပညာအထူးကုဆရာဝန်ကြီးများ

(၂၁) အာဟာရအထူးကုဆရာဝန်ကြီးများ

(၂၂) မေ့ဆေးအထူးကုဆရာဝန်ကြီးများ

(၂၃) ဓာတ်မှန်ဆရာဝန်ကြီးများ

(၂၄) အကြောအဆစ်ပြန်လည်သန်စွမ်းရေး ပညာရှင်များ

(၂၅) HIV/ AIDS ကျွမ်းကျင်ဆရာဝန်များ

အထက်ဖော်ပြပါ အထူးကုဆရာဝန်ကြီးများအပါအဝင် တယ်လီကျန်းမာ၏ အွန်လိုင်းဆေးခန်းများ၌ ပြုလုပ်ပေးနေသော ဆွေးနွေးတိုင်ပင်မှုများသည် လူနာအားလုံးအတွက် “ အခမဲ့” ဖြစ်ပါသည်။

တယ်လီကျန်းမာတွင် ပြသခဲ့သော လူနာများအနေဖြင့် အခက်အခဲများ၊ အဆင်မပြေမှုများနှင့် အကြံပြုစရာ တစ်စုံတစ်ရာရှိပါက အောက်ဖော်ပြပါ “ လူနာ၏ တောင်းဆိုအကြံပြုချက်လွှာ” တွင် ဖြည့်သွင်းပြီး တယ်လီကျန်းမာ တာဝန်ရှိသူများထံ တိုက်ရိုက်အသိပေးနိုင်ပါသည်။ တာဝန်ရှိသူများက လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

လူနာ၏ တောင်းဆိုအကြံပြုလွှာ

(Client Feedback Form)

https://forms.gle/Q5CzxUqk4oGoC5z58

အထက်ဖော်ပြပါ ဆေးခန်းပြသမှု နည်းလမ်းများအပြင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်လိုစိတ် ဖြစ်ပေါ်နေသူများအတွက် အရေးပေါ် နှစ်သိမ့်အားပေး ကူညီပေးနိုင်မည့် hotline ကိုလည်း ဖွင့်လှစ်ထားရှိပါသည်။

“ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု လုံးဝမရှိစေရ”

(Zero Suicide Campaign) သို့ ဆက်သွယ်ရန်

https://t.me/zeroscbot

မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

ပြည်သူအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံနိုင်ကြပါစေကြောင်း ဆုတောင်းလျက်…

❤️ NUG, MOH တယ်လီကျန်းမာ လူတိုင်းအတွက်ပါ ❤️

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here