အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်အတွင်းမှာ ကမ္ဘာနဲ့အဝှမ်း HIV ပိုးနဲ့ အတူရှင်သန်နေထိုင်သူ ၃၉ သန်းခန့် ရှိနေပြီး AIDS ရောဂါကြောင့် သေဆုံးသူမှာလည်း ၆၃၀,၀၀၀ ခန့် ရှိပါတယ်။

၂၀၂၁ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နေရာဒေသ အတော်များများမှာ HIV နဲ့ပတ်သက်တဲ့ ကျန်းမာရေးစောင့်ရှောက်ရေး လုပ်ငန်းတွေ (ကာကွယ်ခြင်း၊ ရောဂါစစ်ဆေးခြင်း၊ ဆေးကုသခြင်း) စတာတွေ အဖက်ဖက်က ချို့ယွင်းလာတဲ့အတွက် HIV ပိုး အသစ်ကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက်ဟာလည်း ပိုမိုများပြားလာပါတယ်။

ဒါ့ကြောင့် ခုတစ်ပတ်မှာတော့ HIV ပိုး ကူးစက်နိုင်သော အဓိကနည်းလမ်းများကို ပြည်သူလူထု သိရှိနိုင်အောင် လူမျိုးပေါင်းစုံ (၁၀) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။

ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်…????

(ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်)

(ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်… ????)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here