“ မဖြစ်မနေ သိရှိထားသင့်တဲ့ သွေးတွင်းအဆီဓာတ်တွေအကြောင်း (Cholesterol & Triglycerides)”
Cholesterol ဆိုတာ ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ အဆီတစ်မျိုးပါ။ ခန္ဓာကိုယ်အတွင်းမှာ အသည်းဟာ အဆီကို အများဆုံးထုတ်လုပ်တဲ့နေရာ ဖြစ်ပြီး၊ ပုံမှန်ကျန်းမာနေဖို့အတွက် ကိုလက်စရော အနည်းငယ်တော့ လိုအပ်ပါတယ်။
.
????ကိုလက်စရော အမျိုးမျိုး
ကိုလက်စရောတွေဟာ သွေးထဲမှာဖြတ်သန်းရတဲ့အခါ သူတို့ကိုသယ်ပေးတဲ့ ပရိုတင်းလေးတွေနဲ့ တွဲပြီး ဖြတ်သန်းရပါတယ်။ အဲဒီလို သယ်ပေးတဲ့ကောင်လေးတွေကို Lipoproteins လို့ ခေါ်ပါတယ်။
Low Density Lipoproteins တွေက ကိုလက်စရောကို သယ်သွားတဲ့အခါ အဲဒီအပေါင်းအစုကို LDL cholesterol လို့ခေါ်ပြီး၊ အဲဒါက ???????????? ???????????????????????????????????????????? ပါ။
(LDL cholesterol များရင် နှလုံးနဲ့သွေးကြောရောဂါတွေ ဖြစ်စေပါတယ်)
အချို့ ကိုလက်စရောတွေကိုတော့ High Density Lipoproteins တွေက သယ်သွားပေးပြီး အဲဒီအစုအဝေးကိုတော့ HDL cholesterol လို့ ခေါ်ပါတယ်။ သူကတော့ နှလုံးရောဂါတွေကို ကာကွယ်ပေးတဲ့ ???????????????? ???????????????????????????????????????????? ပါ။
..
..
နောက်အဆီတစ်မျိုးကတော့ Triglycerides ဖြစ်ပြီး သူကတော့ အဆီများတာတွေ စားရင်၊ ဒါမှမဟုတ် အစာ အစားများရင် ကယ်လိုရီတွေ ပိုလာပြီး Triglycerides တွေအဖြစ် အဆီဆဲလ်တွေမှာ သိုလှောင်လိုက်တာပါ။ သူကလည်း ???????????? ???????????????????????????????????????????? ပဲ ဖြစ်ပါတယ်။ သူ များရင် Pancreatitis (ခေါ်) မုန့်ချိုအိတ်ရောင်ခြင်းလည်း ဖြစ်နိုင်ပါတယ်။
Triglycerides နဲ့ ကိုလက်စရောတွေဟာ ပုံမှန် level မှာ ရှိနေရင် ဘာမှမဖြစ်ပါဘူး။ ပိုများလာရင်တော့ ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိပါတယ်။
..
..
????ကိုလက်စရောများခြင်းဟာ ဘာပေါ်မူတည်လဲ
ကိုလက်စရောဟာ ခန္ဓာကိုယ်က ပြုလုပ်တာ ဖြစ်ပေမယ့် စားတဲ့အစားအစာပေါ်မှာလည်း အတိုင်းအတာတစ်ခုအထိ သက်ဆိုင်ပါတယ်။ ဒါ့အပြင် ဟော်မုန်းပြဿနာများရှိခြင်း (ဥပမာ – thyroid hormone နည်းတာ) ၊ အဝလွန်ခြင်း၊ အရက် အလွန်အကျွံသောက်ခြင်းနဲ့ အချို့သော အသည်းနဲ့ ကျောက်ကပ်ရောဂါတွေမှာ ကိုလက်စရော များတတ်ပါတယ်။
ကိုလက်စရော များခြင်းဟာ မွေးရာပါ gene တစ်ခု ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပြီး သူက မျိုးရိုးလိုက်တတ်ပါတယ်။ ဒီမွေးရာပါရောဂါတွေရှိရင် လူငယ်ဘဝနဲ့တင် လေဖြတ်တာ၊ နှလုံးသွေးကြောပိတ်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
..
..
ကိုလက်စရောတွေ များတဲ့အခါ သွေးကြောနံရံတွေမှာ အဆီတွေ သွားပုံပါတယ်။ တဖြည်းဖြည်း သွေးကြောကျဉ်းတာ၊ သွေးကြောပိတ်တာတွေအထိ ဖြစ်နိုင်ပါတယ်။
ကိုလက်စရောများခြင်းနဲ့အတူ အခြားအချက်တွေကလည်း နှလုံးသွေးကြောရောဂါတွေကို ဖြစ်နိုင်ခြေများစေပါတယ်။
ဒီအချက်တွေထဲမှာ ပြုပြင်လို့ရတဲ့အချက်တွေ ပါသလို၊ ပြုပြင်မရနိုင်တဲ့ အချက်တွေလည်း ပါပါတယ်။
ပြုပြင်လို့ရတဲ့ အချက်တွေကတော့….
????ဆေးလိပ် ၊ အရက်သောက်တာ
????လေ့ကျင့်ခန်း မလုပ်တာ
????ကိုယ်အလေးချိန်များတာ
????ဆားစားသုံးမှုများတာ တွေအပြင်…
????သွေးတိုး
????ဆီးချို
????ကျောက်ကပ် စတဲ့ ဆေးကုလို့ရတဲ့ ရောဂါတွေ ပါပါတယ်။
.
ပြုပြင်လို့မရတဲ့ အချက်တွေကတော့
????မိသားစုမျိုးရိုးလိုက်တဲ့ ရောဂါတွေရှိတာ
????အသက်အရွယ် ကြီးလာတာ
????အချို့မျိုးနွယ်စုတွေ
????အမျိုးသား ဖြစ်တာ
????အမျိုးသမီးတွေ သွေးစောစောဆုံးတာ စတဲ့အချက်တွေ ပါပါတယ်။
..
..
အထက်ပါ အချက်တွေဟာ နှလုံး၊ သွေးကြောနဲ့ လေဖြတ်ရောဂါတွေကို ပိုဖြစ်စေတဲ့ အချက်တွေပါ။ ဒီအချက်တွေထဲက များများရှိလေ ရောဂါပိုထူလေပါပဲ။
ဥပမာ- ဆေးလိပ်သောက်တတ်တဲ့ လူလတ်ပိုင်း အမျိုးသားတစ်ယောက်ဟာ သွေးတိုးလည်း ရှိ၊ သွေးတွင်းအဆီလည်းများတယ် ဆိုပါစို့။ သူဟာ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေအလွန်များပြီး အသက် ၆၀ မတိုင်ခင် နှလုံးသွေးကြောပိတ်ရောဂါဖြစ်ဖို့ အခွင့်အရေး အတော်များပါတယ်။
..
..
ကျန်းမာရေး စစ်ဆေးတဲ့အခါ ဆရာဝန်တွေက သွေးတွင်းအဆီဓာတ်တွေကို စစ်ဆေးတာ ကြုံဖူးကြပါလိမ့်မယ်။ အဆီဓာတ် စစ်ဆေးခြင်းဟာ ရောဂါရှာတဲ့နေရာမှာ စစ်သလို၊ ဆေးပေးအပြီး ထိရောက်မှုကို ပြန်ကြည့်တဲ့နေရာမှာလည်း စစ်ပါတယ်။ အသက် ၄၀ ကျော်လာရင် (ဒါမှမဟုတ်) မျိုးရိုးထဲ နှလုံးသွေးကြောနဲ့ အဆီ ပြဿနာတွေရှိရင် သွေးတွင်းအဆီဓာတ်ကို စစ်ဆေးသင့်ပါတယ်။
တစ်ခါတလေမှာ Fasting (ညဘက် အစာ ၁၂ နာရီခန့်မစားဘဲ နောက်တစ်ရက်မနက်မှာ သွေးစစ်တာ) လုပ်ပြီး အဆီဓာတ် စစ်ရတာမျိုးလည်း ရှိတတ်ပါတယ်။ Triglycerides ဟာ အစားပေါ်လိုက်ပြီး အဖြေပြောင်းတတ်လို့ Fasting စစ်မှ မှန်ပါတယ်။
အချို့အဆီများတဲ့သူတွေဟာ သွေးကြောမှာတင်မဟုတ်ဘဲ ခန္ဓာကိုယ်မှာပါ အဆီခဲလေးတွေ တွေ့ရတတ်ပါတယ်။ မျက်ခွံပေါ်မှာ အဝါဖတ်လေးတွေ၊မျက်လုံး မျက်ဆံအနက်ရဲ့ ဝန်းဘေးပတ်လည်မှာ အဖြူရောင်အရစ်လေး ဖြစ်နေတာတို့ပါ။ မျိုးရိုးလိုက်တဲ့ရောဂါတွေဆိုရင် အဆစ်မြစ်တွေမှာ အဆီဖုလေးတွေပါ တွေ့ရတတ်ပါတယ်။
သွေးအဖြေမှာ LDL cholesterol level များလေ သွေးကြောရောဂါ ဖြစ်လွယ်လေပါပဲ။ Triglycerides များရင်လည်း ထိုနည်းလည်းကောင်းပါပဲ။
ကိုလက်စရော လျှော့ချခြင်းဟာ နှလုံး၊ သွေးကြော၊ လေဖြတ်ရောဂါတွေကို ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။ ကိုလက်စရော လျှော့ချဖို့အတွက် အစားအစာကို ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် စားရပါမယ်။ ဒါပေမယ့် စားသောက်မှုပုံစံပြောင်းတာ တစ်ခုထဲနဲ့ နှလုံးကျန်းမာရေးကို ပိုကောင်းမလာစေပါဘူး။ သွေးတွင်းအဆီချဆေးတွေကိုလည်း သောက်သုံးဖို့ လိုပါတယ်။ အပေါ်မှာပါတဲ့ ပြုပြင်လို့ရတဲ့အချက်တွေကို ပြုပြင်ဖို့လည်း လိုပါတယ်။
..
..
????ဆေးများ
သွေးတွင်းအဆီချဆေးတွေအနေနဲ့ Statin ဆေးတွေကို အသုံးများပါတယ်။ အဆီထုတ်လုပ်တဲ့ ဖြစ်စဉ်ဟာ ညဘက်မှာသာ လည်ပတ်တာဖြစ်လို့ ဒီဆေးတွေကို ညဘက်မှာသောက်ရပါမယ်။ ဆေးစပြီး တစ်လမှ သုံးလလောက်နေရင် အဆီဓာတ် ပြန်စစ်ပြီး ဆေးတိုးဖို့ လို/မလို ချိန်ရပါတယ်။
ဒီဆေးမသောက်ခင် အသည်းနဲ့ ကျောက်ကပ် ကောင်း/မကောင်းစစ်ဖို့လည်း လိုပါတယ်။ ဒီဆေးတွေဟာ သုတေသနများစွာနဲ့ အကျိုးရလဒ် ခိုင်ခိုင်မာမာရှိတဲ့ သက်စောင့်ဆေးများ ဖြစ်ပါတယ်။
.
အခြား ဆေးအမျိုးအစားတွေလည်း ရှိပါသေးတယ်။
Fish oil (Omega-3 fatty acids) များကတော့ HDL cholesterol ကိုမြင့်တက်အောင် တင်ပေးနိုင်တဲ့ ဆေးများဖြစ်ပါတယ်။ ဒီဆေးကတော့ အကျိုးရလဒ်ကို သုတေသန ခိုင်ခိုင်မာမာ မရှိသေးပါဘူး။
အထူးသဖြင့် အသက် ၄၀ ကျော် ဆီးချိုရောဂါရှိသူများ၊ နှလုံးသွေးကြောပိတ်/နှလုံးရောဂါရှိသူများ၊ လေဖြတ်ရောဂါရှိသူများဟာ သွေးတွင်းအဆီဓာတ်ကျဆေးတွေကို မသောက်မဖြစ် သောက်ရပါမယ်။
ကျန်းမာတဲ့ လူနေမှုပုံစံတွေကိုလည်း လိုက်နာရပါမယ်။ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် စတဲ့ ရောဂါတွေကိုလည်း သေချာကုသရပါမယ်။
သွေးတွင်းကိုလက်စရော လျှော့ချခြင်းဟာ လတ်တလော ခံစားရတဲ့ ဝေဒနာအပေါ် မသိသာပေမယ့် ရေရှည်ကောင်းကျိုးများစွာ ရရှိစေတဲ့ ကုသမှုဖြစ်တာကြောင့် အထူးအလေးပေးဆောင်ရွက်သင့်တဲ့ ကုသမှုဖြစ်ကြောင်း အဆုံးသတ်အနေနဲ့ သတိပေးပြောကြားလိုက်ပါရစေ။
အထူးကုသမားတော်တစ်ဦး
Telekyanmar
Ref : ????
https:// patient. info /heart-health/high-cholesterol
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.