“ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါ”
ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်တွေဟာ သွေးအားနည်းတတ်လေ့ရှိပါတယ်။ အကြောင်းရင်းကတော့ ကိုယ်ဝန်ဆောင်စဉ် မိခင်အတွက်ရော သန္ဓေသားဖွံ့ဖြိုးမှုအတွက်ပါ သွေးနီဥနဲ့ ဆဲလ်တွေ ပိုထုတ်ရလို့ ဖြစ်ပါတယ်။
ဒီလိုအချိန် သွေးနီဥတွေ လုံလောက်စွာ ထုတ်လုပ်ဖို့ အာဟာရဓာတ်တွေ လုံလောက်မှုမရှိတဲ့အခါ (သို့) ခန္ဓာကိုယ်မှ ဆုံးရှုံးလိုက်ရတဲ့အခါမျိုးမှာ သွေးအားနည်းရောဂါ ခံစားရနိုင်ပါတယ်။
..
..
❕သွေးအားနည်းရောဂါ အမျိုးအစားများ
သွေးအားနည်းရောဂါ ဖြစ်စေတဲ့ အကြောင်းအချက်တွေ အများကြီးရှိတဲ့အနက် ကိုယ်ဝန်ဆောင်စဥ် အဖြစ်များတာတွေကတော့…
- သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ
- ဖောလစ်အက်စစ်ချို့တဲ့ သွေးအားနည်းရောဂါ
- ဗီတာမင် B12 ချို့တဲ့သော သွေးအားနည်းရောဂါတို့ပဲ ဖြစ်ပါတယ်။
???? ကိုယ်ဝန်ဆောင်စဉ်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါဟာ အဖြစ်များလေ့ရှိပါတယ်။
???? သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါမှာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေဆီ အောက်ဆီဂျင်ပို့ပေးတဲ့ ကောင်းမွန်တဲ့ သွေးနီဥတွေ နည်းသွားပါတယ်။
..
..
❕သံဓာတ်ချို့တဲ့စေတဲ့ အကြောင်းရင်းတွေကတော့…
- သံဓာတ်ကြွယ်ဝတဲ့ အာဟာရ မလုံလောက်ခြင်း
- ကိုယ်ဝန်ဆောင်မှု တစ်ကြိမ်နှင့်တစ်ကြိမ် အချိန်နီးကပ်ခြင်း
- ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းဖူးခြင်း၊ သွေးသွန်ခြင်း
- အမွှာကိုယ်ဝန်ဆောင်ရခြင်း
- ပြင်းထန်သော ပျို့အန်မှုရှိခြင်း
- သန်ကောင်ရောဂါရှိဖူးခြင်း… စတာတွေကြောင့် ကိုယ်ဝန်ဆောင်စဉ် သွေးအားနည်းတတ်ပါတယ်။
..
..
❕သွေးအားနည်းလက္ခဏာတွေဖြစ်တဲ့
- မောပန်းနွမ်းနယ်ခြင်း၊ နုံးချိခြင်း
- ရင်တုန်ခြင်း၊ အသက်ရှုမဝခြင်း
- အသားအရေ ဖြူဖျော့ခြင်း
- ခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း
- ခြေဖျား၊ လက်ဖျားအေးစက်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရရင် နီးစပ်ရာဆေးခန််းမှာ ကိုယ်ဝန်အပ်ပြီး လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
..
..
❕ကုသမှုအနေနဲ့
- သွေးအားနည်းစေတဲ့ အကြောင်းရင်းကို ဦးစွာအဖြေရှာရပါမယ်။
- အာဟာရချို့တဲ့မှုကြောင့်ဆိုရင် မိခင်အနေနဲ့ အနီရောင်အသား၊ ငါး၊ ပဲအမျိုးမျိုး၊ ပန်းပွင့်စိမ်းစတဲ့ သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို ညီညွှတ်အောင် စားသုံးသင့်ပါတယ်။
- သံဓာတ်စုပ်ယူမှု အားကောင်းစေဖို့ ဗီတာမင်စီ ကြွယ်ဝတဲ့ အသီး၊ ဖျော်ရည် သောက်သုံးပေးပါ။
- လိုအပ်တဲ့အခါ ကိုယ်ဝန်ဆောင် ဗီတာမင်နှင့် သံဓာတ်အားဆေးတွေကို ဆရာဝန်ညွှန်ကြားမှုအတိုင်း သောက်သုံးရပါမယ်။
- သန္ဓေသား ကောင်းစွာဖွံ့ဖြိုးဖို့အတွက် ဖောလစ်အက်စစ်အားဆေး မှီဝဲလို့ရပါတယ်။
- သန်ကောင်ကြောင့် သွေးအားနည်းတတ်တာမို့ သန်ချဆေး သောက်သုံးသင့်ပါတယ်။
- ကိုယ်ဝန်နေ့စေ့လစေ့အချ်ိန် အလွန်အမင်း သွေးအားနည်းနေပါက သွေးသွင်းရနိုင်ခြေ ရှိပါတယ်။
..
..
❕သွေးအားနည်းခြင်းကို ကောင်းစွာကုသမှု မခံယူပါက
- ကလေးဖွံ့ဖြိုးမှု နှောင့်နှေးခြင်း
- လမစေ့၊ ပေါင်မပြည့် ကလေးမီးဖွားခြင်း
- ကိုယ်ဝန်ပျက်ကျခြင်း
- မိခင်၌ နှလုံး၊ အဆုတ်ထိခိုက်ခြင်း
- မီးဖွားပြီးနောက် စိတ်ကျခြင်း စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါဟာ အဖြစ်များပေမယ့် ကြိုတင်ကာကွယ်နိုင်တာမို့ ကိုယ်ဝန်ရှိစဉ်မှစပြီး ရက်ချိန်းအတိုင်း ပုံမှန်ဗိုက်အပ်ကာ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်ရှင်။
????Reference:https://www.webmd.com/baby/anemia-in-pregnancy
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.