“ လူတွေ သိပ်မသိကြသေးတဲ့ ကစီဓာတ် (Carbohydrates) အကြောင်း”

ကစီဓာတ်ဆိုတာ အစာအုပ်စုကြီး (၃) ခုထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်ကို အဓိက ဦးဆောင်ထုတ်လုပ်ပေးနေတဲ့ အစာအုပ်စုကြီး ဖြစ်ပါတယ်။

ကလေးတွေ ခန္ဓာကိုယ် ဖွံဖြိုးကြီးထွားစေဖို့အတွက်လည်း အဓိကနေရာက ပါဝင်ပါတယ်။

ကစီဓာတ်ကို ရွေးချယ်ရာမှာ

– ကောင်းတဲ့ကစီဓာတ် (Complex Carbohydrates) နဲ့

– ရိုးရိုးကစီဓာတ် (Simple Carbohydrates) ကို ခွဲခြားသိဖို့ လိုအပ်ပါတယ်။

အလွယ်ပြောရရင်တော့…

ကောင်းတဲ့ကစီဓာတ် (Complex Carbohydrate) ဆိုတာဟာ သဘာဝအတိုင်း မပြုပြင်ထားတဲ့ အစားအသောက်မျိုး ဖြစ်ပါတယ်။ Complex ဆိုတဲ့ နာမည်အတိုင်း ရှုပ်ထွေးတဲ့တည်ဆောက်မှုကြောင့် သူ့ကိုစားအပြီး အစာခြေချိန်ပိုကြာတဲ့အတွက် အဆာပိုခံတဲ့အပြင်၊ သွေးတွင်းသကြားဓာတ်ကိုလည်း ဖြည်းဖြည်းချင်းသာ တက်သွားစေပါတယ်။ ဒါကြောင့် Complex carbohydrates စားသုံးခြင်းဖြင့် ဆီးချို၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်နှုန်း ကျဆင်းစေပါတယ်။

Complex Carbohydrate က ရရှိလာတဲ့ ကိုယ်ခန္ဓာအတွက် စွမ်းအင်တွေကလည်း ပိုမိုတာရှည်ခံပြီး ကိုယ်ခန္ဓာကို ပိုလို့အကျိုးပြုစေပါတယ်။

Complex Carbohydrate ကို ဥပမာပြောရရင်…

ဆန်လုံးညို၊ ပေါင်မုန့်ကြမ်း၊ ဘာလီစေ့၊ သဘာဝဂျုံ bucket wheat ၊ မုန်လာဥနီ၊ ပန်းသီး၊ ငှက်ပျောသီး… စတဲ့ သဘာဝအတိုင်း ပြုပြင်ခြင်း အများကြီးမလုပ်တဲ့ ကစီဓာတ်တွေပဲ ဖြစ်ပါတယ်။

Simple Carbohydrates ဆိုတာကတော့ အပေါ်က Complex နဲ့ အကုန်ပြောင်းပြန်ပါ။ သူက Ready made အစားသောက်အများစု၊ သကြား စတဲ့ ပြုပြုပြင်ထားတဲ့ အစားအသောက်အများစုမှာ ပါဝင်ပြီး၊ သူက အစာခြေရတာမြန်သလို သွေးတွင်းသကြားဓာတ်ကိုလည်း အလျင်အမြန်တက်စေပါတယ်။ ဒါကြောင့် အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါဖြစ်နှုန်းတွေကို များစေပါတယ်။

Simple Carbohydrate ကို ဥပမာပြောရရင်…

ထမင်းဖြူ၊ ပေါင်မုန့်ဖြူ၊ သကြား၊ သကြားလုံး၊ ကိတ်မုန့်၊ ကွတ်ကီး၊ သကြားရည် စိမ်ထားသော အသီးအနှံ… စတဲ့ ပြုပြင်ထားတဲ့ Ready made အစားသောက်အများစု ပါဝင်ပါတယ်။

နားရှုပ်စရာတစ်ခု ထပ်ပြောရရင် နွားနို့နဲ့ အသီးအနှံ တချို့မှာ Simple carbohydrate ပါဝင်ပေမယ့်လည်း သူတို့ဆီမှာ ကိုယ်ခန္ဓာအတွက်ကောင်းမွန်တဲ့ Vitamin & Mineral ပါလို့ အတော်အသင့် စားသုံးသင့်ပါတယ်။

သတိထားရမှာက နွားနို့သောက်တဲ့အခါ သကြားထည့်သောက်တာထက်၊ ဒီအတိုင်း နွားနို့ရိုးရိုးလေးကိုသာ သောက်ပေးပါ။

အသီးအနှံဆိုလည်း အချိုရည်ပုံစံ ဖျော်သောက်တာ၊ ကြိတ်သောက်တာထက် အသီးအတိုင်း ဘာမှမရောဘဲ စားတာမျိုး လုပ်ပေးတာ အကောင်းဆုံးပါ။

ဒါဆို Healthy meal ပုံစံ 50-25-25 စားနည်းမှာ 25% သော ကစီဓာတ်ကို ထည့်သွင်းစားရမယ်ဆို ဘယ်လို ရွေးချယ်မလဲ။

အလွယ်ပြောရရင် ထမင်း၊ ဂျုံ၊ ပေါင်မုန့်ဆိုရင် ဆန်လုံးညို၊ ဆန်ကြမ်းတို့ကို ရွေးချယ်ပါ။

တခြားသော အသီးအနှံနဲ့ အရွက်တို့ကိုတော့ သဘာဝအတိုင်း ရထားပြီး၊ တခြားသော အရောအနှောနဲ့ ပြုပြင်ထားခြင်းမရှိတာကို ရွေးချယ်စားသုံးပေးကြပါ။

Process food အလွယ်ပြောရရင် အသင့်စား Ready made အစားအသောက်အများစုမှာ မလိုလားအပ်တဲ့ အချိုဓာတ် (simple carbohydrate) ပါဝင်တတ်တာမို့ ဖြစ်နိုင်ရင် အိမ်မှာပြုလုပ်တဲ့ အစားအသောက်များ စားသုံးပေးခြင်းဖြင့် ပိုမိုကျန်းမာစေပါတယ်ရှင်။

ကစီဓာတ် ရွေးချယ်စားသုံးတတ်ခြင်းအားဖြင့် ပိုမို ကျန်းမာသောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေရှင်…။

Dr. Cool

Telekyanmar

Ref: ????

https:// www. medicalnewstoday. com /articles/325171#simple-carbohydrates

https:// www. healthline. com /health/food-nutrition/simple-carbohydrates-complex-carbohydrates#simple-carbs

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here