* ခြေထောက်ကြွက်တက်ခြင်း
* ခါးနာခြင်း
* စိတ်ဖိစီးမှုများခြင်း
* စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းစတဲ့ လက္ခဏာတွေကို ဇနီးသည်ကိုယ်ဝန်ဆောင်ကာလ ပထမသုံးလပတ်အတွင်း အမျိုးသားတွေမှာပါ အလားတူ ခံစားရတတ်ပါတယ်။
.
ဘာကြောင့်ဖြစ်ရသလဲ ?
လက်တွဲဖော်ဇနီးသည် ကိုယ်ဝန်ဆောင်ကာလမှာ အမျိုးသားတွေပါ စိုးရိမ်ပူပန်စိတ်တွေများလာပြီး ကိုယ်ဝန်ဆောင်တွေရဲ့ ရောဂါလက္ခဏာတွေ ကူးစက်ခံစားလာရတတ်ပါတယ်။
သီအိုရအရလက်တွေ့ကျကျပြောရမယ်ဆိုရင်တော့ …..
* ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း
ဒီလိုလက္ခဏာတွေကို စတင်ခံစားရတဲ့အခါမှာ “ ကျား” ဟော်မုန်း (testosterone နဲ့ cortisol level) ဟာ နည်းသွားပြီး ကိုယ်ဝန်ဆောင်ကာလ ပထမသုံးလပတ်နဲ့ တတိယသုံးလပတ်မှာ “ မ” ဟော်မုန်း (prolactin နဲ့ oestrogen) တွေ များလာတာကြောင့် ဖြစ်ပါတယ်။
.
* သံယောဇဉ်အနှောင်အဖွဲ့များကြောင့် ခံစားရခြင်း
အဖေ ဖြစ်လာတော့မယ်ဆိုတာကို ကြိုတွေးရင်း ဇနီးသည်ကိုယ်ဝန်ဆောင်ကာလမှာလည်း အနီးကပ်ဂရုစိုက်စောင့်ရှောက်ပေးတတ်သူတွေမှာ ပိုအဖြစ်များတတ်ပါတယ်။
.
* ဇီဝကမ္မဆိုင်ရာအကြောင်းအရင်းများ
စာနာနားလည်တတ်ပြီး သနားကြင်နာတတ်တဲ့စိတ်ရှိသူတွေမှာ ဒီလိုလက္ခဏာတွေကို ပို၍ခံစားရနိုင်ခြေများပါတယ်။ တစ်နည်းအားဖြင့် မိမိလက်တွဲဖော်ရဲ့ ကိုယ်ဝန်ဆောင်ချိန်ခံစားရတဲ့ရောဂါလက္ခဏာ၊ နာကျင်တာတွေကို တူတူလိုက်ခံစားပေးတတ်၊ စာနာတတ်တဲ့အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။
.
.
ဒီလို အမျိုးသားတွေမှာ ကိုယ်ဝန်ဆောင်လက္ခဏာတွေ ခံစားရတာဟာ အဖြစ်များသလား ?
အမျိုးသားအများစုဟာ မိမိလက်တွဲဖော် ကိုယ်ဝန်ဆောင်ချိန်မှာ ဒီလိုလက္ခဏာတွေခံစားရတာကို ထုတ်ပြောလေ့မရှိကြပေမယ့် Couvade syndrome ဟာ အဖြစ်များပြီး ကမ္ဘာတစ်ဝန်းလုံးကအမျိုးသားအားလုံးနီးပါး ဒီ syndrome ကို ခံစားရနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာစစ်တမ်းကောက်ချက်အရ ကိုယ်ဝန်ဆောင်လက်တွဲဖော်ရှိသူအမျိုးသား ၂၅ – ၅၂% ခန့်ဟာ Couvade syndrome ခံစားရတယ်လို့ ဆိုပါတယ်။
.
Couvade syndrome လက္ခဏာတွေကို ဘယ်လိုသက်သာအောင်လုပ်မလဲ ?
ဒီလိုလက္ခဏာတွေခံစားရတာက ယာယီ၊ ခဏတာဖြစ်တာကြောင့် ထူးထူးခြားခြားကုသဖို့မလိုပါဘူး။ စိတ်ငြိမ်အောင်နဲ့ စိတ်ဖိစီးမှုလျော့နည်းအောင် တရားထိုင်တာ၊ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတာတွေလုပ်ဆောင်ခြင်းဟာ ခံစားနေရတဲ့လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။
…
…
ကဲ…. ဖေဖေတို့ရေ…. ဇနီးသည် ကိုယ်ဝန်ဆောင်နေသလို ကိုယ်ဝန်ဆောင်ကာလမှာဖြစ်တတ်တဲ့ လက္ခဏာတွေ တူတူ လိုက်ခံစားရတယ်ဆိုရင်…. ဒါဟာ ရောဂါ မဟုတ်ပဲ ချစ်လို့ဆိုတာ ဖေဖေတို့ မေမေတို့သိပါစေနော်
Reference :
https:// optionsnow. org/couvade-syndrome-in-your-partner/
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#couvade
Ministry of Health,
National Unity Government.
Published on: 29 January 2023
Last Updated: 29 January 2023