” အချိန်မတန်သေးပဲ ကလေးမလိုချင်ရင် ”

အမျိုးသမီး အမျိုးသား အတူနေပြီး အချိန်မတန်သေးဘဲ ကလေးမလိုချင်သူများအတွက် ကိုယ်၀န်တားနည်း/တားဆေးများကို သေချာ သိထားသင့်ပါတယ်။

ကိုယ်၀န်မရဖို့ ကူညီ‌ပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးထဲကမှ အသေချာဆုံးနည်းကတော့ “ အတူမနေရင် ကိုယ်၀န်မရတာ သေချာပါတယ်” တဲ့။

လူတစ်ယောက်ဟာ ကိုယ်၀န်တားနည်းကို အသုံးမပြုဘူးဆိုရင် တစ်ကြိမ်တည်း အတူနေရင်တောင် ကိုယ်၀န်ရနိုင်ပါတယ်။

ဒီခေတ်မှာ အသုံးအများဆုံးနည်းကတော့

၁။ “ အရေးပေါ်တားဆေးလုံး သောက်တာပါပဲ”

အမှန်တော့ အရေးပေါ်တားဆေးကို ရည်ရွယ်ထားတာက -အကာအကွယ်မပါပဲ အတူနေမိရင်၊ ကွန်ဒုံးပေါက်သွားရင် (သို့) လက်ညှိုးကဒ်သောက်ဖို့ ရက်လွတ်သွားရင် စတဲ့အခြေအနေတွေမှာ အရေးပေါ်သုံးဖို့ ရည်ရွယ်တာပါ။

အရေးပေါ်သုံးဆေးဖြစ်လို့ ဟော်မုန်းပမာဏ အများကြီးပါတာမို့ အရေးပေါ်တားဆေးလုံးကို ပုံမှန် လက်ညှိုးကဒ်လိုမျိုး စွဲမသောက်သင့်ပါ (ဥပမာ – အတူနေလိုက် သောက်လိုက်)

အရေးပေါ်တားဆေးကို အတူနေပြီး ၃ရက် (၇၂နာရီ)အတွင်း သောက်ရပါမယ်။ စောစောသောက်လေ ပိုအကျိုးရှိလေပါ။ ဆေးက ဆေးဆိုင်တွေမှာ အလွယ်တကူ ရနိုင်ပါတယ်။ အရေးပေါ်တားဆေးဟာ ၈၅%လောက် တားနိုင်စွမ်းရှိပါတယ်။ သူကမျိုးဥကြွေတာကို တားဆီးတာ (သို့) နောက်ကျစေတာမို့ ၊ သောက်ပြီးနောက်ကပ်လျက် ရာသီလာတာ နောက်ကျတာ (သို့) မလာတော့တာ ဖြစ်နိုင်ပါတယ်။

၂။ ပြက္ခဒိန်ရက်နည်း (သို့) Calendar method

ဒီနည်းကလည်း အတော်အသုံးများတာ တွေ့ရပါတယ်။ ရာသီစက်၀န်းပုံမှန်ရက်ကို တွက်ချက်ပြီး ကလေးရနိုင်နဲ့ရက်တွေကို ရှောင်ပြီးအတူနေတာဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ လစဉ် ရာသီစက်၀န်း လည်ပတ်မှုက တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ ဒါကြောင့်ကလေးရနိုင်တဲ့ ကာလကို ဘယ်လိုတွက်ချက်ရမလဲဆိုတော့ မြန်မာနိုင်ငံမှာတော့ ရာသီလာတဲ့ အစရက်နဲ့ အဆုံးရက်ကို လပေါင်းများစွာ သေချာမှတ်ပြုလေ့လာ အပြီးမှာ သိနိုင်ပါတယ်။ အကြမ်းအားဖြင့်တော့ ရာသီမလာမှီနဲ့ လာပြီးတစ်ပါတ်စီဟာ ကလေးရနိုင်တဲ့ညအခွင့်အလမ်းအနည်းဆုံး ကာလတွေဖြစ်ပါတယ်။ ဒီနည်းကို စနစ်တကျလေ့လာ လိုက်နာရင်တော့ ၇၆% ကာကွယ်နိင်တယ်လို့ Centre of Disease Control (CDC) ကဆိုပါတယ်။

၃။ နောက်တစ်နည်းကတော့ အမျိုးသားအကာအကွယ်ပစ္စည်း(ကွန်ဒုံး)ပါ

အမျိုးသားနဲ့ အမျိုးသမီး ကွန်ဒုံးတွေကသာလျှင် ကိုယ်၀န်တားရုံသာမက လိင်ဆက်ဆံရာမှ တစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသောနည်းဖြစ်ပါတယ်။ စနစ်တကျသုံးရင် ကိုယ်၀န်တားရာမှာတော့ ၈၀% အထိ ကာကွယ်ပေးနိုင်လို့ CDC မှာ ဖော်ပြထားပါတယ်။ အမျိုးသားကွန်ဒုံးက‌တော့ ဆေးဆိုင်တွေနဲ့ ဆိုင်တော်တော်များများမှာ အလွယ်တကူ၀ယ်ယူလို့ရပါတယ်။ အမျိုးသမီးကွန်ဒုံးကတော့ ရှာရခက်နိုင်ပါတယ်။

၄။ နောက်ထပ်တနည်းကတော့ diaphragm နဲ့ spermicide ပါ

အရွယ်အစားမှန်ကန်သော Diaphragm ကိုထည့်ပြီး spermicide သုပ်ထားမယ်ဆိုရင်တော့ ၉၀% နီးပါးအထိတားနိုင်ကြောင်း တွေ့ရပါတယ် (CDC)။ အတူမနေခင် နာရီပိုင်းကြိုထည့်ပြီး အတူနေပြီး ၆နာရီကြာတဲ့အထိ မရွေ့စေပဲထားပြီး ၂၄နာရီအကြာမှာထုတ်ရမှာပါ။
( ဒီပစ္စည်းတွေကတော့ ဒီမှာ ဝယ်ယူဖို့ မလွယ်သေးပါဘူး။ တခြားနိုင်ငံတွေမှာ အသုံးပြုကြတဲ့ နည်းလမ်းတစ်မျိုးပါ။ ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့လည်း လိုအပ်ပါတယ် )

၅။ အခြား နည်းလမ်းကတော့ ဟော်မုန်းထိန်းတဲ့ နည်းလမ်းနဲ့ မျိုးဥ မကြွေအောင် လုပ်တာပါ။

(က) လက်ညှိုးကဒ် (Oral contraceptive pills-OC pills)
အသုံးအများဆုံး ပုံမှန်ကိုယ်၀န်တားနည်းဖြစ်ပါတယ်။
၉၅% လောက်အထိ ကာကွယ်ပေးနိုင်ပါတယ်။ နေ့စဉ် အချိန်မှန် မပျက်မကွက်သောက်ရန် လိုအပ်ပါတယ်။ ရာသီလစဉ်ပုံမှန်လာစေပြီး ကိုယ်၀န်တားပေးနိုင်တဲ့နည်းလမ်းတစ်ခုပါ။ လက်ညှိုးကဒ်သောက်တာနဲ့ပတ်သက်လို့ ဆေးသောက်ဖို့ပျက်ကွက်သွားရင်နဲ့ သိကောင်းစရာများကို အောက်ပါလင့်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/101009128903034/posts/309496098054335/

(ခ) ၃လခံထိုးဆေး (Depo injection)
ဒီဆေးကတော့ ၁၂ ပါတ်တစ်ခါထိုးရမှာပါ။ အချိန်မှန်မှန်ထိုးရင် ၉၀% အထိ ကာကွယ်နိုင်ပါတယ်။ ကလေးပြန်လိုချင်ရင်တော့ ထိုးတာရပ်ပြီး ၁၀လလောက်ကြာကောင်းကြာနိုင်ပါတယ်။

(ဂ) ဟော်မုန်းပါတဲ့ ပစ္စည်း ထည့်တာပါ။
-Intrauterine device (IUD)
မိန်းမကိုယ်ထဲ ပစ္စည်းကတစ်ခါထည့်ရင် ၅နှစ်လောက်တော့ ခံပါတယ်။ ၅နှစ်တစ်ခါတော့ လဲရမှာပါ။ ရာသီမမှန်တာ၊ ရာသီလာရင်ဗိုက်အောင့်တာ၊ နည်းနည်း နည်းနည်း လာတာ‌တွေ ဖြစ်တတ်ပါတယ်။
-Implants
လက်မောင်းထဲထည့်တာပါ။ ၉၉% လောက်အထိ ကာကွယ်နိုင်ပါတယ်။ ၃နှစ်တစ်ခါတော့ လဲဖို့ လိုပါမယ်။

၆။ ဟော်မုန်းမပါသော မိန်မကိုယ်တွင်းပစ္စည်း (Copper bases IUD) ထည့်နည်းလည်းရှိပါတယ်။ သူကတော့ ၁၀နှစ်လောက်ခံပါတယ်။

၇။ အခြားအခြားသောနည်းလမ်းများအနေနဲ့ cervical cap, sponge, spermicide,patches, vaginal ring နဲ့ သားကြောဖြတ်နည်းတွေရှိပါသေးတယ်။
ကိုယ်ဘယ်နည်းနဲ့သင့်တော်မလဲဆိုတာကိုတော့ တတ်ကျွမ်းတဲ့ဆရာ၀န်နဲ့ သေချာဆွေးနွေးညှိုနှိုင်းရွေးချယ်သင့်ပါတယ်။

????အရေးကြီးဆုံးမှာချင်တာကတော့ ကိုယ်က အထက်ပါနည်းလမ်းတွေထဲက တစ်ခုခုကိုသုံးပါသော်လည်း တစ်ခုခုလွဲချော်သွားရင် ဘယ်အခါ ကိုယ်၀န်ရှိတယ်လို့ သံသယရှိသင့်ပါသလဲ (သို့) ကိုယ်၀န်ရှိမရှိ စစ်သင့်ပါသလဲဆိုတာပါပဲ။
– ရာသီမလာရင် (သို့) နောက်ကျရင်
– ရင်သားတင်းလာ နာလာရင်
– နုံးရင် မလှုပ်ချင်မကိုင်ချင်ဖြစ်ရင်
– ဆီးခဏခဏသွားရင်
– ပျို့ရင်
– အန်ရင်
ဆီးစစ်သင့်ပါတယ်။ ဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။ အဖြေကိုတော့ ဆရာ၀န်ကိုပြပြီး အတည်ပြုသင့်ပါတယ်လို့ပြောကြားရင်း မရည်ရွယ်ဘဲ မပြင်ဆင်ထားဘဲ ကိုယ်၀န်မရအောင် ထိန်းနိုင်ကြခြင်းဖြင့် အသက်တစ်ချောင်း မဆုံးရှုံးစေဖို့ရည်ရွယ်လိုက်ရပါတယ်။

Reference ????

https://www.medicalnewstoday.com/articles/321558#takeaway
https://www.cdc.gov/reproducti…/contraception/index.htm….

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.