အုန်းစိမ်းရည်အေးအေးလေးက အမောပြေစေရုံအပြင် ကျန်းမာရေးအတွက် ဘယ်လိုအားဖြည့်ပေးနိုင်သလဲဆိုတာ ပြောပြပေးမယ်နော်….

သဘာဝရဲ့ အချိုရည်တစ်မျိုးဖြစ်တဲ့ အုန်းစိမ်းရည်ဟာ ကယ်လိုရီပါဝင်မှု နည်းရုံသာမက ခန္ဓာကိုယ်အကျိုးပြုတဲ့ အာဟာရနဲ့ သတ္တုဓာတ်တွေ လုံလောက်စွာ ပါဝင်ပါတယ်။

????အုန်းစိမ်းရည် ၁ ခွက် (240ml) မှာ…

* ကယ်လ်လိုရီ ၆၀

* သကြား ၈ ဂရမ် (g)

* ပိုတက်ဆီယမ်၊ ဆိုဒီယမ်

* မဂ္ဂနီဆီယမ်

* ကယ်လ်ဆီယမ်

* ဗီတာမင်

* ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) တို့ပါဝင်ပါတယ်။

..

..

???? ကျန်းမာရေးအတွက် အထောက်အကူပြုပုံ

✳️ ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်ပေးခြင်း

သဘာဝအတိုင်း အန္တရာယ်ကင်းကင်းနဲ့ ရေဓာတ်ဖြည့်ဖို့ဆိုရင် အနံ့၊ အရသာနဲ့ ပြည့်စုံတဲ့ အုန်းစိမ်းရည်က အကောင်းဆုံးပါပဲ။

ရေဓာတ်တင်မက လိုအပ်တဲ့ ဓာတ်ဆားဓာတ်ကိုပါ ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါကြောင့် အရက်နာကျတာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်လက်လည်း ဖြစ်ပါတယ်။

လေ့ကျင့်ခန်းလိုက်စားသူတွေအတွက် ရေဓာတ်နဲ့ ဆုံးရှုံးသွားတဲ့ electrolyte ကို အကောင်းဆုံးနဲ့ အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးပါတယ်။

.

✳️ ကိုယ်ခံအားစနစ် မြှင့်တင်ပေး၍ နာကျင်ရောင်ရမ်းမှုများ သက်သာစေခြင်း

အုန်းစိမ်းရည်မှာ ဓာတ်တိုးဆန့်ကျင်သတ္တိ (antioxidants) အာနိသင်ကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှုနဲ့ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တဲ့ ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

.

✳️ ဆီးချိုဝေဒနာရှင်များအတွက် သွေးတွင်းသကြားဓာတ် ထိန်းညှိပေးခြင်း

ဓာတ်ခွဲခန်းက တရိစ္ဆာန်တချို့နဲ့ စမ်းသပ်ထားတဲ့ လေ့လာချက်တွေအရ အုန်းစိမ်းရည်ဟာ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပြီး၊ ဆီးချိုသွေးချိုကို ပိုမိုထိန်းချုပ်လာစေနိုင်ကြောင်း တွေ့ရှိထားရပါတယ်။ ဒါ့အပြင် Hemoglobin A1c ကိုပါ လျော့နည်းလာစေကြောင်း တွေ့ရှိထားတာမို့ သွေးတွင်းသကြားဓာတ်ကို ရေရှည်ထိန်းညှိနိုင်စွမ်းလည်း ရှိပါတယ်။ ဒါပေမယ့် ဒီတွေ့ရှိချက်တွေကို လူသားတွေမှာ စမ်းသပ်သုတေသနပြုလုပ်ဖို့တော့ လိုအပ်နေပါသေးတယ်။

ဒါ့အပြင် အုန်းစိမ်းရည်ဟာ သဘာဝအချိုဓာတ် အနည်းငယ်ပါဝင်တာမို့ အလွန်အကျွံတော့ မသောက်သုံးသင့်ပါ။

.

✳️ ကျောက်ကပ် ကျောက်တည်ခြင်းကို တားဆီးပေးခြင်း

ပုံမှန်အားဖြင့် နေ့စဉ် ရေများများသောက်ပေးခြင်းဖြင့် ကျောက်ကပ် ကျောက်တည်ခြင်းကို ကာကွယ်နိုင်ပါတယ်။

အုန်းစိမ်းရည်က ကျောက်ကပ်မှာ အနည်ကျနိုင်တဲ့ calcium ၊ oxalate နဲ့ အခြားဒြပ်ပေါင်းတွေကို ဆီးလမ်းကြောင်းတစ်လျှောက် မကပ်နိုင်အောင် လုပ်ပေးခြင်းဖြင့် ကျောက်တည်ခြင်းကို ကာကွယ်ပေးပါတယ်။

.

✳️ နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း

အုန်းစိမ်းရည်မှာ ကိုလတ်စထရောနဲ့ အဆီပါဝင်မှုနည်းတာမို့ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ပါဝင်မှုကလည်း သွေးပေါင်ချိန်ထိန်းညှိပေးတာမို့ သွေးတိုးကျစေကြောင်း လေ့လာတွေ့ရှိထားပါတယ်။

..

..

❗ သတိထားရမယ့်အချက်တွေအနေနဲ့…

⦿ ဓာတ်မတည့်ခြင်း – အုန်းစိမ်းရည်နဲ့ ဓာတ်မတည့်ခြင်းရှိပါက မသောက်သုံးသင့်ပါ။

⦿ တစ်ချို့သူတွေမှာ အုန်းစိမ်းရည်သောက်ပြီး အစာအိမ်နာတာနဲ့ လေပွတာမျိုး ဖြစ်လေ့ရှိပါတယ်။

⦿ အုန်းစိမ်းရည်မှာ ပိုတက်ဆီယမ်ပမာဏ ပါဝင်မှုများတဲ့အတွက် ကျောက်ကပ်ရောဂါရှိသူများ သင့်တင့်ရုံပဲ သောက်သင့်ပါတယ်။

⦿ အလွန်အကျွံသောက်သုံးမိပါက ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်တဲ့အတွက် ချင့်ချိန်ပြီး သောက်သုံးသင့်ပါတယ်။

???? အုန်းစိမ်းရည်နဲ့ပက်သက်တဲ့ တခြား သုတေသနပြုလုပ်ထားတဲ့ ဗဟုသုတလေးတွေရှိရင်လည်း မျှဝေပေးသွားပါဦးနော်…။

???? Reference

https://www.healthline.com/nutrition/coconut-water-benefits

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here