လူတိုင်း အိပ်ရေးပျက်ဖူးကြမှာပါ 🥺🥺
အလုပ်ကြောင့်၊ စာဖတ်နေတာကြောင့်၊ စိတ်ဖိစီးမှုတွေကြောင့် အိပ်ချိန်လုံလောက်စွာမရတာမျိုးတွေလည်း ကြုံဖူးကြမှာပါ 🥱
⏰ အိပ်စက်ရာမှာ အသက်အရွယ်အလိုက် လိုအပ်တဲ့ အိပ်သင့်တဲ့ကြာချိန်တွေ ရှိပါတယ်။
ဥပမာ၊ မွေးကင်းစ ကလေးငယ်တစ်ဦးဟာ ၁၄ နာရီကနေ ၁၇ နာရီလောက် အိပ်ဖို့လိုသလို အရွယ်ရောက်လူကြီးတစ်ဦးအနေနဲ့လည်း ၆ နာရီကနေ ၈ နာရီ လောက် အိပ်ဖို့လိုပါတယ်။
…
…
🔹ဘာတွေကနေ အိပ်ရေးမဝတာ ဖြစ်စေနိုင်လဲ
အလုပ်ကြောင့်၊ စိတ်ဖိစီးမှုတွေ များနေတာကြောင့်၊ ကျောင်းသားဆို စာဖတ်ချိန်နောက်ကျနေရခြင်းကြောင့်၊ ကော်ဖီတွေအများကြီး သောက်ထားတာကြောင့်၊ အိပ်ချိန်မမှန်ခြင်းကြောင့်၊ ရောဂါအခံတစ်ခုခု ရှိနေခြင်းကြောင့်၊ ဆေးဝါးတချို့ မှီဝဲနေရခြင်းကြောင့်၊ အရက်သေစာနဲ့ မူးယစ်ဆေးတွေ သုံးစွဲခြင်းကြောင့် စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
ရံဖန်ရံခါဖြစ်တတ်တာဟာ ကိစ္စမရှိပေမယ့် ခဏခဏ အိပ်ရေးပျက်တာ၊ အိပ်ချိန်မလုံလောက်တာမျိုးတွေ ဖြစ်လာတဲ့အခါမှာဆိုရင်တော့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။
.
🔹လုံလောက်စွာမအိပ်ရရင် ခံစားရတတ်တဲ့ လက္ခဏာတွေကတော့
- မောပန်းလွယ်လာမယ်။
- စိတ်ဆိုးလွယ်လာမယ်။
- မလန်းမဆန်းဖြစ်ပြီး အမြဲငိုက်မျဥ်းနေမယ်။
- မျက်ခွံတွေ အမြဲလေးလံနေမယ်။
- ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းတွေ ဖြစ်လာနိုင်ပါမယ်။
.
🔹ပိုဆိုးလာတဲ့အခါ ခန္ဒာကိုယ်တွင်းကိုပါ သက်ရောက်လာနိုင်တာတွေကတော့ . . .
- နှလုံးနှင့် သွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေနိုင်ခြင်း၊ အိပ်ရေးမဝတာ များလာတဲ့အခါ သွေးတိုးခြင်း၊ သွေးတွင်းအဆီများခြင်းတို့ကိုပါ ဖြစ်လာစေနိုင်ပါတယ်။
- ဇီဝကမ္မဖြစ်စဥ်တွေကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။
- ကိုယ်ခံအားစနစ်ကို ကျဆင်းလာစေနိုင်ပါတယ်။
- အာရုံကြောစနစ်ကိုလည်း ထိခိုက်စေနိုင်ပြီး တုံ့ပြန်နိုင်စွမ်းတွေ ကျဆင်းစေနိုင်ပါတယ်။
- ဦးနှောက်ကိုလည်း ထိခိုက်စေပြီး အချိန်ကြာလာတာနဲ့အမျှ အတိတ်မေ့ရောဂါတွေဘာတွေပါ ဖြစ်စေနိုင်ပါတယ်။
- ပိုဆိုးလာရင်တော့ စိတ်ဖိစီးတာတွေ၊ စိတ်အားငယ်လာတာတွေ၊ စိတ်အလိုမကျတာတွေ၊ ခဏခဏမေ့လာတာတွေ၊ ဆင်ခြင်နိုင်စွမ်း အားနည်းတာတွေ၊ ဆတ်ဆတ်ထိမခံတာတွေပါ ဖြစ်လာစေနိုင်ပါတယ်။
- ဒါ့အပြင် နောက်ဆက်တွဲရောဂါအနေနဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ စိတ်ရောဂါ၊ အဝလွန်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။
🔹အဲဒီလိုတွေ မဖြစ်အောင် ဘယ်လိုလုပ်လို့ရမလဲဆိုရင် . . .
အိပ်ချိန်ကို ပုံမှန်ပေးတာ
မိမိရဲ့ လူနေမှုပုံစံ အပြောင်းအလဲလေးလုပ်ပေးတာ
မိမိရဲ့ အိပ်ရာဘေးပတ်ဝန်းကျင်ကို ရှင်းနေအောင်ထားတာ
အိပ်ခါနီး မီးအများကြီးမထွန်းတာ၊ သီချင်းအကျယ်ကြီးမဖွင့်တာ
စိတ်ဖိစီးမှုကို လျှော့ချဖို့အတွက် တရားထိုင်ပေးတာ၊ စိတ်လေ့ကျင့်ခန်းတွေ လုပ်ပေးတာ
ကိုယ်လက်လှုပ်ရှား ကျန်းမာရေးလေ့ကျင့်ခန်းတွေ လုပ်ပေးတာ
အရက်သေစာနှင့် မူးယစ်ဆေး သုံးစွဲခြင်းကို လျှော့ချတာ၊ ရှောင်ကြဥ်တာ စတာတွေ လုပ်ပေးလို့ရပါတယ်။
…
…
🔹အထက်ပါအရာတွေနဲ့ မသက်သာဘူး၊ ပိုပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ၊ ကုသတာမျိုးတွေ လုပ်ပေးဖို့လိုပါတယ်။
✨အားလုံးပဲ စိတ်ဖိစီးမှုကင်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ပါစေလို့ ကျွန်တော်တို့ တယ်လီကျန်းမာကနေ ဆုတောင်းပေးလိုက်ပါတယ်နော်….။
Ref : 📚
https:// www. hopkinsmedicine. org / health/wellness-and-prevention/the-effects-of-sleep-deprivation
https:// my. Clevelandclinic. org/ health/diseases/ 23970-sleep-deprivation
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.