အသည်းရောင်အသားဝါရောဂါ A နှင့် E ကို ကာကွယ်ရန်
▪️ အစာကို မထိတွေ့မီနှင့် အိမ်သာတက်ပြီးတိုင်း လက်ဆေးပါ။
▪️ ကျိုချက်ထားသောရေနှင့် ရေသန့်ကိုသာ သောက်သုံးပါ။
▪️ ရေသန့်ဖြင့်ပြုလုပ်ထားသော ရေခဲချောင်းနှင့် ရေခဲများကိုသာ စားသုံးပါ။
▪️ အစားအစာကို သေချာစွာ ချက်ပြုတ်သိမ်းဆည်းပါ။
▪️ ယင်လုံအိမ်သာတွင်သာ မစင်စွန့်ပါ။ တွေ့ကရာနေရာ မစင်မစွန့်ရ။
▪️ အသည်းရောင်ရောဂါ A ကာကွယ်ဆေးထိုးပါ။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
..
..
အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။
ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို မေတ္တာရပ်ခံပါရစေ…🙏
(ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်)
(ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊)










