ကျွန်တော်တို့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတစ်ဦးရဲ့ ခန္ဓာကိုယ်မှာ သွေး ၅-၆ လီတာခန့် ပမာဏရှိပြီး သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား စတဲ့ သွေးဆဲလ်များ၊ သွေးရည်ကြည် စတာတွေ ပါဝင်ပါတယ်။ သွေးဟာ ကိုယ်ခန္ဓာအတွင်း အောက်ဆီဂျင်ဓာတ်နဲ့ အစာအာဟာရပစ္စည်းတွေကို လိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီ သယ်ယူပို့ဆောင်ပေးဖို့၊ မလိုအပ်တဲ့ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ကနေ စွန့်ထုတ်ပေးဖို့ အပါအဝင် ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့လုပ်ငန်းဆောင်တာ တော်တော်များများကို ပြုလုပ်ပေးပါတယ်။

သွေးလှူတဲ့အခါ ထို ၅-၆ လီတာပမာဏရှိတဲ့ များပြားတဲ့သွေးပမာဏထဲက တစ်ကြိမ်လှူလျှင် ၅၀၀ မီလီလီတာ ပမာဏကိုသာ ထုတ်ယူတာဖြစ်လို့ သွေးလှူရှင်အပေါ် ကြီးကြီးမားမားထိခိုက်မှု မဖြစ်စေတတ်ဘဲ မိမိလှူဒါန်းလိုက်တဲ့ သွေးတစ်ထုပ်ဟာ အကြမ်းအားဖြင့် လိုအပ်နေတဲ့ လူသုံးယောက်အတွက် အသက်ကယ်တင်ပေးနိုင်တာဖြစ်လို့ အင်မတန် ပီတိဖြစ်ဖွယ် ကောင်းလှတဲ့ လုပ်ရပ်တစ်ခုပါ။

🔺သွေးလှူရှင်ဖြစ်ဖို့ လိုအပ်ချက်တွေ

  • သွေးလှူရှင်ဟာ နာတာရှည်ရောဂါမရှိတဲ့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူ ဖြစ်ရပါမယ်။
  • လတ်တလော ဖျားနာခြင်း မရှိရပါ။
  • အသက် ၁၈ နှစ်ကနေ အသက် ၆၅ နှစ်အတွင်း ဖြစ်ရပါမယ်။
  • ရှိသင့်တဲ့ သတ်မှတ်သွေးနီဥ ဟေမိုဂလိုဘင် (Haemoglobin) ပမာဏ ပြည့်မီရပါမယ်။
  • သွေးလှူခြင်း အကြိမ်အပိုင်းအခြား တစ်ခုနဲ့တစ်ခုကြား အနည်းဆုံးလေးလတာ ခြားရပါမယ်။
  • လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ခွဲစိတ်ဖူးတာ၊ တီဘီ (TB) ရောဂါ ဖြစ်ပွားဖူးတာ၊ တက်တူး (Tattoo) ထိုးဖူးတာ မဖြစ်ရပါဘူး။
  • ကိုယ်ဝန်ဆောင်သည်နဲ့ နို့တိုက်မိခင်တွေဟာ သွေးလှူဒါန််းလို့ မရပါဘူး။
  • အမျိုးသမီးများ ရာသီလာနေစဥ် အချိန်ကာလတွေ လှူဒါန်းလို့ မရပါဘူး။

သွေးလှူဒါန်းခြင်းဟာ ပီတိဖြစ်ဖွယ်၊ ဝမ်းမြောက်ဖွယ်ကောင်းလှတဲ့အပြင် သွေးလှူဒါန်းခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာလည်း ရရှိနိုင်ပါသေးတယ်။

(၁) နှလုံးနဲ့ အသည်းကျန်းမာရေးကို ကောင်းမွန်စေတယ်

သွေးလှူခြင်းဖြင့် ခန္တာကိုယ်ကို အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ သံဓာတ်စုပုံ များပြားလာမှုကို လျှော့ချပေးလို့ နှလုံးရုတ်တရက်ဖောက်ခြင်း၊ လေဖြတ်ခြင်း စတာတွေကို ကာကွယ်ပေးပါသေးတယ်။
.

(၂) သွေးလှူခြင်းက ကိုယ်အလေးချိန် လျော့ကျစေတယ်

ဟုတ်ပါတယ်… သွေးလှူခြင်းဟာ ကယ်လိုရီ (calories) တွေကို လောင်ကျွမ်းစေလို့ ပုံမှန်သွေးလှူလေ့ရှိသူတွေဟာ ကိုယ်အလေးချိန် ထိန်းသိမ်းပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။
.

(၃) ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချပေးတယ်

တစ်နှစ်ကို အနည်းဆုံး သွေးနှစ်ကြိမ်လှူဒါန်းခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
.

(၄) အခမဲ့ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်နိုင်မယ်

သွေးမလှူဒါန်းမီ သွေးလှူရှင်ကို ဦးစွာ သွေးပေါင်ချိန်တာကစလို့ သွေးနီဥ ဟေမိုဂလိုဘင် (Haemoglobin) ပမာဏစစ်ဆေးမှုအဆုံး လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးချက်တွေ လုပ်ရတဲ့အခါ တစ်ပါတည်း အခမဲ့ဆေးစစ်မှုရရှိစေပါတယ်။ နောက်ပြီး အသည်းရောင်အသားဝါ (ဘီ) ပိုး၊ အသည်းရောင်အသားဝါ (စီ) ပိုး၊ HIV/ AIDS လို ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ ကာလသားရောဂါ၊ ငှက်ဖျားရောဂါ စတဲ့ ကူးစက်နိုင်တဲ့ရောဂါတွေ ရှိ/မရှိ ကနဦး စစ်ဆေးရသေးလို့ အခမဲ့ ဆေးစစ်ပြီးသားတောင် ဖြစ်စေပါတယ်။
.

(၅) သွေးလှူရှင် ရလိုက်တဲ့ပီတိ

ဒါကတော့ အထူးတလည်ပြောစရာမလိုလောက်အောင် သွေးလှူရှင်တစ်ဦးအနေနဲ့ သွေးလှူဒါန်းမှုကနေ စိတ်ကျေနပ်မှုတစ်စုံတစ်ရာ ရရှိမှာမလွဲပါပဲ။ မိမိ လှူဒါန်းလိုက်တဲ့ သွေးကနေ အသက်ပေါင်းများစွာကယ်တင်နိုင်တယ်ဆိုတဲ့ အသိနဲ့တင် ဝမ်းမြောက်ကြည်နူးစရာအတိပါ။

ကမ္ဘာမှာ နေ့စဥ်နေ့တိုင်း သွေးလိုအပ်ချက် ဖြည့်တင်းနိုင်ဖို့ သွေးလှူရှင်အသစ် (ပထမဆုံးအကြိမ် သွေးစလှူဖူးသူ) ၄၀၀ နီးပါး လိုအပ်တယ်လို့ စစ်တမ်းတွေကဆိုပါတယ်။

နောက်ပြီး သွေးလှူခွင့်မရတော့တဲ့ သွေးလှူရှင်ဟောင်းအရေအတွက်ကို အလျင်မီဖြည့်တင်းနိုင်ဖို့ တစ်နှစ်ကို တစ်သိန်းကျော်အရေအတွက်လောက် လိုအပ်လျက်ရှိပါတယ်တဲ့။

ကဲ… သင့်သွေးဖြင့် အသက်ကယ်ကြရအောင်နော်…။

Reference: 📚
NIH : National Heart, Lungs and Blood Institute ; Donate Blood & Save a Life

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here