လူတွေရဲ့ အူအတွင်းမှာ (Human gut microbiota) ဆိုတဲ့ ဘက်တီးရီးယားကဲ့သို့ ထရီလီယံပေါင်းများစွာသောပိုးမွှားတွေ နေထိုင်တည်ရှိနေပါတယ်။ ၎င်းတို့နေထိုင်တဲ့ ပတ်ဝန်းကျင်ကိုတော့ (Microbiome) လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ ပိုးမွှားအများစုဟာ အသုံးဝင်ပေမယ့် ဟန်ချက်မညီတဲ့အခါ အန္တရာယ်ဖြစ်လာနိုင်ပါတယ်။
.
🦠 Human Microbiome ဆိုတာဘာလဲ။
လူသားတစ်ဦးစီမှာ 10 trillion နှင့် 100 trillion ကြား ပိုးမွှားဆဲလ်တွေ ရှိနိုင်ပါတယ်။ အချို့သော သုတေသနပြုချက်တွေအရ လူ့ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ ပိုးမွှားဆဲလ်တွေဟာ လူ့ဆဲလ်ထက် ၁၀ ဆ ပိုများတယ်လို့ ခန့်မှန်းထားကြပါတယ်။ ခန္ဓာကိုယ်ကျန်းမာနေသရွေ့ ရောဂါပိုးမွှားတွေဟာ လူတွေကို အကျိုးပြုပါတယ်။ ခန့်မှန်းချက်တွေအရ လူ့ခန္ဓာကိုယ်မှာ သေးငယ်တဲ့ဇီဝသက်ရှိ (ပိုးမွှား) မျိုးစိတ်ပေါင်း ၁၀၀၀ ကျော် ရှိနိုင်ပါတယ်။
လူ့ခန္ဓာကိုယ်အစိတ်အပိုင်းပေါ်မူတည်ပြီး ပိုးမွှားမျိုးစိတ်၊ အရေအတွက်တွေ ကွာခြားနိုင်ပါတယ်။
ဥပမာအားဖြင့် ခံတွင်း၊ လိင်အင်္ဂါ၊ အရေပြား၊ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်နဲ့ အသက်ရှူလမ်းကြောင်းအားလုံးမှာ အဏုဇီဝဆဲလ်များစွာ ပါဝင်ပါတယ်။ သို့တိုင် အမျိုးအစားများ၊ အဆင့်များနဲ့ လုပ်ဆောင်ချက်များဟာ တည်နေရာများကြားမှာ ကွဲပြားကြပါတယ်။
.
🦠 Gut microbiota ဆိုတာဘာလဲ။
Gut microbiota ဆိုတာ လူ့ကျန်းမာရေးကို များစွာသက်ရောက်မှုရှိတဲ့ သေးငယ်တဲ့ပိုးမွှားလေးတွေ ဖြစ်ပါတယ်။ အရင်က gut microflora လို့ ခေါ်ကြတယ်။ Gut microbiota တွေဟာ ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာများစွာမှာ ကူညီပေးပါတယ်။ ဒါတွေကတော့….
- ချေဖျက်ထားသောအစားအစာမှ စွမ်းအင်ကို သိမ်းစည်းခြင်း
- ရောဂါပိုးမွှားများကို ကာကွယ်ပေးခြင်း
- ခုခံအားစနစ်ကို ထိန်းညှိပေးခြင်း
- အူလမ်းကြောင်း အားကောင်းစေခြင်းတို့ ဖြစ်ပါတယ်။
ဒီလို microbiota ပါဝင်မှုပြောင်းလဲခြင်းဟာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကို သက်ရောက်မှုရှိပါတယ်။
ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ဘက်တီးရီးယားတွေရှိပေမယ့် အူလမ်းကြောင်းကို ဒုက္ခပေးနိုင်တဲ့ ရောဂါပိုးမွှားတွေလည်း ရှိပါတယ်။ ဒီရောဂါပိုးတွေက အစာအဆိပ်သင့်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အော့အန်ခြင်းတွေ ဖြစ်စေပါတယ်။
.
🦠 Human microbiota ဟာ ဘာလို့ အရေးကြီးတာလဲ။
သေးငယ်တဲ့ဇီဝသက်ရှိ (microorganisms) တွေဟာလူသားတွေအတွက် မရှိမဖြစ်လိုအပ်ပြီး အမျိုးမျိုးသော အရေးကြီးသောလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးကြပါတယ်။ သုတေသနပြုချက်တွေအရ ဘက်တီးရီးယားပိုးမွှားအရေအတွက် ပြောင်းလဲမှုတွေက…
- ပန်းနာရင်ကြပ်ရောဂါ
- အော်တစ်ဇင်ရောဂါ
- ကင်ဆာ
- အူရောင်ရောဂါ
- ဆီးချိုရောဂါ
- နှင်းခူ
- နှလုံးရောဂါ
- အာဟာရချို့တဲ့ခြင်း
- multiple sclerosis ရောဂါ
- အဝလွန်ခြင်းစတာတွေနဲ့ ဆက်စပ်မှုရှိနိုင်ပါတယ်။
▪️အာဟာရ — အူလမ်းကြောင်းရှိ ရောဂါပိုးမွှားတွေဟာ သူတို့အတွက် အစာမှစွမ်းအင်ကို စုပ်ယူတာအပြင် လူသားတို့အတွက် အာဟာရစုပ်ယူမှုကိုလည်း ကူညီပေးပါတယ်။ ဥပမာ- အသားနဲ့ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ရှုပ်ထွေးတဲ့မော်လီကျူးတွေကို ချေဖျက်ဖို့ အစာအိမ်ဘက်တီးရီးယားက ကူညီပေးပါတယ်။ အစာအိမ်ဘက်တီးရီးယားရဲ့အကူအညီမပါဘဲ ခန္ဓာကိုယ်ဟာ အပင် cellulose ကို မချေဖျက်နိုင်ပါ။ အူလမ်းကြောင်းရှိ ရောဂါပိုးမွှားတွေဟာ အစာစားချင်စိတ်နဲ့ ဗိုက်ပြည့်ခြင်း စတဲ့စိတ်ခံစားချက်ကိုလည်း ထိန်းချုပ်ပေးပါတယ်။ လူတစ်ဦးရဲ့ အစားအသောက်ပေါ်မူတည်ပြီး အူလမ်းကြောင်းမှာလည်း ကွဲပြားမှုတွေရှိပါတယ်။
▪️ကိုယ်ခံစွမ်းအား — ခန္ဓာကိုယ်က ရောဂါပိုးမွှားတွေနဲ့ ပထမဆုံးထိတွေ့မှုဟာ မမွေးဖွားခင်ထဲက ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဒီလိုအစောပိုင်း ရောဂါပိုးမွှားတွေသာမရှိခဲ့ရင် လိုက်လျောညီထွေလုပ်ပေးနိုင်တဲ့ ကိုယ်ခံစွမ်းအား ရှိမှာမဟုတ်ပါ။ ဒီလိုအရေးကြီးတဲ့ ခုခံကာကွယ်မှုစနစ်ဟာ ရောဂါပိုးတွေကို ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကို သင်ယူပြီး ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကို ပိုမိုမြန်ဆန်ထိရောက်စွာ တုံ့ပြန်စေနိုင်ပါတယ်။
▪️အလေ့အထ၊ ဆက်နွယ်မှု — လူရဲ့ အူလမ်းကြောင်းနဲ့ ဦးနှောက်ဟာ တစ်ခုနှင့်တစ်ခု အဆက်မပြတ် ဆက်သွယ်မှုရှိပြီး အဓိကအားဖြင့် အူလမ်းကြောင်းလုပ်ဆောင်မှုအပေါ် သက်ရောက်မှုရှိပါတယ်။ Gut microbiota နဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေဖြစ်တဲ့ စိတ်ဓာတ်ကျခြင်းတို့ဟာ ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။
▪️ရောဂါ — သုတေသနပြုချက်တွေအရ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်ရှိ ဘက်တီးရီးယားတွေဟာ အူလမ်းကြောင်းရောင်ရမ်းခြင်း (IBD)၊ Crohn’s disease နဲ့ အူမကြီးအနာဖြစ်ခြင်း (ulcerative colitis) ကဲ့သို့သော အူလမ်းကြောင်းဆိုင်ရာရောဂါတွေနဲ့ ဆက်စပ်ရှိပါတယ်။ အစာအိမ်အတွင်း အဏုဇီဝပိုးမျိုးစိတ် မျိုးကွဲနည်းပါးခြင်းဟာ အဝလွန်ခြင်းနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါတို့နဲ့ ဆက်စပ်မှုရှိပါတယ်။ Gut microbiota တွေဟာ ဇီဝဖြစ်ပျက်မှုဆိုင်ရာရောဂါနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ အစားအစာမှာ prebiotics၊ probiotics နဲ့ အခြားဖြည့်စွက်စာတွေ ထည့်သွင်းစားသုံးခြင်းဟာ ဒီအန္တရာယ်အချက်တွေကို လျှော့ချပေးနိုင်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေဟာ microbiota ကို နှောင့်ယှက်ပြီး ဆေးယဉ်ပါးရောဂါပိုးတွေအပါအဝင် ရောဂါတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ Microbiota တွေဟာ ရောဂါဖြစ်စေတဲ့ ပြင်ပမှဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ရာမှာလည်း အရေးကြီးတဲ့အခန်းမှ ပါဝင်ပါတယ်။
.
အနှစ်ချုပ်အားဖြင့် Gut microbiota ဆိုတာ လူတစ်ဦးရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းရှိ ပိုးမွှားစနစ်ဖြစ်ပါတယ်။ ၎င်းထဲမှာ ဘက်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ်နဲ့ အခြားသက်ရှိအများအပြားပါဝင်ပါတယ်။ Gut microbiota ဟာ အစာခြေစနစ်အတွင်း တည်ရှိပြီး စွမ်းအင်ထုတ်လွှတ်ခြင်း၊ အစာခြေဖျက်ခြင်းနဲ့ ခုခံအားစနစ်တွေမှာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်အနှံ့မှာ မတူညီတဲ့ microbiotas များစွာရှိပြီး သူတို့အစုအဖွဲ့ကို human microbiome လို့ခေါ်ပါတယ်…။
Reference: 📖
https :// www . medicalnewstoday . com /articles/ 307998
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.