🔞 လူအတော်အများက Condom (ကွန်ဒုံး၊ အကာအကွယ်) ကို ကိုယ်ဝန်မရအောင် ကာကွယ်ပေးတယ်ပဲ ထင်နေကြပါတယ်။
ကွန်ဒုံးက ကိုယ်ဝန်မရအောင် ကာကွယ်ပေးတာမှန်ပေမယ့် တခြားသော ကူးစက်ရောဂါတွေ မဖြစ်ရန်အတွက်လည်း Condom ကို အသုံးပြုသင့်ပါတယ်။
ဘယ်လိုရောဂါတွေ ကာကွယ်ပေးလဲဆိုတော့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါ (Sexually Transmitted Diseases) တွေကို ကာကွယ်ပေးပါတယ်။
…
…
🔸လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါဆိုတာ သူ့ရဲ့ နာမည်အတိုင်းပဲ လိင်ဆက်ဆံမိရာမှတစ်ဆင့် ကူးစက်တတ်တာမျိုးပဲ ဖြစ်ပါတယ်။
ဘယ်လိုရောဂါတွေလဲဆိုရင်
- အားလုံးသိကြတဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဖြစ်တဲ့ AIDS
- ဆီးပူညောင်းကျ ဂနိုရောဂါ (Gonorrhea)
- ကာလသားရောဂါ (Syphilis)
- ရေယုန် (Herpes)
- လိင်အင်္ဂါကြွက်နို့ရောဂါ (Warts)
- အသည်းရောင်အသည်းဝါရောဂါ (Hepatitis B,C)
- တစ်ခါတလေ အချို့အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာရောဂါကိုလည်း ဖြစ်စေတတ်ပါတယ်။
…
…
ဘယ်လိုကူးစက်တာလဲ
အကာအကွယ်မဲ့ လိင်ဆက်ဆံရာကနေ အများဆုံးကူးစက်တတ်ပါတယ်။ လိင်ကွဲဖြစ်စေ၊ လိင်တူဖြစ်စေ ဆက်ဆံမိတဲ့အခါ ဆက်ဆံသူတစ်ဦးဦးမှာ ရောဂါရှိနေရင် ထိုသူရဲ့သွေး၊ သုက်ရည်၊ အရည်ကြည်တွေကနေ တစ်ဆင့် ထိုထဲမှာပါလာတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးကောင်တွေကနေ ကူးစက်လာတာ ဖြစ်ပါတယ်။
- ပုံမှန်လိင်ဆက်ဆံမိရာအပြင် ပါးစပ်၊ စအိုတို့နှင့် ဆက်ဆံရင်လည်း ကူးစက်တတ်ပါတယ်။
- ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်က ကူးစက်မိရင်လည်း သူ့ရဲ့သန္ဓေသားကိုပါ ကူးစက်တတ်ပါတယ်။
…
…
ဘယ်လိုလက္ခဏာတွေ ခံစားရလဲ
ရောဂါအလိုက် ကွဲပြားနိုင်ပေမယ့် ယေဘုယျ အဖြစ်များတာတွေကတော့
- လိင်အင်္ဂါနားတစ်ဝိုက်မှာ အဖုတွေ ပေါက်လာတာ
- ပါးစပ်၊ စအိုနားမှာ အဖုတွေ ပေါက်တာ
- လိင်အင်္ဂါမှတဆင့် အရည်တွေ၊ အကျိအချွဲတွေ ထွက်တာ
- မိန်းမကိုယ်ထဲကနေ ပုံမှန်မဟုတ်တဲ့ သွေးတွေ စီးကျတာ
- ဆီးသွားရင် နာကျင်တာ
- ပေါင်ခြံနားတစ်ဝိုက် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတွေ ဖြစ်တာ
- ဗိုက်အောင့်ဗိုက်နာတာ၊ အဖျားတက်တာတွေ ခံစားရနိုင်ပါတယ်။
…
…
မဖြစ်အောင် ဘယ်လိုကာကွယ်လို့ရလဲ
ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့အတိုင်း ရောဂါမဖြစ်အောင် ကာကွယ်လို့ရတဲ့နည်းလမ်းတွေ ရှိပါတယ်။
အဲဒီအထဲက အကောင်းဆုံးနည်းတစ်ခုကတော့ Condom (ကွန်ဒုံး၊ အကာအကွယ်) အသုံးပြုခြင်းပါပဲ။
သူက လိင်ကြောင့်ကူးစက်တဲ့ ရောဂါတွေအပြင် မမျှော်လင့်ဘဲ ကိုယ်ဝန်ရခြင်းကိုပါ ကာကွယ်ပေးပါတယ်။ အမျိုးအစားကောင်းတဲ့ဟာဆိုရင် ၉၉ ရာခိုင်နှုန်းအထိ စိတ်ချရနိုင်ပါတယ်။
…
…
အကာအကွယ်ကို နည်းမှန်လမ်းမှန် ဘယ်လိုအသုံးပြုရမလဲဆိုရင်
- လိင်ဆက်ဆံမယ်ဆိုတိုင်း ကွန်ဒုံးအသစ်ကို အမြဲအသုံးပြုပါ။
- ကွန်ဒုံးအခွံမှာပါတဲ့ ရက်စွဲက ရက်လွန်နေလား စစ်ဆေးပါ။
- အခွံကို ဖောက်တဲ့အခါမှာလည်း အချွန်အထက်နဲ့ဖောက်ရင် အထဲမှာ ပေါက်ပြဲနိုင်စေတာမမို့ို့လို့ သေချာဂရုစိုက်ပြီးဖောက်ပါ။
- အတူနေတိုင်းမှာ အစမှအဆုံးထိ အသုံးပြုပေးပါ။
- ဆက်ဆံပြီးသွားရင်လည်း ပေါက်ပြဲမှုရှိ/ မရှိ အမြဲစစ်ဆေးပေးပါ။
ဆက်ဆံခါနီးမှာလည်း ဆက်ဆံမယ့်အဖော်မှာ ရောဂါရှိ/ မရှိ စစ်ဆေးတာမျိုးလုပ်သင့်ပြီး ကြိုတင်ရှောင်ရန်၊ ဆောင်ရန်တွေ လုပ်ထားဖို့လိုပါတယ်။
ဒါ့အပြင် ဆေးထိုးဆေးသွင်းတဲ့အခါမျိုး၊ ဆေးမင်ကြောင်ထိုးတဲ့အခါမျိုးမှာလည်း တစ်ခါသုံးအပ်၊ တစ်ခါသုံးဆေးရည်တို့ကိုသာ အသုံးပြုသင့်ပါတယ်။
…
…
🔸တကယ်လို့ အကာအကွယ်မပါဘဲ အတူနေမိသွားတဲ့အခါမှာဆိုရင်လည်း နီးစပ်ရာဆေးခန်းကိုသွားပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး အရေးပေါ် ကာကွယ်ဆေး/ ပိုးသတ်ဆေး ထိုးခြင်း၊ သောက်ခြင်းများ၊ သွေးစစ်ဆီးစစ်ခြင်းများ ပြုလုပ်သင့်ပါတယ်။
✨ယခုအခါမှာ ခေတ်မီဆေးဝါးတွေ၊ ကာကွယ်ဆေးတွေ၊ ပိုးသတ်ဆေးတွေလည်း ပေါ်လာပြီ ဖြစ်လို့ ကူးစက်မိခဲ့ရင်တောင် ဆရာဝန်နှင့် ပုံမှန်ပြသ၊ ဆေးကို ပုံမှန်သောက်သုံးပြီး လူတန်းစေ့ နေထိုင်လို့ ရနေပြီပဲ ဖြစ်ပါတယ်။
Ref: 📚 https:// www. Mayoclinic. org / diseases-conditions/sexually-transmitted-diseases-stds/symptoms-causes/syc-20351240
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.