ပြီးခဲ့တဲ့စနေနေ့ကတင်ခဲ့တဲ့ အာဟာရရှုထောင့်ပိုစ့်လေး (Detox နည်းလမ်းတွေဟာ ကျန်းမာရေးအရ မလိုအပ်ကြောင်း) ရေးသားထားတဲ့အထဲမှာ…

လူတစ်ဦးဟာ တစ်နေ့ကို ရေတစ်လီတာခန့် လိုအပ်ကြောင်း၊ ရေငတ်ရင် ပိုသောက်သင့်ကြောင်း၊ ချွေးထွက်ရင်လည်း ပိုသောက်သင့်ကြောင်း ဖော်ပြပေးခဲ့ပါတယ်။

ဒါပေမယ့် ဒါကိုလက်မခံတဲ့ ကွန်မန့်တချို့ကို တွေ့ခဲ့ရသလို၊ ပြန်လည်မျှဝေရာမှာလည်း တယ်လီကျန်းမာ စာဖတ်သူတွေအပြင် တချို့ဆရာဝန်တွေကပါ အပြန်အလှန်ဆွေးနွေးနေခဲ့ကြတာကို သတိထားမိပါတယ်နော်။

ဟုတ်ပါတယ်…

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) အပါအဝင် ကျန်းမာရေးနဲ့သက်ဆိုင်သူ တော်တော်များများက လူတစ်ဦးဟာ တစ်နေ့ကို ရေ (၂) လီတာခန့် သောက်သင့်ကြောင်းအကြံပြုထားချိန် ဘာလို့များ တယ်လီကျန်းမာရဲ့ပိုစ့်ထဲမှာ တစ်လီတာခန့် လိုအပ်ကြောင်း၊ ရေငတ် ချွေးထွက်ရင်တော့ ပိုသောက်သင့်ကြောင်း ရေးသားထားသလဲလို့ မင်မင်ကိုယ်တိုင် ပိုစ့်မတင်ခင်မှာ စဥ်းစားမိပါသေးတယ်။

တကယ်တော့ အခုကိစ္စဟာ စာအရေးအသားအရ ဒွိဟဖြစ်သွားစေတာပါ။ နားလည်မှုလွဲသွားနိုင်ပါတယ်။

အမှန်တကယ်တော့ တချို့ကိစ္စတွေမှာ ကိန်းဂဏန်းအတိအကျတွေကို အသားပေးနေဖို့ မလိုအပ်ပါနော်။

တို့တွေ တွေးခဲ့တာ ဒီလိုပါ…

ပုံမှန်လူတစ်ဦး သာမန်အခန်းအပူချိန်မှာ အခြားသော ရေငတ်စေသော အစားအသောက်များ (ဥပမာ။ လိုအပ်ချက်ထက် ပိုမိုများပြားသော ဆားပမာဏ၊ အယ်ကိုဟောလ် ဘာညာ) မစားသောက်ခဲ့ရင်…

အခြေခံလိုအပ်ချက်က တစ်လီတာခန့်ဖြစ်ပြီး (အစားအသောက်၊ ပတ်ဝန်းကျင်အပူချိန်နဲ့ ကိုယ်ကာယလှုပ်ရှားမှုတွေအပေါ် မူတည်ပြီး) ရေငတ်လာရင် ရေပိုသောက်ပါ၊ ချွေးထွက်များရင် ရေပိုသောက်ပါ၊ အလွန်အကျွံ တစ်နေ့ ငါးလီတာ ခြောက်လီတာအထိ သောက်နေတာတော့ မကောင်းပါဆိုတာမျိုးလေနော်။

ကမ္ဘာအနှံ့ကလူအားလုံးအတွက် အပူပိုင်းဒေသရော၊ အအေးပိုင်းဒေသပါမချန်… စားသောက်မှုဓလေ့တွေပါ ထည့်မတွက်ဘဲ ယေဘုယျဆန်ဆန် တစ်နေ့ နှစ်လီတာသောက်ပါလို့ အကြံပြုခဲ့တာ မဟုတ်ဘဲ…

ပိုမိုတိကျပြီး အများပြည်သူအတွက် ကျန်းမာရေးဗဟုသုတ ပိုမိုတိုးပွားစေဖို့ မျှဝေပေးခဲ့တာပါနော် 🥰

လူတစ်ဦးနဲ့တစ်ယောက် အစားအသောက်၊ နေထိုင်ရာ ပတ်ဝန်းကျင်ဒေသ၊ ကိုယ်လက်လှုပ်ရှားအပြုအမူ ထပ်တူမညီနိုင်ဘူးလေ။

ဒီအချက်တွေပေါ်မူတည်ပြီး တစ်ဦးနဲ့တစ်ဦး နေ့စဥ် ရေဓာတ်လိုအပ်ချက်တွေလည်း ကွာခြားနိုင်ပါတယ်။

ဒါ့အပြင် တချို့သောရောဂါရှိနေသူတွေမှာလည်း ရေကို ပိုသောက်ရမလား၊ လျှော့သောက်ရမလား ဒါမျိုးတွေ ရှိပါတယ်။ ဒီလို စိတ်ဝင်စားဖွယ်ကောင်းတဲ့အချက်တွေကိုလည်း မနက်ဖြန်မှာ ဖော်ပြပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ တိုက်တွန်းရင်း

အမြဲကြိုးစားနေတဲ့…

❤️ ချစ်တဲ့ တယ်လီကျန်းမာ ❤️
(ကြင်စိုး မပါ)

..

..

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here