🌧️မိုးရာသီရောက်လာတာနဲ့အမျှ ရေကြီးတာတွေကလည်း နောက်ဆက်တွဲအနေနဲ့ ပါလာကြစမြဲပါပဲ……
မိမိတို့ နေထိုင်တဲ့အရပ်မှာ ရေဝင်လာတဲ့အခါ၊ ရေကြီးတဲ့နေရာတွေကို သွားရတဲ့အခါမှာဆိုရင် ရေကနေကူးစက်တတ်တဲ့ ရောဂါတွေအကြောင်းကို သိထားပြီး သတိထားမိစေနိုင်ဖို့အတွက် အဖြစ်အများဆုံး ရောဂါ (၃) မျိုးကို တင်ပြပေးလိုက်ပါတယ်နော်။
…
…
နှစ်စဥ်တိုင်းလိုလို ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူဦးရေ အတော်များများဟာ ရေကနေ ကူးစက်တဲ့ရောဂါတွေကို ခံစားနေကြရပါတယ်။
.
❓ရေကနေဘယ်လိုကူးစက်တာလဲ……
ရေမှပေါက်ဖွားတဲ့ သို့မဟုတ် ရေထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေမှတစ်ဆင့် အဆိုပါရေကို သောက်သုံးမိသည်ဖြစ်စေ၊ ထိတွေ့မိသည်ဖြစ်စေ၊ အဲလိုကနေ ကူးစက်လာတာဖြစ်ပါတယ်။
.
❓ဘယ်လိုရောဂါတွေ အဖြစ်များလဲ……
၁။ ပထမဆုံးကတော့ အားလုံးသိတဲ့အတိုင်း ဝမ်းပျက်ဝမ်းလျှောရောဂါ (Cholera) ဖြစ်ပါတယ်။ သူက Vibrio Cholerae ဆိုတဲ့ ဘက်တီးရီးယားကနေ ကူးစက်လာတာဖြစ်ပါတယ်။
ရောဂါလက္ခဏာအနေနဲ့ကတော့ ဝမ်းလျှောတာ၊ ပျို့အန်တာ၊ ရေဓာတ်ချို့တဲ့တာနဲ့ နုံးချည့်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။
.
၂။ နောက်တစ်ခုကတော့ Typhoid Fever လို့ခေါ်တဲ့ အူရောင်ငန်းဖျား သို့မဟုတ် တိုက်ဖွိုက်ရောဂါ ဖြစ်ပါတယ်။ သူကတော့ Salmonella Typhi လို့ ခေါ်တဲ့ ဘက်တီးရီးယားကနေ ကူးစက်စေတာ ဖြစ်ပါတယ်။
တိုက်ဖွိုက် (Typhoid) ဖြစ်ပြီဆိုရင် အဖျားတက်လာတာ၊ နုံးချည့်နေတာ၊ ကိုယ်လက်တွေကိုက်ခဲတာနဲ့ ဝမ်းသွားတာမျိုးတွေကို ခံစားရနိုင်ပါတယ်။
.
၃။ နောက်တစ်ခုကတော့ ဝမ်းကိုက်ရောဂါဖြစ်တဲ့ Dysentery ဖြစ်ပါတယ်။ သူကတော့ Entamoeba histolytica လို့ ခေါ်တဲ့ ကပ်ပါးရောဂါနဲ့ Escherichia coli (E. coli) လို့ ခေါ်တဲ့ ဘက်တီးရိးယားတွေကနေ အများဆုံး ဖြစ်လေ့ရှိပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ဗိုက်အောင့်တာ၊ ဗိုက်နာတာ၊ ပျို့အန်တာ၊ မအီမသာဖြစ်တာနဲ့ အဖျားတက်တာမျိုးတွေ ဖြစ်နိုင်ပြီး တစ်ခါတလေမှာ ဝမ်းထဲသွေးပါတာမျိုးတွေပါ ဖြစ်နိုင်ပါတယ်။
…
…
❓ဘာတွေကြောင့် ကူးစက်တာလဲ……
အဓိကအားဖြင့် မသန့်ရှင်းတဲ့ ရေကို သောက်သုံးမိလို့ ဖြစ်ကြတာပါ။ ဒါ့အပြင် ရေဆိုးစနစ် မကောင်းမွန်တာ၊ ရေအိမ်မသန့်တာ၊ အစားအစာနဲ့ သောက်ရေကို မသန့်ရှင်းတဲ့လက်နဲ့ ကိုင်တွယ်ပြီး စားသောက်မိတာတွေကနေလည်း ကူးစက်တတ်ပါတယ်။
…
…
❓ဖြစ်လာရင် ဘယ်လို ကုသလို့ ရမလဲ……
များသောအားဖြင့် ပိုးသတ်ဆေးသောက်သုံးတာ၊ ဓာတ်ဆားရည်သောက်တာမျိုးနဲ့ ကုသလို့ ရပါတယ်။ တချို့ရောဂါတွေအတွက်ဆိုရင်တော့ ကာကွယ်ဆေးထိုးထားရင် ပိုကောင်းပါတယ်။ ရောဂါလက္ခဏာတွေ ပိုဆိုးလာရင်တော့ နီးစပ်ရာ ဆေးရုံ/ဆေးခန်းတွေဆီကို သွားရောက်ပြသပေးဖိို့ အကြံပေးချင်ပါတယ်။
…
…
❓ဘယ်လိုကာကွယ်ကြမလဲ……
- တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဦးစားပေးပါ။
- ရေသန့် သို့မဟုတ် ကျိုချက်ထားတဲ့ရေကို သောက်သုံးပေးပါ။
- ရေစီးရေလာကောင်းအောင် လုပ်ပေးပါ။
- ရေအိမ်ကိုလည်း သန့်ရှင်းအောင် ထားပေးပါ။
- သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာကိုသာ စားသုံးပေးပါ။
.
ရောဂါအကြောင်းတစ်ခုခု သိလိုသည်ဖြစ်စေ၊ တစ်ခုခု ခံစားရလို့ ဆရာဝန်နှင့် ပြသလိုသည်ဖြစ်စေ တယ်လီကျန်းမာက လူကြီးမင်းတို့အတွက် အမြဲအသင့်ရှိနေကြောင်း ပြောကြားပါရစေနော်။ 🤍
Ref:
https : // lifewater . org / blog / 7-most-common – waterborne-diseases- and- how-to-prevent-them /
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.