🍝 ညဘက် သူများတွေအိပ်ချိန်ရောက်မှ အစာအိမ်က နိုးကြားတက်ကြွပြီး ထထစားတတ်တဲ့သူတွေရှိကြလား😏

ညကြီးမင်းကြီးမှ စားတာသောက်တာက ကျန်းမာရေးနဲ့ညီညွတ်လားဆို မညီညွတ်ပါဘူး။ ဆိုးကျိုးတွေရှိနေပါတယ်။ ဒါတွေကတော့ . . .
👇👇👇

ℹ️ အစာမကြေတဲ့ပြဿနာတွေ ဖြစ်စေတယ်။

ဗိုက်တင်းပြီး မအီမသာဖြစ်တာ၊ လေတက်တာ၊ လေပွတာတွေ၊ ရင်ပူတာတွေ ဖြစ်စေပါတယ်။ စားပြီးပြီးချင်း အိပ်ရာပေါ်တန်းလှဲပစ်လိုက်တဲ့သူတွေမှာဆို ဒီဝေဒနာတွေက ပိုဆိုးစေပါတယ်။
.

ℹ️ အိပ်မရအောင် နှောင့်ယှက်နိုင်တယ်။

အိပ်ခါနီးမှ စားသောက်တာက အိပ်စက်ခြင်းကိုအား‌ပေးတဲ့ဟော်မုန်း (Sleep Hormones) တွေထွက်ဖို့ ခဲယဉ်းသွားစေပါတယ်။ ဒါကြောင့် အိပ်မပျော်သေးလို့ ထစား၊ စားလိုက်တော့ ပိုအိပ်မပျော်နဲ့ သံသရာလည်ပြီး အိပ်ချိန်ထချိန် မှားတာတွေ ဖြစ်စေပါတယ်။ အိပ်ချိန်ထိခိုက်တဲ့အတွက် အာရုံစိုက်မရတာ၊ သတိမေ့တာတွေလည်း ဖြစ်နိုင်ပါတယ်။
.

ℹ️ သွေးတွင်းသကြားဓာတ်ကို တက်စေတယ်။

ညဘက် အစာစားတာက သွေးတွင်းသကြားဓာတ်ကို တက်စေတဲ့အတွက် ဆီးချိုရောဂါရှိသူတွေက အထူးရှောင်ရှားသင့်ပါတယ်။
.

ℹ️ ကိုယ်အလေးချိန်တက်စေတယ်။

များများစားလေ၊ ကယ်လိုရီတက်လေ၊ ကိုယ်အလေးချိန် တိုးလေပါနော်။ ညဘက်စားတာနဲ့ နေ့ဘက်စားတာ ကယ်လိုရီတက်တာချင်းတူတယ်ဆိုပေမယ့် ညအိပ်ချိန်က အစာသိပ်မချေဖျက်နိုင်တဲ့အတွက် ကိုယ်အလေးချိန်တိုးစေပါတယ်။
.

ℹ️ စိတ်ကျန်းမာရေး ထိခိုက်နိုင်တယ်။

စားလိုက်လို့ စိတ်ကျေနပ်သွားတာက ခဏပဲဆိုပေမယ့် ရေရှည်အတွက်တော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် ခေါက်ဆွဲပြုတ်တွေ၊ စပိုက်စီခေါက်ဆွဲတွေ၊ အာလူးကြော်တွေ၊ ကော်ဖီမစ်တွေ၊ Snacks တွေက အချိန်ကြာလာတဲ့အခါ အထီးကျန်စိတ်၊ နောင်တနဲ့ စိတ်ဓာတ်ကျ‌တာတွေကို ပြင်းထန်စေနိုင်ပါတယ်တဲ့နော်။
.

ℹ️ Circadian Rhythm ကိုထိခိုက်စေတယ်။

ခန္ဓာကိုယ်ရဲ့ အိပ်ချိန်၊ စားချိန်တွေနဲ့သက်ဆိုင်တဲ့ နာရီချိန်စက်လို့ပြောရမဲ့ Circadian Rhythm ကို ထိခိုက်စေပါတယ်။ Circadian Rhythm က အင်ဆူလင်ပမာဏကို ထိန်းချုပ်‌ပေးပြီး ညဘက်အစားစားတာများမယ်ဆို မနက်လင်းတဲ့အခါ အင်ဆူလင် sensitivity ကို တက်စေပါတယ်။

ဒါ‌တွေကြောင့် ညဘက်အိပ်ချိန်ရောက်ရင် ဘာမှမစားတော့တာတော့ အကောင်းဆုံးဖြစ်ပြီး ကိုယ်က တကယ်ဗိုက်တအားဆာနေတယ်ဆိုရင် . . .

  • လတ်ဆတ်တဲ့ဟင်းသီးအရွက်
  • အသီးအနှံ
  • ဒိန်ချဉ်
  • နို့၊ ပဲနို့ စတာတွေကို ပမာဏနည်းနည်းလောက် အဆာပြေရုံ စားပေးနိုင်ပါတယ်။

အိပ်ချိန်မှ ဗိုက်ထထဆာတယ်၊ စားချင်တယ်ဆိုတာ…

⤵️ နေ့ဘက်မှာ အစားစားချိန် မမှန်တာ
⤵️ ညဘက်အိပ်ရေးမဝတာ
⤵️ စိတ်ညစ်စရာများနေတာ
⤵️ စိတ်ဓာတ်ကျပြီး စိတ်ဖိစီးတာ
⤵️ ကော်ဖီမစ်၊ တီးမစ်၊ ဂတ်စ်ပါတဲ့အချိုရည်နဲ့ ရယ်ဒီမိတ်အစားအစာတွေ၊ ဆီကြော်တွေ အစားများတာ

ဒါတွေကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးသုံးသပ်စေချင်ပါတယ်။

☑️ မနက်စာ၊ နေ့လယ်စာ၊ ညစာကို အချိန်မှန်စားတာ
☑️ သန့်ရှင်းလတ်ဆတ်တဲ့ အိမ်ချက်အစားအစာ၊ ထမင်း၊ဟင်းတွေပဲ စားတာ
☑️ အိပ်ရေးဝဝအိပ်တာ
☑️ အိပ်ခါနီး ဖုန်းမသုံးတော့ဘဲ တရားထိုင်တာ၊ ယောဂကျင့်တာ၊ စာဖတ်တာ
☑️ ဗိုက်ခဏခဏဆာတတ်သူဆို အဆာပြေစားချိန်ထားပြီး ကျန်းမာရေးနဲ့အညီစားတာမျိုး လုပ်ပေးနိုင်ပါတယ်။

အကယ်၍ စိတ်ဖိစီးစရာတွေများလွန်းလို့ ညဘက်တွေ အလွန်အကြူးစားမိနေတယ်၊ ကိုယ်တိုင်ပြုပြင်ဖို့လည်း ခက်နေတယ်၊ ဒါမှမဟုတ် ကိုယ့်မှာ အစာအိမ်ပြဿနာ၊ အစအစားအ‌သောက်ဆိုင်ရာအမူအကျင့်ပြဿနာ‌တွေရှိ‌နေတယ်ဆို တယ်လီကျန်းမာမှာ ဆွေးနွေးတ်ုင်ပင်နိုင်ပါတယ်နော်။ 🥰

Reference 📚
https:// www. health. com / condition/obesity/the-surprising-reason-you-snack-at-night-and-how-to-stop-it

https:// health. clevelandclinic. org / is-eating-before-bed-bad-for-you

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here