စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေး ကုသမှုခံယူခြင်းက ရှက်စရာလား . . .

စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေး ကုသမှုခံယူခြင်းက ရှက်စရာလား . . . 🤔

  • ကျွန်မတို့ ခန္ဓာကိုယ်လေး ကိုက်ခဲနာဖျားကြသလို
  • ထင်မှတ်မထားဘဲ ရာသီတုပ်‌ကွေးဝင်လာတတ်သလို
  • အချိုမစားရပါဘဲ ဆီးချိုရောဂါဖြစ်လာတတ်သလို . . .

စိတ်၏ဖျားနာခြင်းဆိုတာကလည်း မဖိတ်ခေါ်ရပါဘဲ တိတ်တိတ်လေး ကျွန်မတို့ဆီ ရောက်လာတတ်ကြပါတယ်။

ဖျားနာခေါင်းကိုက်တဲ့အခါ ဆေးထိုးဆေးသောက်လုပ်ကြ၊ ဆေးရုံဆေးခန်း သွားပြကြသလို . . . ကျွန်မတို့ စိတ်လေးမကျန်းမာတဲ့အခါ ကျွန်မတို့ ဘယ်ကိုသွားပြီး ဘာတွေလုပ်ကြပါသလဲ။

ကျွန်မတို့စိတ်လေး မူမမှန်ဖြစ်နေတာ‌ကိုတောင် ကျွန်မတို့ သတိထားမိပါရဲ့လား။

အစဉ်အဆက်လက်ဆင့်ကမ်းလာခဲ့တဲ့ အယူအဆအမှားတွေကြောင့် ကျွန်မတို့ဟာ စိတ်ကျန်းမာရေးနဲ့ပတ်သက်လာရင် တိုင်ပင်ဆွေးနွေးဖို့၊ တစ်စုံတစ်ယောက်ကို ပြောပြဖို့ကို အင်မတန်မှ ဝန်လေးတတ်ကြပါတယ်။

လူမှုအသိုင်းအဝိုင်းအတွင်းမှာ စိတ်ကျန်းမာရေးအားနည်းသူများဟာ ခွဲခြားဆက်ဆံခံရခြင်း၊ ဖယ်ကျဉ်ခံရခြင်းနဲ့အတူ ကာကယံရှင်ကိုယ်တိုင်ကလည်း ရှက်ကြောက်ခြင်း၊ သိမ်ငယ်ခြင်း၊ ကုသမှုအတွက် ကုန်ကျစရိတ်ကို စိုးရိမ်ပူပန်ခြင်းတွေဟာ ကုသမှုမခံယူလိုခြင်းရဲ့ အကြောင်းအရင်းအချို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ဟာ မိမိကိုယ်တိုင်သာမက မိမိပတ်ဝန်းကျင်ကိုပါ စိတ်ကျန်းမာရေးဟာ ဘယ်လောက်အရေးကြီးကြောင်း သတိပြုမိလာစေဖို့ အသိပညာတွေ မျှဝေပေးဖို့ လိုအပ်ပါတယ်။

ကျွန်မတို့စိတ်လေးဟာလည်း ခန္ဓာကိုယ်ဖျားနာသလို နာဖျားတတ်တယ်။ ထိခိုက်တတ်တယ်။ နာကျင်တတ်တယ်။ ပင်ပန်းနွမ်းနယ်တတ်တယ်ဆိုတာ သတိမူမိဖို့လိုပါတယ်။ အထူးသဖြင့် ယခုလိုကာလတွေမှာ လူအများစုဟာ ပဋိပက္ခတွေ၊ ဖိနှိပ်ခံရမှုတွေ၊ အကြမ်းဖက်မှုတွေ၊ လူအခွင့်အရေးချိုးဖောက်ခံရမှုတွေကို ပိုမိုကြုံတွေ့ခံစားနေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုတွေကို ခပ်စိပ်စိပ် တွေ့ရှိလာရပါတယ်။

ဒါကြောင့် မိမိစိတ်ခံစားချက်တစ်ခုခု မူမမှန်တာမျိုးကို ခံစားလာရပြီဆိုရင် ချက်ချင်းတိုင်ပင်ဆွေးနွေးမှုခံယူဖို့ကို ဝန်မလေးကြဖို့ ထပ်မံတိုက်တွန်းပါရစေ။ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေပေးဖို့အတွက် အခမဲ့တိုင်ပင်ဆွေးနွေးပေးမယ့် ကျွန်မတို့ တယ်လီကျန်းမာကလည်း အမြဲတမ်းရှိနေပါတယ်လို့လည်း အသိပေးပါရစေ။

ဒီလ အောက်တိုဘာလရဲ့ ၁၀ ရက်နေ့ဟာ “ World’s Mental Health Day ” ဖြစ်တဲ့အတွက် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ပိုမိုပြီးသတိပြုမိလာစေရန်ရည်ရွယ်ပြီး ဤဆောင်းပါးလေးကို ရေးသားတင်ပြလိုက်ရပါတယ်။

စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေး ကုသမှုခံယူခြင်းဟာ ရှက်စရာတစ်ခု မဟုတ်ပါရှင်….။
.

💞 သင်၏ စိတ်ကလေးကျန်းမာစေဖို့ 💞

ဒေါက်တာမီ
(စိတ်ပညာလေ့လာသူဆရာဝန်တစ်ဦး)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ချို့ယွင်းမှု ၄ မျိုးဖြင့် ပြာနှမ်းနေသော မွေးရာပါ နှလုံးရောဂါ Tetralogy of Fallot (TOF)

မွေးရာပါ နှလုံးရောဂါတွေထဲက အခုပြောချင်တာလေးက ပြာနှမ်းနေတဲ့ မွေးရာပါနှလုံးရောဂါထဲက တစ်ခုဖြစ်တဲ့ TOF အကြောင်းဖြစ်ပါတယ်။ TOF လို့ခေါ်တဲ့ မွေးရာပါနှလုံးရောဂါမှာ . . . (၁) အဆုတ်သို့သွားသော သွေးကြော၏အဝတွင် ကျဉ်းနေခြင်း (Right Ventricular Outflow Tract Obstruction) (၂) ထိုကျဥ်းသော သွေးကြောရှိရာ ညာဘက်နှလုံးအခန်းက...

ရုတ်တရက်နှလုံးထိခိုက်ခြင်း (Heart Attack) လက္ခဏာများ (နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)

ရုတ်တရက်နှလုံးထိခိုက်ခြင်း (Heart Attack) လက္ခဏာများ ရင်ဘတ်အလယ်တွင် နာခြင်း၊ မအီမသာဖြစ်ခြင်း အန်ခြင်း ဖြူဖျော့လာခြင်း လက်မောင်းများ၊ ဘယ်ဘက်ပခုံး၊ တံတောင်ဆစ်၊ မေးရိုး သို့မဟုတ် ကျောဘက်တွင် နာခြင်း၊ မအီမသာဖြစ်ခြင်း အသက်ရှူကျပ်ခြင်း၊ မြန်ခြင်း စိုးရိမ်ထိတ်လန့်ခြင်း၊ ဇောချွေးပြန်ခြင်း ခေါင်းမူးခြင်း၊ မူးဝေခြင်း အဆိုပါလက္ခဏာများခံစားရပါက ဆေးကုသမှု ချက်ချင်းခံယူသင့်သည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း...

မနာမကျင် မပူမစပ်ဘဲ ရိုးရိုးမွေးဖွားခြင်း Painless Labour

နေ့စေ့လစေ့ ဗိုက်ကြီးသည်လူနာတစ်ယောက်က လုံးဝ ဗိုက်နာခြင်းမရှိဘဲ ကလေးလေးကို သဘာဝမွေးလမ်းကြောင်းကနေ ရိုးရိုးမွေးဖွားမယ်တဲ့။ ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါတယ်။ ပထမဆုံးပြောပြချင်တာကတော့ နာကျင်မှုကိုခံစားရပုံချင်းက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးဗျ။ Emotion လို့ခေါ်တဲ့ စိတ်ခံစားမှု၊ စိတ်ဓာတ်လုံခြုံမှု ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်လည်း မူတည်သလို Pain threshold မြင့်တယ်နိမ့်တယ်၊ ဒီနာကျင်မှူကိုပဲ တစ်ယောက်က အေးဆေး၊ တစ်ယောက်က...

ကိုယ်ဟာ စိတ်တိုဒေါသထွက်လွယ် ပေါက်ကွဲလွယ်သူ တစ်ယောက်လား

"ကိုယ်ဟာ စိတ်တိုဒေါသထွက်လွယ် ပေါက်ကွဲလွယ်သူ တစ်ယောက်လား" လောကဓံရဲ့ ရိုက်ခတ်မှုတွေကြားမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က အဆင်မပြေမှုတွေကို ကျွန်မတို့ဟာ ကြံ့ကြံ့ခံရင်ဆိုင်တဲ့အခါ စိတ်၏ကြံ့ခိုင်ခြင်းဟာ အရေးပါတဲ့ရှုထောင့်တစ်ခုအနေနဲ့ ပါဝင်လာပါတယ်။ ပင်ကိုယ်စိတ်အခြေအနေ ကောင်းမွန်နူးညံ့တဲ့သူတွေတောင်မှ စိတ်ဖိစီးမှုတွေကို ကြာရှည်စွာကြုံတွေ့ရတဲ့အခါ အပြုအမူပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ စိတ်ခံစားချက်တွေ၊ အကျင့်တွေ ပြောင်းလဲလာတာကို ကျွန်မတို့ကိုယ်တိုင်သာမက...