ကလေးငယ်များရဲ့ အထွေထွေကျန်းမာရေးအတွက် သွားကျန်းမာရေးကို ဂရုစိုက်ခြင်းဟာလည်း အလွန်အရေးပါတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ မိဘများအနေဖြင့် မိမိတို့၏ကလေးငယ်များကို သွားနှင့်ခံတွင်း သန့်ရှင်းမှုရှိစေရန် ငယ်စဉ်ကတည်းက အလေ့ကျင့်ကောင်းများ သင်ပေးဖို့လည်း အထူးအရေးကြီးလှပါတယ်။
..
..

ကလေးငယ်များ၏ သွားကျန်းမာရေး ထိန်းသိမ်းမှုအတွက် ပြုလုပ်ရမည့်အချက်များ

▪️ နေ့စဉ် ပုံမှန်သွားတိုက်ခြင်း

နေ့စဉ် မနက်စာစားပြီးတစ်ကြိမ်နှင့် ညမအိပ်မီတစ်ကြိမ် ပုံမှန်သွားတိုက်ရန် ကလေးငယ်များကို အလေ့အကျင့် ပြုလုပ်ပေးထားရပါမယ်။ သွားကို ပုံမှန်တိုက်ခြင်းဟာ သွားပိုးစားခြင်း (သွားဆွေးမြေ့ခြင်း) မှ ကာကွယ်ပေးပြီး သွားရည်ကျခြင်းကိုလည်း လျော့နည်းစေပါတယ်။
.

▪️ သွားတိုက်တံနှင့် သွားတိုက်ဆေးရွေးချယ်ခြင်း

ကလေးများအတွက် အထူးပြုလုပ်ထားသော သွားတိုက်တံ၊ အမျှင်ပျော့‌ပြောင်း‌သော သွားတိုက်တံနှင့် Fluoride ပါဝင်သော သွားတိုက်ဆေးများကို အသုံးပြုရန် လိုအပ်ပါတယ်။ သွားတိုက်တံအမျှင်များ ဖွာထွက်‌‌နေပြီဆိုလျှင် အသစ်တစ်ချောင်း လဲလှယ်ပေးရန် လိုအပ်ပါတယ်။
.

▪️ မှန်ကန်သော သွားတိုက်ခြင်း နည်းစနစ်

ကလေးငယ်များ သွားစပေါက်လာသည့် အချိန်မှစ၍ သွားတိုက်ပေးရန် လိုအပ်ပါတယ်။ သွားတိုက်ရာတွင် စနစ်မှန်သွားတိုက်နည်းစနစ်ကို သင်ကြားပေးရန်လည်း အရေးကြီးလှပါတယ်။ သွားတိုက်ရာတွင် လက်နှင့် သွားတိုက်တံကို လွတ်လပ်စွာလှုပ်ရှားနိုင်ရန်နှင့် သွားတိုက်တံကို ၄၅ ဒီဂရီစောင်းသော အနေအထားဖြင့် အပေါ်/အောက် (သို့မဟုတ်) စက်ဝိုင်းပုံစံ ရွှေ့လျားမှုဖြင့် အတွင်းအပြင် မျက်နှာပြင်စုံအောင် တိုက်ပေးရပါမယ်။
.

▪️ သွားကျန်းမာရေးကို ပုံမှန်စစ်ဆေးရန်

ကလေးများကို သွားဆရာဝန်ထံတွင် အနည်းဆုံး ၆ လ တစ်ကြိမ် ပုံမှန် သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးရန် လိုအပ်ပါတယ်။ သွားပိုးစားခြင်း ရှိ/မရှိကို သေချာစွာ စစ်ဆေး၍ လိုအပ်သောကုသမှုများကိုလည်း ပြုလုပ်ရန် လိုအပ်ပါတယ်။ ကလေးငယ်များ၏ သွားများတွင် အမည်းစက်များ၊ လျှာနှင့်ပါးစောင်တွင် အဖြူစက်များ ပေါ်လာပါက သွားဆရာဝန်ထံသို့ ပြသရန်လိုအပ်ပါတယ်။
.

▪️ အစားအသောက်ရွေးချယ်ခြင်း

ကလေးများအတွက် ဆီအလွန်များသော အစားအစာများ၊ သကြားများစွာပါဝင်သော အချိုရည်များနှင့် သကြားပါဝင်မှုများသော အစားအသောက်များကို ကျွေးခြင်း၊ နို့ဘူးများတပ်ပြီး အိပ်စေခြင်းတို့မှ ရှောင်ရှားပြီး သတ္တုဓာတ်များနှင့် ဗီတာမင်များပါဝင်သော အစားအစာများ ရွေးချယ်ကျွေးမွေးရန် လိုအပ်ပါတယ်။ (ဥပမာ – လတ်ဆတ်သော သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများ) ကို မျှတစွာကျွေးရန် လိုအပ်ပါတယ်။
..
..

ကလေးငယ်များ၏ သွားကျန်းမာရေး ကောင်းမွန်စေရန် မိဘများအနေဖြင့် နေ့စဉ် မိမိတို့၏ ကလေးငယ်များကို အထက်ဖော်ပြပါ အမူအကျင့်များကို လေ့ကျင့်သင်ကြားပေးရပါမယ်။

သွားကျန်းမာရေးဟာ ကလေးငယ်များအတွက် အရေးကြီးသော ကျန်းမာရေး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စနစ်တကျ ပုံမှန်သွားတိုက်ခြင်း၊ သွားဆရာဝန်နှင့် ပုံမှန် သွားကျန်းမာရေး စစ်ဆေးခြင်း၊ သွားကျန်းမာရေးကို မထိခိုက်စေသော အစားအစာများကို ဂရုစိုက်ကျွေးမွေးခြင်းတို့ဖြင့် ကလေးငယ်များ၏ သွားကျန်းမာရေးကို ကောင်းမွန်အောင် ထိန်းသိမ်းပေးနိုင်ပြီး သွားပိုးစားခြင်းမှ ကင်းဝေးစေပါတယ်။

Ref: 📖
https:// www. mouthhealthy. org /life-stages/babies-and-kids
https:// www. mayoclinichealthsystem. org /hometown-health/speaking-of-health/keeping-childrens-teeth-healthy

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here