” အားကစားလုပ်သူများကြား အသုံးများတဲ့ Whey protein အကြောင်း “

” အားကစားလုပ်သူများကြား အသုံးများတဲ့ Whey protein အကြောင်း “

အားကစားလုပ်သူအများစုဟာ Whey protein တွေကို ကြွက်သားတက်မြန်စေဖို့ ဖြည့်စွက်အာဟာရအနေနဲ့ သောက်သုံးကြပါတယ်။ အဲ့တော့ Whey protein အကြောင်း သေချာသိထားရအောင် လေ့လာထားရအောင်။

..

..

????Whey pyotein ဆိုတာ ဘယ်ကရလဲ ?

နွားနို့မှာ casein နဲ့ whey ဆိုပြီး ပရိုတင်း ၂ မျိုးပါဝင်ပါတယ်။ နို့ခဲ ( cottage cheese) လုပ်တဲ့အခါ ရလာတဲ့အခဲကိုဖယ်ပြီး ကျန်တဲ့အရည်ကို whey လို့ခေါ်ပါတယ်။ Whey protein မှာဆိုရင် essential amino acids (၉) မျိုးတောင် ပါဝင်ပြီး lactose ပါဝင်နှုန်း နည်းပါတယ်။ ဒါ့အပြင် ခုခံအားကောင်းစေတဲ့ beta-lactoglobulin, alpha lactalbumin, bovine serum albumin နဲ့ immunoglobulin တွေလည်း ပါဝင်ပါတယ်။

..

..

???? Whey protein အမျိုးအစား ဘယ်နှစ်မျိူးရှိလဲ ?

အခြေခံအားဖြင့် ၃ မျိုး ရှိပါတယ်။

* Whey protein concentrate (WPC) — အဆီနဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏ အနည်းဆုံးပါဝင်ပါတယ်။ WPC မှာ ပရိုတင်းဓာတ်ပါဝင်နှုန်းဟာ ၃၀% ကနေ ၉၀% ထိရှိနိုင်ပါတယ်။ ဒီအမျိုးအစားကတော့ စျေးသက်သာပါတယ်။

* Whey protein isolate (WPIs) — အဆီနဲ့ lactose ပမာဏအားလုံးကို ဖယ်ရှားပြီး processing ထပ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပရိုတင်းဓာတ်ပါဝင်နှုန်း ပိုများလာပြီး အနည်းဆုံး ၉၀% ကနေ စပါဝင်ပါတယ်။ ဒီအမျိုးအစားကတော့ စျေးအသင့်အတင့် ရှိတတ်ပါတယ်။

* Whey protein hydrolysate (WPH) — ဓာတုနည်းနဲ့ ကြိုတင်ချေဖျက်နည်း (partial hydrolysis) ကို သုံးထားလို့ သောက်သုံးတဲ့အခါ ခန္ဓာကိုယ်က ချေဖျက်ရပိုမြန်ပြီး အာနိသင်လည်း လျင်မြန်စွာ ပြနိုင်ပါတယ်။ WPH ကို ဆေးဝါးဖြည့်စွက်အာဟာရအဖြစ်သုံးပြီး မွေးကင်းစကလေးငယ်တွေမှာလည်း အသုံးများပါတယ်။ ဒီအမျိုးအစားကတော့ whey protein တွေထဲမှာ ​စျေးအကြီးဆုံး အမျိုးအစားတစ်ခုဖြစ်ပါတယ်။

..

..

???? Whey protein ရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ ?

Whey protein ကို ကြွက်သားတည်ဆောက်ဖို့နဲ့ ကိုယ်အလေးချိန်ကိုကျစေဖို့ အဓိကအသုံးများပါတယ်။ အခြားသောကောင်းကျိုးတွေအနေနဲ့ကတော့…

* ကိုယ်အလေးချိန်ကျစေခြင်း — ခန္ဓာကိုယ်တွင်း အဆီလောင်ကျွမ်းမှုကို အထောက်အကူပြုပြီး ကြွက်သားကြီးထွားမှုကို မြန်စေပါတယ်။

* ကင်ဆာဖြစ်ပွားမှုကို လျော့ကျစေခြင်း — whey protein concentrate အမျိုးအစားဟာ ကင်ဆာကုသတဲ့နေရာမှာ ကောင်းကျိုးများတာ တွေ့ရတယ်လို့ ဆိုပါတယ်။

* ကိုလက်စထရောကျစေခြင်း — အဝလွန်နေသူတွေကို whey supplements တိုက်စေပြီး ၁၂ ပတ်အကြာ စစ်ဆေးကြည့်တဲ့အခါ ခန္ဓာကိုယ်တွင်း ကိုလက်စထရောဓာတ်နဲ့ မကောင်းတဲ့ LDL cholesterol တွေ သိသိသာသာကျနေတာ တွေ့ရပါတယ်။

* ပန်းနာရင်ကြပ်ရှိသော ကလေးငယ်များတွင် ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်း — ပန်းနာရင်ကြပ်ရှိတဲ့ ကလေးတွေမှာ နေ့စဉ် whey protein ၁၀ ဂရမ်ကို ၂ ကြိမ်စီ ၁ လခန့် တိုက်ကြည့်တဲ့အခါ ခုခံအားစနစ်ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။

* သွေးပေါင်ကျစေခြင်း — သွေးတိုးရှိသူတွေမှာ whey protein ကို ဖြည့်စွက်အာဟာရအနေနဲ့ သောက်သုံးတဲ့အခါ သွေးပေါင်သိသိသာသာကျတာကို တွေ့ရပါတယ်။ ဒါ့အပြင် နှလုံးရောဂါနဲ့ လေဖြတ်ခြင်း ဖြစ်နိုင်ခြေတွေကိုလည်း လျော့ကျစေပါတယ်။

..

..

???? Whey protein သောက်ခြင်းရဲ့ ဆိုးကျိုးတွေကရော ဘာတွေလဲ ?

နို့ထွက်ပစ္စည်းတွေနဲ့ မတည့်သူတွေဟာ whey protein နဲ့လည်း မတည့်နိုင်ပါဘူး။ သင့်တော်တဲ့ပမာဏသောက်သုံးသူတွေမှာ ဘေးထွက်ဆိုးကျိုးဖြစ်တာ ရှားပေမယ့် အလွန်အကျွံသောက်သုံးမိရင်တော့….

* အစာအိမ်အောင့်တာ

* ကြွက်တက်တာ

* အစားစားချင်စိတ် လျော့နည်းလာတာ

* မူးဝေတာ

* ခေါင်းကိုက်တာ

* နုံးချိတာနဲ့

* ဝက်ခြံထွက်တာ စတာတွေ ဖြစ်နိုင်ပါတယ်။

ပုံမှန် gym ဆော့ခြင်းအပြင် whey protein supplementation သောက်သုံးတဲ့သူတွေမှာ ကြွက်သားကြီးထွားမှုပိုမြန်ပြီး ခန္ဓာကိုယ်တွင်းအဆီလောင်ကျွမ်းတာလည်း ပိုထိရောက်ပါတယ်။ Casein ထက် whey isolate သောက်သုံးသူတွေမှာ ကြွက်သားကြီးထွားမှု ပိုကောင်းတာတွေ့ရတယ်လို့ ဆိုပါတယ်။

..

..

❗️သတိပြုရန်အချက်

ကြွက်သားထုထည် များပြားလာဖို့ (ဒါမှမဟုတ်) ကြွက်သားတွေရဲ့ လုပ်ဆောင်နိုင်စွမ်းရည် မြှင့်တင်တိုးတက်ဖို့အတွက်ဆိုရင် (physical stimulus) လို့ခေါ်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေ ပြုလုပ်မှသာ ရရှိမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်မှသာ ခန္ဓကိုယ်အတွင်း ဇီဝကမ္မဖြစ်စဥ်တွေ အပြောင်းအလဲဖြစ်ပြီး ကြွက်သားကြီးထွားမှုနဲ့ စွမ်းရည်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။ အစားအသောက်နဲ့ အာဟာရတွေဟာ ဖြစ်ပေါ်လာတဲ့ ဒီအပြောင်းအလဲတွေအပေါ်မှာပဲ အကျိုးသက်ရောက်မှု ရှိစေတာပါ။

ဒါ့ကြောင့် whey protein ဟာ ဖြည့်စွက်အာဟာရတစ်မျိုးသာ ဖြစ်တာကြောင့် ကိုယ်တိုင်က မှန်ကန်တဲ့နည်းစနစ်နဲ့ အားကစားလေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်မှသာ ကြွက်သားများကြီးထွားမှုနဲ့ စွမ်းရည်ပိုင်းဆိုင်ရာတိုးတက်မှုတွေကို အထောက်အကူပြုမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖြည့်စွက်အာဟာရတွေကို အသုံးပြုရာမှာ ထုတ်လုပ်တင်သွင်းဖြန့်ချိတဲ့ ကုမ္မဏီတွေရဲ့ အညွှန်းတွေကို သေချာဖတ်ရှုကြည့်ဖို့လည်း အရေးကြီးပါတယ်။ စွမ်းဆောင်ရည်ပိုင်း တိုးတက်စေဖို့အတွက် အခြားဓာတုပစ္စည်းတွေ၊ ဟော်မုန်းနဲ့ ဟော်မုန်းဆက်စပ်ပစ္စည်းတွေ ပါဝင်နေမယ်ဆိုရင်တော့ အားကစားဆိုင်ရာ တားမြစ်ဆေးဥပဒေတွေနဲ့ ငြိစွန်းနိုင်ပြီး အရေးယူခံရမှုတွေ ဖြစ်လာနိုင်တာကြောင့်ပါ။

Reference: ????

https: //www .medicalnewstoday. com/articles/263371#muscle_building_and_weight_loss

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

( နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#whey_protein

Ministry of Health,

National Unity Government.

Published on: 10 March 2023
Last Updated: 10 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းကိုလက်စထရော ကျဆင်းစေရန် ဘယ်လိုဆင်ခြင်စားသောက်သင့်သလဲ

သွေးတွင်းကိုလက်စထရော များနေတာတွေ အသက်၂၀ ကျော်လေးတွေမှာတောင် အခုတလော အတွေ့များလာရပါတယ်။ သွေးတွင်းကိုလက်စထရောများခြင်းကို ဘာလို့ ဆရာ၀န်တွေအရေးတယူ ပြောကြလဲဆိုရင်ဖြင့် နှလုံးသွေးကြောကျဥ်းခြင်းအပါအဝင် အခြားသွေးကြောများကျဥ်းခြင်းကို ပိုဖြစ်နိုင်စေလို့ပါ။ ဒါနဲ့အတူ သွေးတိုး၊ ဆီးချိုစတာတွေနဲ့ အတူတွဲနေရင်တော့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေများလာပါတယ်။ ဒီတော့ အစားအစာထဲမှာ ဘယ်လိုဆင်ခြင်စားသောက်ရင် သွေးတွင်းကိုလက်စထရော ကျစေနိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်။…… ကိုလက်စထရောဟာ...

ကိုယ်ဝန်ဆောင်ကာစ ပျို့အန်ခြင်း Morning Sickness and Hyperemesis Gravidarum

Morning Sickness and Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စမှာ ပျို့အန်ခြင်းပေါ့ ။ ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြပါတယ်။ မင်းသမီး ကိုယ်ဝန်ရသွားပြီလို့ ပြချင်ရင် ပျို့အန်ပြလိုက်တာပဲလေ။ အရပ်ခေါ်တော့ ဝမ်းကြီးနာစွဲတယ်လို့ ခေါ်ကြတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ပျို့တယ်၊ အန်တယ်၊ အစားအသောက်ပျက်တယ်၊ အစားအသောက်ရွေးတယ်၊ ချဉ်ချင်းတပ်တယ်၊ မူးတယ်မော်တယ် စသည်ဖြင့်ပေါ့။ ဒီရောဂါက ကိုယ်ဝန်သည်တစ်ယောက်နဲ့...

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ တိုက်ဖိုက်မျိုးစိတ် Salmonella ရောဂါပိုးအကြောင်း

Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။ Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ...

Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းထဲဝင်ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

💧ကိုရီးယားစီးရီးတွဲတွေမှာ ရေနွေးကန်ထဲစိမ်တာ၊ ချွေးထုတ်ခန်းထဲဝင်တာတွေ မြင်ဖူးကြမှာပါ။ ဒီလိုလုပ်တာတွေက ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လိုတွေ အထောက်အကူပြုတယ်ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ✨ ✨အရင်ဦးဆုံး သူ့ရဲ့အဓိပ္ပာယ်ကို ပြောပြပါမယ်။Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းဆိုတာက ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ပြောင်းလဲပြီးတော့ အပူကုထုံးတစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်က များသောအားဖြင့်...