ကဲ ပြီးခဲ့တဲ့အပတ်က ပေးခဲ့တဲ့ မျှော်လင့်ချက်လေး လာပါပြီ……

ကလင် ကလင်….

ဘယ်လောက်စားစား မ၀လို့….ပိန်နေလို့ ၀ချင်တယ်… ၀အောင်ဘာလုပ်ရမလဲ….ပြည့်ပြည့်လေးဖြစ်ချင်တယ်…စသဖြင့် မေးထားသူတွေအတွက် ပို့စ်လေးလာပါပြီ….

..

..

ပထမဆုံးအနေနဲ့… ၀ိတ်မတက်လာတဲ့ ဖြစ်နိုင်ခြေလေးတွေ အရင်ပြောပြပါမယ်နော်….

.

(၁) တစ်နေ့တာ ကယ်လိုရီ လိုအပ်ချက် များတာကြောင့်

– အသက်ကြီးလာရင် အလိုလို ၀လာတယ်ဆိုတာ တကယ်ဗျ….. ငယ်တုန်းဆို ဇီ၀ဖြစ်စဉ်တွေက မြန်မှမြန်… စားပြီးတာနဲ့ အကုန်ပြာကျသလိုပဲ ကိုယ်ထဲဘာမှမကျန်ဘူး… အဆီပိုတွေမစုဘူးပေါ့…

အဲ့တော့ ငယ်တုန်းက မ၀ဘူး ၊ အသက်၂၅ နှစ်ကျော်လာရင်တော့ အလိုလို ၀လာတာ… စားတာ ဒီပမာဏပဲ… ဒါမယ့် ၀ိတ်ကတော့ တက်လာရော… ဒါဟာ ကိုယ်တွင်းဇီ၀ဖြစ်စဉ်တွေ နှေးသွားတော့ ကယ်လိုရီနည်းနည်းပဲ လိုတော့တာကြောင့်ပါ

အသက်ကြီးတော့ ကလေးတွေကိုဦးစားပေးဖို့များ သဘာ၀က ဖန်တီးထားသလားပဲ….

..

..

(၂) စားတဲ့အခါ ကယ်လိုရီလုံလောက်အောင် မစားတာကြောင့်

– ဒါကတော့အများဆုံးပဲ… ဇောတစ်ခုခု ကပ်ပြီဆို ထမင်းမေ့ ဟင်းမေ့သူလေးတွေရေ…. မစားမှတော့ ဘယ်လို၀လာမလဲလို့

..

..

(၃) အစာစားခြင်းနဲ့သက်ဆိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ကြုံနေရတာကြောင့်

– ဆယ်ကျော်သက်တွေ.. မော်ဒယ်လုပ်နေသူတွေ စသဖြင့် ကိုယ့်ရဲ့ ကိုယ်ခန္ဓာပုံစံအပေါ် စိတ်ဖိစီးမှုကြုံရသူတွေမှာ Anorexia Nervosa, Bulimia Nervosa ဆိုတဲ့ စားပြီးတာနဲ့ လက်ထိုးအန်တာ (ဒါမှမဟုတ်) စိတ်ကျဝေဒနာ ခံစားနေရသူတွေမှာ ပိန်ပိန််လေးတွေ ဖြစ်နေတတ်ပါတယ်… ကိုးရီးယား ဆယ်လီသတင်းတွေမှာ တစ်ခါတစ်ခါ တွေ့ရတတ်တာမျိုးပေါ့။ ထင်ရှားတဲ့ မင်းသမီးတွေထဲမှာဆို လေဒီ ဂါဂါတို့ ၊ လေဒီ ဒိုင်ယာနာတို့ လိုမျိုးပေါ့…

..

..

(၄) ရောဂါအခံတစ်ခုခုရှိတာကြောင့်

– မြန်မာပြည်မှာ အဖြစ်များတာကတော့ တီဘီရောဂါပေါ့… တခြား နာတာရှည် နာမကျန်းသူတွေလည်း ကိုယ်အလေးချိန် ကျသွားတာမျိုး မြင်ဖူးကြမှာပါ …

( ဥပမာ…ကင်ဆာရောဂါလိုမျိုး )

..

..

(၅) ဇီ၀လောင်ကျွမ်းမှုဖြစ်စဉ် မြန်နေတာကြောင့်

– လည်ပင်းကြီး ၊ သိုင်းရွိုက် ပြသနာဖြစ်နေတဲ့သူတွေ…thyroid hormone များနေသူတွေမှာလည်း ပိန်တတ်ပါတယ်

..

..

(၆) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာရှိတာကြောင့်

– စားပြီးတာနဲ့ ၀မ်းသွားသူတွေ ၊ အူရောင်နေသူတွေ စသဖြင့်ပေါ့… ဒါတွေဟာလည်း ပိန်စေတတ်တာပဲ

..

..

ကဲ…

ကိုယ့်ကိုကိုယ် ပိန်တယ် ယူဆထားသူတွေ …ငါတော့ ဘယ်အချက်နဲ့ ငြိနေပြီဆိုပြီး စိတ်ဆင်းရဲနေပြီလား ?

စိတ်မပူပါနဲ့လို့…

ဒါတွေဟာ စိတ်ဆင်းရဲစရာ မဟုတ်ပါဘူး ၊ ပြုပြင်လို့ ရပါတယ်

ဒါပေမယ့် စိတ်ပူရမယ့် တစ်ချိန်တော့ရှိပါတယ်…

အလိုလ်ိုနေရင်း ဝိတ်လည်းမချနေဘဲ ရှိရင်းစွဲထက် ၅-၁၀% လောက်ကို ၆ လအတွင်းကျသွားတာမျိုးပါ… မရည်ရွယ်ဘဲ အလိုလို ဝိတ်ကျလာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်…

ကိုယ့်မှာ နေလို့ထိုင်လို့လည်း ကောင်း ၊ အလုပ်လည်းပုံမှန်လုပ်နိုင်နေရင်တော့ တခြားရောဂါတွေဖြစ်နိုင်ခြေ အတော်နည်းတာပါ….

လူငယ် ၊ လူလတ်ပိုင်းအများစုက အသက်ငယ်သေးတော့ ဇီ၀လောင်ကျွမ်းမှုမြန်တာရော…သွက်လက်လှုပ်ရှားနေလို့ အစာစားဖို့မေ့ အဆီတွေက ကျ အဲ့လို့ဖြစ်နေလို့ မ၀သေးတာပါ….

မ၀သေးရင် စိတ်ပျိုကိုယ်နု နေသေးတယ် မှတ် ????

တကယ် ၀လာချင်တယ် ၀ိတ် တက်ချင်တယ် ကျန်းမာရေးနဲ့လည်းအညီ ဖြစ်ချင်တယ်ဆို အခုပြောမယ့် အကြံပေးချက်တွေအတိုင်း လုပ်နိုင်ပါတယ်…( တခြား ၀ဆေးတွေသောက်တာမျိုး အားမပေးပါ… ဒီဆေးတွေမှာ ဟော်မုန်းပါ၀င်တာ ၊ စတီးရွိုက်ပါ၀င်တာတွေကြောင့်…ဝိတ်တက်လာပေမယ့် ကျန်းမာရေးနဲ့အညီ ဝ လာတာမျိုး မဟုတ်လို့ပါ )

.

⁃ တစ်နေ့တာ စားတဲ့အကြိမ်ရေ တိုးပါ… အများစုဟာ အလုပ်ရှုပ်ပြီး စားဖို့မေ့တော့ တစ်နေ့ ၃ ကြိမ််လောက်ပဲ စားဖြစ်ကြပါတယ်…. တကယ်က မနက်စာ နေ့လည်စာ ညစာအပြင် ကြားထဲမှာလည်း အများကြီးမဟုတ်တောင် အဆာပြေလို စားပေးဖို့ လိုပါတယ်….

⁃ စားတဲ့အချိန်ကို အလေ့အကျင့် လုပ်ထားသလို အချိန်မှန်အောင် တဖြေးဖြေးကျင့်ယူပါ….

⁃ မနက်စာ စားလေ့မရှိတောင် တစ်ခုခုလေး စားတဲ့အကျင့် လုပ်သင့်ပါတယ်…..

⁃ မနက်ခင်းမှာ ထမင်းကြော်လိုမျိုး စားဖို့အချိန်မရရင် လမ်းမှာတွေ့တဲ့ ကောက်ညှင်းပေါင်း၀ယ်သွားပြီး အလုပ်မှာ ကျောင်းမှာ စားတာမျိုး လုပ်နိုင်ပါတယ်… ကောက်ညှင်းနဲ့လုပ်တဲ့ အစားအစာတွေနဲ့ မြန်မာမုန့်အများစုက ကယ်လိုရီပါ၀င်မှုများပါတယ်….

⁃ အချိန်မရတဲ့အခါ သယ်ရလွယ် စားရလွယ်တဲ့ နို့ဘူး၊ ပဲနို့ဘူး၊ မိုင်လိုဘူးတို့လို UHTစက္ကူဘူးတွေ အိတ်ထဲဆောင်သွားပါ…ဆာသလိုလိုရှိတာနဲ့စားပါ

⁃ ငါးဒန်တို့ ငါးမြင်းတို့လို အဆီများတဲ့ငါးတွေ တစ်ပတ် တစ်ကြိမ်လောက် အနည်းဆုံးစားပေးသင့်ပါတယ်…

⁃ အသီးအနှံတွေကို စ်ိတ်ကြိုက်စားပါ… ရာသီပေါ် အသီးအနှံတွေဖြစ်တဲ့ ဒူးရင်းသီး ၊ ပိန္နဲသီး ၊ ထောပတ်သီးတို့ကို ကိုယ်ကြိုက်သလို စားလို့ရပါတယ်…. အထွေထူးမ၀ယ်ဖြစ်တောင် အိမ်မှာဖြစ်ဖြစ် အလုပ်မှာဖြစ်ဖြစ် ငှက်ပျောသီးတစ်ဖီးလောက်တော့ ချိတ်ထားပြီး နည်းနည်းဆာသလိုရှိတာနဲ့ စားပါ….

⁃ အသီးဖျော်ရည်တွေ သောက်လို့ရပါတယ်… မစ်ရှိတ်တစ်ခွက်ဆို မုန့်ဟင်းခါးတစ်ပွဲစာလောက်ကို ကယ်လိုရီများပါတယ်…

⁃ အဆာပြေ သွားရည်စာကို ခဏခဏ စားပေးပါ….

⁃ ကယ်လိုရီများတဲ့ အဆာပြေတွေကတော့ နေကြာစေ့၊ မြေပဲတို့လို အဆန်အစေ့တွေပါ…. မြေပဲပြုတ်ကို လမ်းမှာတွေ့လို့ ၀ယ်စားတာမျိုး ၊ လှည်းကလေးနဲ့ဈေးသည်တွေဆီက သတိတရ၀ယ်စားတာမျိုး လုပ်နိုင်ပါတယ်..

⁃ ရုပ်ရှင်ကြည့်ရင်း ပေါက်ပေါက်ဆုပ်စားတာ ၊ မငံတဲ့ အိမ်ကြော် အာလူးကြော်မျိုးစားတာ ၊ ကန်စွန်းဥဆီဆမ်း စားတာ စတဲ့အဆာပြေသဘောကို နည်းနည်းစီ ခဏခဏ စားတဲ့အကျင့်မျိုးလုပ်ပါ….

⁃ Social date လေးတွေကို အားလပ်ရက် မုန့်ထွက်စားတာမျိုးလည်း လုပ်နိုင်ပါတယ်….

⁃ ကိုယ်က စားတာမနည်းဘူးထင်ပေမယ့် တကယ်က နည်းနေတတ်ပါတယ်… အကောင်းဆုံးကတော့ အစားအသောက် ဒိုင်ယာရီလုပ်သင့်ပါတယ်…. တစ်နေ့တာစားတာတွေကို ဘာစားလဲ အသေးစိတ်ပမာဏ အပါအဝင် နေ့စဉ်မှတ်သားထားပြီး ဆရာ၀န်နဲ့ တိုင်ပင်နိုင်ပါတယ်…

⁃ တစ်နေ့ ၅ ကြိမ် မစားဖြစ်တဲ့သူတွေ ၊ အလုပ်ရှုပ်လို့ စားဖို့မေ့နေတတ်တဲ့သူတွေအနေနဲ့ ကိုယ့်ဖုန်းထဲမှာ စားသင့်တဲ့ စားဖြစ်လောက်မယ့် အချိန်တွေကို နေ့စဉ် နှိုးစက်ပေးထားသလို Alarmပေးထားပါ…..

⁃ အစားသိပ်မမက်တဲ့သူတွေအတွက်တော့ အစားများများ စားဖြစ်ဖို့ကို အကျင့်တစ်ခုလို မွေးမြူရပါတယ်… အလေ့အကျင့်ဆိုတာလည်း အသားကျဖို့ ၃လ လောက်ကြာတတ်တာမျိုးပါ….

⁃ ယေဘုယျအားဖြင့် တစ်ရက်ကို ကယ်လိုရီ ၅၀၀လောက် ပိုစားရင် တစ်လကို ၄ ပေါင်လောက် တက်လာနိုင်ပါတယ်…အကြမ်းဖျဥ်းပါ….

⁃ ကြွက်သားထုတွေနဲ့ ၀ိတ်တက်ချင်တဲ့သူတွေကတော့ ကြွက်သားတွေကိုလေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်းတွဲလုပ်ဖို့ လိုပါတယ်…လေ့ကျင့်ခန်းမလုပ်ခင် ၁-၂နာရီလောက်မှာ ထမင်းတစ်နပ်လိုမျိုး အနပ်ကြီး တစ်ခုခု စားနိုင်ပါတယ်… ဒီ့နောက် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှ ၆နာရီခန့်အတွင်း ကြက်ရင်ဘုံသားလို အသားကို လက်သီးဆုပ်အရွယ် စားသင့်ပါတယ်… ကိုယ့်ရဲ့ တစ်နေ့တာကယ်လိုရီလိုအပ်ချက်အတိုင်း များများစားမှ ကြွက်သားထွက်လာမှာပါ….

⁃ သာမန်ကိုယ်အလေးချိန် များချင်သူတွေကတော့ ဗိုက်ချပ်တဲ့ Abs workout လောက်လုပ်ပြီး အစားများများ စားပေးဖို့လိုပါမယ်

ကိုယ့်ကိုကိုယ် ပိန်လွန်း ဝလွန်းတယ်ဆိုပြီး သိမ်ငယ်တာ ၊ ကိုယ့်ကိုကိုယ် မုန်းတီးတာမျိုးလည်း မလုပ်ပါနဲ့။ အလှတရားက လူတိုင်းမှာ ရှိပါတယ်။ ကျန်းမာဖို့ပဲ အရေးကြီးတာပါ….

နည်းမှန်လမ်းမှန် စား ၊ လေ့ကျင့်ခန်းလည်းလုပ်ပြီး ကိုယ်လိုချင်တဲ့ ကိုယ်အလေးချိန်ရှိတဲ့ ဘော်ဒီမျိုး ရရှိပြီး….

….

“ ကျန်းမာလှပ သန်မာတဲ့ဘ၀များကို ပိုင််ဆိုင်နိုင်ပါစေ..”

.

အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးတစ်ဦး

Telekyanmar

Reference : ????

http://nhs.uk/…/managing…/advice-for-underweight-adults/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here