ရုတ်တရက်နှလုံးထိခိုက်ခြင်း (Heart Attack) လက္ခဏာများ
- ရင်ဘတ်အလယ်တွင် နာခြင်း၊ မအီမသာဖြစ်ခြင်း
- အန်ခြင်း
- ဖြူဖျော့လာခြင်း
- လက်မောင်းများ၊ ဘယ်ဘက်ပခုံး၊ တံတောင်ဆစ်၊ မေးရိုး သို့မဟုတ် ကျောဘက်တွင် နာခြင်း၊ မအီမသာဖြစ်ခြင်း
- အသက်ရှူကျပ်ခြင်း၊ မြန်ခြင်း
- စိုးရိမ်ထိတ်လန့်ခြင်း၊ ဇောချွေးပြန်ခြင်း
- ခေါင်းမူးခြင်း၊ မူးဝေခြင်း
အဆိုပါလက္ခဏာများခံစားရပါက ဆေးကုသမှု ချက်ချင်းခံယူသင့်သည်။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
..
..
အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။
ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏
(ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်)
(ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊)