မျက်ကြည်လွှာခြောက်ခြင်း Dry Eye

0
189

Dry eye ဆိုတာ မိမိမျက်လုံးက လုံလောက်အောင် မျက်ရည်မထွက်နိုင်လို့ ဖြစ်လာတာပါ။ သူက အမြင်ကိုဆုံးရှုံးတဲ့အထိပါ ဖြစ်စေပါတယ်။

ကျွန်မဆို ကိုယ့်မျက်လုံးကို ဂရုမစိုက်မိရာကနေ တော်တော်ဆိုးတဲ့အခြေအနေရောက်မှ စသိရလို့ လူတိုင်း သတိလေးထားစေချင်ပါတယ်။

ကျွန်မက အရင်က မျက်လုံးယားတာ နီတာလောက်ဖြစ်တဲ့အခါ ကိုယ်ဘာသာ မျက်ရည်တုထည့်လိုက်ရုံနဲ့ အဆင်ပြေနေတယ် ထင်နေတာ။

တစ်ကယ်ကျ Dry eye လက္ခဏာတွေဖြစ်တဲ့ . . .

  • မျက်လုံးမှာ ယား၊ နာ၊ ပူခြင်း
  • မျက်ဝတ်တင်ခြင်း
  • မျက်ရည်ကျလာခြင်း
  • မျက်လုံးနီခြင်း
  • မျက်လုံးထဲ တစ်ခုခု (ဖုန်ဝင်သလို) ခံစားရခြင်း
  • ရုတ်တရက် မျက်လုံးကျိန်းစပ်ပြီး မခံနိုင်အောင်နာခြင်းလာခြင်း စတဲ့လက္ခဏာအကုန်လုံးနီးပါး ခံစားလာရပြီး အမြဲလိုလို ရုတ်တရတ်မခံနိုင်အောင် ရက်ဆက်အောင့်နာလာတော့မှ စပြီး Dry eye ကို သတိပြုမိလာပြီး သေချာစမ်းသပ်လိုက်မှ မျက်ရည်ထုတ်ဂလင်းပျက်စီးပြီး အဆိုးဆုံးအခြေအနေ ရောက်နေတာပါ။

ကျွန်မက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ထဲက မျက်ကပ်မှန် နေ့စဉ်တပ်လာပြီး မျက်ကပ်မှန်တပ်တာကို သေချာ စနစ်မကျတာရောကြောင့် စတင်ပြီး Dry eye ဆိုးဝါးလာတာပါ။ Content lens ဟာ မျက်လုံးရဲ့အာရုံကြောတွေနဲ့ မျက်ကြည်လွှာကို ထိခိုက်စေတတ်ပါတယ်။

တခြား ဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ . . .

  • အသက်ရွယ်ကြီးလာခြင်း (အသက် ၅၀ ကျော်ခြင်း) • မျက်လုံးထိခိုက်ခြင်း၊ ပိုးဝင်ခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ခြင်း
  • တချို့သောရောဂါတွေကြောင့် မျက်တောင်ခတ်တဲ့ အကြိမ်အရေအတွက်နည်းခြင်း (ဥပမာ- လေဖြတ်ခြင်း)
  • Screen Time (ကွန်ပြူတာ၊ ဖုန်း၊ တီဗွီ) အကြည့်များခြင်း
  • မျက်လုံးကို လေတိုက်ခံရများခြင်း (ဥပမာ။ ဆိုက်ကယ်စီးမျက်မှန်၊ မျက်လုံးကာ မတပ်ခြင်း)
  • လေထုထဲ ရေငွေ့နည်းခြင်း (ဥပမာ။ Aircon ခန်းထဲနေရခြင်း)
  • Vitamin A နည်းခြင်းတို့အပြင်
  • တချို့သော သောက်ဆေးတွေကြောင့် မျက်လုံးခြောက်စေပါတယ် (ဥပမာ။ SLE ဖြစ်တဲ့သူတွေ သောက်ရတဲ့ဆေးတွေဟာ မျက်လုံးခြောက်စေတာမို့ တချို့ဆို မျက်ရည်ခမ်းလေးဖက်နာလို့တောင် ခေါ်ပါတယ်)

Dry eye တကယ်ခံစားရပြီဆို နေ့စဉ်ဘဝအထိပါ စိတ်အနှောက်ယှက်ဖြစ်စေပြီး မကုသဘဲထားပါက မျက်ကြည်လွှာအနာဖြစ်ပြီး အမြင်ဆုံးရှုံးတဲ့အထိပါဖြစ်စေတတ်ပါတယ်။

ဘာလို ကာကွယ်ကုသရမလဲဆို ဖြစ်စေသော အကြောင်းအရင်းတွေကို ရှောင်ရပါမယ်။

  • Air con ခန်း ဒါမှမဟုတ် လေထုထဲရေငွေ့နည်းတဲ့နေရာမှာနေတယ်ဆို ရေငွေ့စက်ထားခြင်း
  • လေတိုက်တဲ့အခါ၊ ပူပြင်းခြောက်သွေ့နေရာ သွားတဲ့အခါ နေကာမျက်မှန်တပ်ခြင်း
  • စာဖတ်တာ Screen time များတာ လျှော့ခြင်း။ မဖြစ်မနေကြည့်ရမယ်ဆို မျက်လုံးအောက်ဘက်နား ဖုန်း laptop ထားကြည့်တာ ပိုကောင်းပါတယ်။
  • ဆေးလိပ်သောက်တာ ရှောင်ရပါမယ်။
    .

ဆောင်ရန်ကတော့ ရေများများသောက်ရပါမယ်။

ကုသနည်းကတော့ . . .

  • မျက်စဉ်းဆေး (မျက်ရည်တု၊ Hyaluronic ပါတဲ့ မျက်စဉ်း) ပုံမှန်ထည့်ပေးခြင်း
  • မျက်လုံးအားဆေး (Omega ၊ Lutein) တို့ သောက်လို့ရပါတယ် (vit A ကတော့ သောက်မယ်ဆို သေချာပေါက် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်ပေးပါ)

ကျွန်မ ကိုယ်တိုင်ခံစားဖူးတာရော ကျွန်မအတွေ့ကြုံအရ ကျွန်မကြည့်ဖူးတဲ့ လူနာအများစုက Dry eye ရလို့ မျက်လုံးဆရာဝန်ပြတယ်ဆို ခဏပဲ ညွှန်ကြားချက်ကို လိုက်နာကြတယ်။ ပြီးရင် မသက်သာဘူးဆို ဖြစ်ကြပြန်ရော။ Dry eye ဆိုတာ အမြဲဂရုစိုက်ပြီး ဆောင်ရန် ရှောင်ရန်တွေ သတိထားရပါမယ်။ မျက်စဉ်း ပုံမှန်ခတ်ပေးမှ သက်သာနေမှာပါ။

မိန်းကလေးဆို မျက်တောင်တုစိုက်တာကြောင့် ပိုးဝင်တာ၊ မျက်ကပ်မှန်ကြောင့် ဖြစ်တာတွေလည်း ရှိပါတယ်။

နောက်ထပ် မျက်လုံးဆရာဝန် ညွှန်ကြားမှာထား (Recommend လုပ်တာ) ကတော့ Eye mask အပူလေး ကပ်ပေးတာကလည်း အဆင်ပြေပါတယ်။

Eye Mask က ဝယ်ရခက်တာရော၊ microwave ရှိမှလည်း အဆင်ပြေတာမို့ မရှိရင် အဝတ်စ ရေနွေးစိမ်ပြီး ကပ်ပေးလို့ရပါတယ် (အပူချိန်တော့ ကိုယ်လက်ခံနိုင်တဲ့ အပူချိန်မှကပ်ပါနော်)

လက်ရှိ ကျွန်မရဲ့အခြေအနေကလည်း ဆောင်ရန်/ ရှောင်ရန်တွေ သတိထားပြီး မျက်စဉ်းထည့် ကုသနေတာပါ။ အခုတော့ အများကြီး သက်သာနေပါပြီးရှင်။

အားလုံးပဲ အဆင်ပြေကျန်းမာကြပါစေရှင်…။

Dr Cool
Telekyanmar

Ref : 📖 https:// www. mayoclinic. org / diseases-conditions/dry-eyes/symptoms-causes/syc-20371863

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here