ဒီတစ်ခါတော့….အားလုံးစိတ်ဝင်စားအောင်…
ဗမာလိုလေး အရင်ဦးဆုံး ဖော်ပြပေးလိုက်ပါတယ်ဗျို့ ????
ကွကိုယ်ဖတ်ကြည့်ပြီး….
ကိုယ့်ရဲ့ ညီအကိုမောင်နှမ တိုင်းရင်းသားအားလုံး ဗဟုသုတရရှိစေဖို့ ပြန်လည်မျှဝေ (share ပေးကြဖို့) မေတ္တာရပ်ခံ အကူအညီတောင်းပါတယ်နော် ????
ဒီတစ်ပတ်ရဲ့ တိုင်းရင်းသားဘာသာပြန် ကျန်းမာရေး ပညာပေးပိုစ့်လေးပါ….????
“ ပဋိဇီဝဆေးယဉ်ပါးမှု မဖြစ်ပွားစေရန် …” အကြောင်းလေး ရေးပေးထားပါတယ်။
..
..
အကျဥ်းချုပ်အားဖြင့်တော့….
ကျွန်တော်တို့တွေ နေ့စဉ် သတိမမူမိဘဲ မိမိကိုယ်မိမိ ရောဂါနာမည်တွေသတ်မှတ်ပြီး ပဋိဇီဝဆေးဝါးတွေကို (မလိုအပ်ဘဲ) မိမိသဘောနဲ့မိမိ သောက်သုံးမိနေတတ်ကြပါတယ်။
ဒီလိုလုပ်မိတဲ့ နောက်ဆက်တွဲအဖြစ် ပဋိဇီဝဆေးယဉ်ပါးမှုတွေ ဖြစ်ပွားပြီး အမှန်တကယ် ကုသဖို့လိုအပ်လာတဲ့အချိန်တွေမှာ ဆေးမတိုးတော့တာတွေ ဖြစ်လာတတ်ပါတယ်။
ဒီလို ဆေးယဉ်ပါးမှုတွေကြောင့် ရောဂါကုသရာမှာ အာနိသင်ပြင်းတဲ့ဆေးဝါးတွေကို အသုံးပြုရတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေလည်း ပိုပြီးခံရတတ်ပါတယ်။
ဒါ့ကြောင့် ပဋိဇီဝဆေးယဉ်ပါးမှု မဖြစ်ပွားစေဖို့အတွက် လိုက်နာရမယ့်အချက်လေးတွေကို သေချာရှင်းပြပေးထားတာပဲ ဖြစ်ပါတယ်။
…
….
ဆိုတော့ကာ…. ဒီအကြောင်းလေးဟာ
ကိုယ်ကိုယ်တိုင်သာမက ပြည်ထောင်စုဖွား တိုင်းရင်းသားတွေအားလုံးအတွက် အကျိုးရှိတဲ့ ကိစ္စလေးတစ်ခုဖြစ်တာကြောင့်
အခုပိုစ့်လေးကို….မိတ်ဆွေတွေထဲက တိုင်းရင်းသားတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်အောင် မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်…????
( ဗမာ ၊ ကချင် ၊ ကယား ၊ အရှေ့ပိုးကရင် ၊ အနောက်ပိုးကရင် ၊ စကောကရင် ၊ ချင်း ၊ မွန် ၊ ထားဝယ် ၊ ရခိုင် ၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ် )
( ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်… ???? )
Ministry of Health,
National Unity Government.